(Zawgyi / Unicode)
အိႏိၵယႏိုင္ငံေျမာက္ပိုင္း၊ Firozabad ခ႐ိုင္မွာ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ေရာ ဖ်ားနာတာေၾကာင့္ပါ ကေလးငယ္ ၃၀ ေက်ာ္ အပါအဝင္ လူ ၅၀ ထက္မနည္း ေသဆံုးခဲ့တယ္လို႔ ဆရာဝန္ေတြက ေသာၾကာေန႔မွာ ေျပာပါတယ္။
အဲဒီခ႐ိုင္က ကေလးငယ္ေတြၾကားမွာ ျခင္နဲ႔ဆက္ႏႊယ္တဲ့ ေရာဂါေတြ ပ်ံ႕ႏွံ႔ျဖစ္ပြားေနသလို အျပင္းဖ်ားတာေတြလည္း ရွိေနတာပါ။
Firozabad ခ႐ိုင္ ေဆးဘက္ဆိုင္ရာ အရာရွိခ်ဳပ္ ေဒါက္တာ Dinesh Kumar Premi က "မေန႔က ညေနထိဆိုရင္ လူ ၅၀ ေသဆံုးခဲ့ပါၿပီ၊ အဲဒီထဲမွာ တခ်ဳိ႕က ေသြးလြန္တုပ္ေကြးေရာဂါ ခံစားခဲ့ရတယ္ဆုိတာ အတည္ျပဳထားၿပီး တခ်ဳိ႕ကေတာ့ အျပင္းဖ်ားတာေၾကာင့္ ေသဆံုးခဲ့တာပါ" လို႔ ေျပာပါတယ္။
ႂကြက္သားေတြ၊ အဆစ္အျမစ္ေတြ အျပင္းအထန္ နာက်င္ကိုက္ခဲတဲ့ေဝဒနာ ခံစားရတဲ့ ေသြးလြန္တုပ္ေကြးေရာဂါဟာ ေအးဒီးစ္ ျခင္က်ားကတဆင့္ ကူးစက္တာပါ။ ေအးဒီးစ္ျခင္က်ားဟာ အပူပိုင္းေဒသက ၿမိဳ႕ႀကီးေတြမွာ ေပါက္ဖြားေလ့ရွိပါတယ္။
ေသြးလြန္တုပ္ေကြးေရာဂါ ခံစားရသူ အမ်ားစုက ေရာဂါေပ်ာက္ကင္းၿပီး အသက္ေဘးက လြတ္တတ္ၾကေပမယ့္လည္း ႏွစ္စဥ္ ခန္႔မွန္းေျခ လူေပါင္း ၂၀,၀၀၀ ေလာက္ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ေသဆံုးရၿပီး အဲဒီထဲက အမ်ားအျပားဟာ ေရာဂါကို ခုခံႏိုင္စြမ္းမရွိတဲ့ ကေလးငယ္ေတြ ျဖစ္ၾကပါတယ္။
-----------------------
(Unicode)
အိန္ဒိယမြောက်ပိုင်းမှာ သွေးလွန်တုပ်ကွေးကြောင့် လူ ၅၀ ထက်မနည်း သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Firozabad ခရိုင်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့်ရော ဖျားနာတာကြောင့်ပါ ကလေးငယ် ၃၀ ကျော် အပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက သောကြာနေ့မှာ ပြောပါတယ်။
အဲဒီခရိုင်က ကလေးငယ်တွေကြားမှာ ခြင်နဲ့ဆက်နွှယ်တဲ့ ရောဂါတွေ ပျံ့နှံ့ဖြစ်ပွားနေသလို အပြင်းဖျားတာတွေလည်း ရှိနေတာပါ။
Firozabad ခရိုင် ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာ Dinesh Kumar Premi က "မနေ့က ညနေထိဆိုရင် လူ ၅၀ သေဆုံးခဲ့ပါပြီ၊ အဲဒီထဲမှာ တချို့က သွေးလွန်တုပ်ကွေးရောဂါ ခံစားခဲ့ရတယ်ဆိုတာ အတည်ပြုထားပြီး တချို့ကတော့ အပြင်းဖျားတာကြောင့် သေဆုံးခဲ့တာပါ" လို့ ပြောပါတယ်။
ကြွက်သားတွေ၊ အဆစ်အမြစ်တွေ အပြင်းအထန် နာကျင်ကိုက်ခဲတဲ့ဝေဒနာ ခံစားရတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ အေးဒီးစ် ခြင်ကျားကတဆင့် ကူးစက်တာပါ။ အေးဒီးစ်ခြင်ကျားဟာ အပူပိုင်းဒေသက မြို့ကြီးတွေမှာ ပေါက်ဖွားလေ့ရှိပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ခံစားရသူ အများစုက ရောဂါပျောက်ကင်းပြီး အသက်ဘေးက လွတ်တတ်ကြပေမယ့်လည်း နှစ်စဉ် ခန့်မှန်းခြေ လူပေါင်း ၂၀,၀၀၀ လောက် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးရပြီး အဲဒီထဲက အများအပြားဟာ ရောဂါကို ခုခံနိုင်စွမ်းမရှိတဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။