သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္ အိႏၵိယ အာသံနယ္ မူးယစ္ေဆး အျပင္းအထန္ႏွိမ္နင္းေန


အိႏိၵယ-ျမန္မာနယ္စပ္ဂိတ္တြင္ မီဇိုရမ္ ရဲတဦး ကင္းလွည့္ေနစဥ္ (ဓာတ္ပံု - AP)

(Zawgyi/Uncode)

ျမန္မာႏိုင္ငံနဲ႔ နယ္ခ်င္းထိစပ္ေနတဲ့ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္း အာသံျပည္နယ္မွာ တရားမဝင္ မူးယစ္ေဆး ကူးသန္းေရာင္းဝယ္မႈေတြကို ေမလကတည္းကစၿပီး အႀကီးအက်ယ္ ႏွိမ္နင္းလာခဲ့တာမွာ မူးယစ္ေဆးေတြ စံခ်ိန္က်ိဳးေလာက္ေအာင္ သိမ္းဆည္းရမိေနသလို လူေပါင္း ၂ ေထာင္နီးပါးကိုလည္း ဖမ္းဆီးခဲ့ပါတယ္။

၂၀၁၈ ကေန ၂၀၂၀ အတြင္း ျမန္မာႏိုင္ငံနယ္စပ္မွာ ဖမ္းဆီးမိတဲ့ မူးယစ္ေဆးဝါးနဲ႔ လက္နက္ေမွာင္ခိုကုန္သည္ေတြဟာ ပါကစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္ေတြမွ ာဖမ္းမိတာထက္ ပိုမ်ားေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာပဲ အိႏၵိယ ဒုတိယျပည္ထဲေရးဝန္ႀကီးက လႊတ္ေတာ္မွာ တင္ျပသြားပါတယ္။

ျမန္မာႏိုင္ငံဟာ အာရွတိုက္တြင္း ႐ူးသြပ္စိတ္ႂကြေဆး ရာဘ ဒါမွမဟုတ္ မက္သက္အမ္ဖက္တမင္းနဲ႔ ဘိန္းျဖဴေတြကို တရားမဝင္ထုတ္လုပ္တဲ့ အဓိကေဒသေတြထဲက တခုျဖစ္ေၾကာင္း ကုလ သမဂၢ မူးယစ္ေဆးဝါးနဲ႔ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) က ထုတ္ျပန္ထားပါတယ္။
အခု အိႏၵိယအေရွ႕ေျမာက္ပိုင္း မူးယစ္ေဆးကုန္ကူးမႈေတြဟာ မၾကာခင္ႏွစ္ေတြအတြင္း ဘဂၤလားေဒ့ရွ္မွာ မက္သ္အမ္ဖက္တမင္းေဆးေတြ ေမွာင္ခိုကုန္ကူးတဲ့ပုံစံမ်ိဳးျဖစ္ေနေၾကာင္း အာရွ ပစိဖိတ္ေဒသဆိုင္ရာ UNODC ဌာေနကိုယ္စားလွယ္ Jeremy Douglas က ေျပာပါတယ္။

အိႏၵိယအေရွ႕ေျမာက္ပိုင္းက လူဦးေရအထူထပ္ဆုံး ာသံျပည္နယ္ဟာ ဘိန္းျဖဴနဲ႔ မက္သ္အမ္ဖက္တမင္းလို မူးယစ္ေဆးေတြကို စုေဆာင္းသိုေလွာင္ထားတဲ့ေနရာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ မူးယစ္ေဆးေတြရဲ႕ ၅ ပုံ ၁ ပုံကို ေဒသတြင္းမွာ ေရာင္းခ်ၿပီး က်န္တာေတြကိုေတာ့ အိႏၵိယႏိုင္ငံရဲ႕ စီးပြါးေရးပိုေကာင္းတဲ့ ၿမိဳ႕ႀကီးေတြမွာ ေရာင္းခ်တယ္လို႔ ရဲတပ္ဖြဲ႕က ခန႔္မွန္းထားပါတယ္။

အာသံျပည္နယ္ဟာ မူးယစ္ေဆးဝါးေတြအစျပဳရာ ျမန္မာႏိုင္ငံနဲ႔ သြားလာရခက္ခဲတဲ့ လမ္းၾကာင္းေတြကေန တိုက္႐ိုက္ဝင္ထြက္ႏိုင္တဲ့ နယ္ခ်င္းထိစပ္ေနၿပီး အိႏၵိယႏိုင္ငံရဲ႕ က်န္တဲ့ျပည္နယ္ေတြနဲ႔ လည္း ဆက္စပ္ေနတာျဖစ္ပါတယ္။

ဒီမူးယစ္ေဆးတိုက္ဖ်က္ေရးလုပ္ငန္းအေပၚမွာ အာဏာရပါတီကေရာ အတိုက္အခံႏိုင္ငံေရးသမားေတြဘက္ကပါ ခ်ီးက်ဴးၾကေပမယ့္လည္း မူးယစ္ေဆးကုန္သည္ေတြလို႔ သံသယရွိသူေတြကို ပစ္ခတ္တာအပါအဝင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိေနတယ္ဆိုၿပီးေတာ့လည္း အေဝဖန္ခံေနရတာပါ။

တိုက္႐ိုက္ လင့္ခ္


................................................................................................

မြန်မာနယ်စပ် အိန္ဒိယ အာသံနယ် မူးယစ်ဆေး အပြင်းအထန်နှိမ်နင်းနေ

မြန်မာနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ တရားမဝင် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုတွေကို မေလကတည်းကစပြီး အကြီးအကျယ် နှိမ်နင်းလာခဲ့တာမှာ မူးယစ်ဆေးတွေ စံချိန်ကျိုးလောက်အောင် သိမ်းဆည်းရမိနေသလို လူပေါင်း ၂ ထောင်နီးပါးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၈ ကနေ ၂၀၂၀ အတွင်း မြန်မာနိုင်ငံနယ်စပ်မှာ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကုန်သည်တွေဟာ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှ ာဖမ်းမိတာထက် ပိုများကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ အိန္ဒိယ ဒုတိယပြည်ထဲရေးဝန်ကြီးက လွှတ်တော်မှာ တင်ပြသွားပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက်တွင်း ရူးသွပ်စိတ်ကြွဆေး ရာဘ ဒါမှမဟုတ် မက်သက်အမ်ဖက်တမင်းနဲ့ ဘိန်းဖြူတွေကို တရားမဝင်ထုတ်လုပ်တဲ့ အဓိကဒေသတွေထဲက တခုဖြစ်ကြောင်း ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားပါတယ်။
အခု အိန္ဒိယအရှေ့မြောက်ပိုင်း မူးယစ်ဆေးကုန်ကူးမှုတွေဟာ မကြာခင်နှစ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်မှာ မက်သ်အမ်ဖက်တမင်းဆေးတွေ မှောင်ခိုကုန်ကူးတဲ့ပုံစံမျိုးဖြစ်နေကြောင်း အာရှ ပစိဖိတ်ဒေသဆိုင်ရာ UNODC ဌာနေကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်းက လူဦးရေအထူထပ်ဆုံး ာသံပြည်နယ်ဟာ ဘိန်းဖြူနဲ့ မက်သ်အမ်ဖက်တမင်းလို မူးယစ်ဆေးတွေကို စုဆောင်းသိုလှောင်ထားတဲ့နေရာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မူးယစ်ဆေးတွေရဲ့ ၅ ပုံ ၁ ပုံကို ဒေသတွင်းမှာ ရောင်းချပြီး ကျန်တာတွေကိုတော့ အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးပိုကောင်းတဲ့ မြို့ကြီးတွေမှာ ရောင်းချတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

အာသံပြည်နယ်ဟာ မူးယစ်ဆေးဝါးတွေအစပြုရာ မြန်မာနိုင်ငံနဲ့ သွားလာရခက်ခဲတဲ့ လမ်းကြာင်းတွေကနေ တိုက်ရိုက်ဝင်ထွက်နိုင်တဲ့ နယ်ချင်းထိစပ်နေပြီး အိန္ဒိယနိုင်ငံရဲ့ ကျန်တဲ့ပြည်နယ်တွေနဲ့ လည်း ဆက်စပ်နေတာဖြစ်ပါတယ်။

ဒီမူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းအပေါ်မှာ အာဏာရပါတီကရော အတိုက်အခံနိုင်ငံရေးသမားတွေဘက်ကပါ ချီးကျူးကြပေမယ့်လည်း မူးယစ်ဆေးကုန်သည်တွေလို့ သံသယရှိသူတွေကို ပစ်ခတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီးတော့လည်း အဝေဖန်ခံနေရတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG