သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ Kerala ပြည်နယ် မိုးကြီးမြေပြို၊ လူ ၁၈ ဦးမက သေဆုံး


အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှာ မိုးကြီးပြီး မြေပြိုမှုဖြစ်ပြီးနောက် ကယ်ဆယ်ရေး ဆောင်ရွက်နေသူများ။ (အောက်တိုဘာ ၁၇၊ ၂၀၂၁)
အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှာ မိုးကြီးပြီး မြေပြိုမှုဖြစ်ပြီးနောက် ကယ်ဆယ်ရေး ဆောင်ရွက်နေသူများ။ (အောက်တိုဘာ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံ တောင်ပိုင်းက Kerala ပြည်နယ်မှာ မုတ်သုံမိုးဒဏ်ကြောင့် ဒေသတွင်း ကျေးရွာအများအပြားမှာ စနေနေ့က ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ရပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ဒေသတွင်း ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ အဆိုးဝါးဆုံးခံရတဲ့ ဒေသ ၂ ခုဖြစ်တဲ့ Kottayam နဲ့ Idukki အရပ်တွေမှာ တွေ့ရှိခဲ့တာပါ။ အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်နိုင်တဲ့အတွက် ကယ်ဆယ်ကူညီရေးအတွက် အိန္ဒိယနိုင်ငံ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ တပ်ဖွဲ့နဲ့ အိန္ဒိယစစ်တပ်တို့က ကူညီရေးအဖွဲ့တွေ စေလွှတ်ပေးနေပါတယ်။

စနေနေ့က မိုးသည်းထန်စွာ စတင်ရွာသွန်းချိန်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ဘတ်စ်ကားပေါ်ကို တက်ဖို့ ဒေသခံတွေက ရင်ခေါင်းလောက်ရှိတဲ့ ရေပြင်ကို ဖြတ်ပြီး လာနေတာကို ရုပ်သံတွေမှာ တွေ့နေရပါတယ်။

တနင်္ဂနွေနေ့မှာ မိုးနည်းပါးသွားပြီးဖြစ်ပေမယ့် အထူးသတိထားကြဖို့ ပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan က တိုက်တွန်းနေပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော် ထားပေးထားကြောင်းလည်း ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ သူဟာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြောဆိုခဲ့သလို အာဏာပိုင်တွေဟာ ကယ်ဆယ်ကူညီရေးအတွက် လုပ်ဆောင်နေကြကြောင်းနဲ့ ဒေသခံတွေ ဘေးကင်းဖို့ ဆုတောင်းပေးနေကြောင်း သူ့တွစ်တာကနေ ပြောပါတယ်။

၂၀၁၈ ခုနှစ်တုန်းကတော့ ဒီ Kerala ပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)

အိန်ဒိယ Kerala ပွညျနယျ မိုးကွီးမွပွေို၊ လူ ၁၈ ဦးမက သဆေုံး







XS
SM
MD
LG