သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICWC ဆွေးနွေးပွဲ စစ်ကောင်စီဆန့်ကျင်အဖွဲ့တွေကိုဖိတ်ထား

မြန်မာ အိန္ဒိယ နယ်စပ်
မြန်မာ အိန္ဒိယ နယ်စပ်

ကမ္ဘာ့‌ရေးရာ အိန္ဒိယကောင်စီ ICWC တတ်သိပညာရှင်များအဖွဲ့က နိုဝင်ဘာကျင်းပမယ့် ဆွေးနွေးပွဲတခုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပါတယ်။

လက်နက်ကိုင်အဖွဲ့တခုခေါင်းဆောင်တယောက်နဲ့ ဒီအကြောင်း တိုက်ရိုက်သိတဲ့ နောက်ထပ် သတင်းဇစ်မြစ် ၂ ခုကိုအခြေခံပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချင်း၊ ကချင်နဲ့ ရခိုင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို နိုဝင်ဘာလလယ် New Delhi မြို့တော်မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ဖိတ်ကြားထားတယ်လို့ Bangkok Post သတင်းစာမှာ ကိုးကားဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို စစ်ကောင်စီကို တက်ရောက်ဖို့ ဖိတ်ကြားထားခြင်းရှိ၊ မရှိဆိုတာတော့ မသိရသေးဘူးလို့လည်း သတင်းမှာ ရေးထားပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ပါဝင်တဲ့ ICWC တတ်သိပညာရှင်များအဖွဲ့ဟာ အိန္ဒိယအစိုးရက ငွေကြေးပံ့ပိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် အနောက်နိုင်ငံတွေ ဝိုင်းကျဉ်ထားတဲ့ အချိန် မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားတဲ့ အိန္ဒိယအနေနဲ့ ဒီဖိတ်ကြားမှုဟာ ထူးခြားတဲ့ အပြောင်းအလဲ ခြေလှမ်းတခုအဖြစ် ထိုင်းနိုင်ငံထုတ် သတင်းစာမှာ ပြောထားပါတယ်။

ICWC ဆွေးနွေးပွဲ စစ်ကောင်စီဆန့်ကျင်အဖွဲ့တွေကိုဖိတ်ထား
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG