သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း စဖောက်တော့မည်


 Varaha Infra company မှ ကားလမ်းမ ဖောက်လုပ်စဉ် ( Varaha Infra )
Varaha Infra company မှ ကားလမ်းမ ဖောက်လုပ်စဉ် ( Varaha Infra )

အိန္ဒိယနိုင်ငံဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့နဲ့ ကားလမ်းဖောက်တဲ့ စီမံကိန်းကို စတင် အကောင်းအထည်ဖော်တော့မှာ ဖြစ်ပြီး အဲဒီကားလမ်းနဲ့ ယှဉ်ပြီး ရထားလမ်းပါ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

အရှေ့တောင်အာရှ ၄ နိုင်ငံ ကုန်းလမ်းကြောင်းကနေ အိန္ဒိယကို ဆက်သွယ်ပေးမယ့် ဒီ ကားလမ်းဖောက်ဖို့အတွက် ၄ လတာ လေလံ ခေါ်ပြီးတဲ့နောက် အိန္ဒိယအမျိုးသား အဝေးပြေးလမ်း အုပ်ချုပ်ရေးဌာန - NHAI က Punj Lloyd နဲ့ Varaha Infra ဆိုတဲ့ ဖက်စပ် ကုမ္ပဏီကို ပြီးခဲ့တဲ့သီတင်းပတ်က ကန်ထရိုက် ချပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ဖက်စပ်ကုမ္ပဏီအနေနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံကို ဆက်စပ်ပေးမယ့် ကလေးဝ-ယာဂီ ၂ လမ်းသွား အဝေးပြေးလမ်းကို ဖောက်ပေးမှာ ဖြစ်ပါတယ်။

ဒီ အဝေးကားလမ်းမကြီးဟာ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံအထိ ဖောက်မှာ ဖြစ်တဲ့အတွက် အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအကြား ဆက်သွယ်ပေးမယ့် ပေါင်းကူး လမ်းမကြီး ဖြစ်ပါတယ်။ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအကြားက ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံအထိ ရှိနေတာကြောင့် ဒါဟာ အိန္ဒိယရဲ့ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဘက် အုပ်စုဖြစ်ပါတယ်။

ကီလိုမီတာ ၁၂၀ ရှည်လျားတဲ့ ဒီ အဝေးပြေး လမ်းမကြီးအတွက် အိန္ဒိယက အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး အကုန်အကျခံ တည်ဆောက်မှာ ဖြစ်ပါတယ်။ အလားတူ ၁၃၂ ကီလိုမီတာ ရှည်လျားပြီး ချစ်ကြည်ရေး လမ်းမကြီးလို့ အမည်ပေးထားတဲ့ အဝေးပြေးလမ်းကို အိန္ဒိယက တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ တမူးနဲ့ ကလေးဝအကြားက တံတား ၆၉ ခုကို ပြန်လည် မွမ်းမံဖို့အတွက်လည်း တချိန်ထဲမှာ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

Punj-Veraha ဖက်စပ်ကုမ္ပဏီက ကန်ထရိုက်ကို လက်ခံလိုက်ပြီးရင်တော့ လမ်းဖောက်ရေးအတွက် လိုအပ်တဲ့ အနည်းဆုံး မြေနေရာ ၈၀% ရှိနေရေးအတွက် NHAI က တာဝန်ရှိသူတွေဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်အတွင်းက Zokhawthar နယ်စပ်ကတဆင့် အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံတို့ကို ချိတ်ဆက်ပေးမယ့် ချင်းပြည်နယ်အတွင်းက ရိ-တီးတိန် အဝေးလမ်းမကြီးကိုလည်း အိန္ဒိယအစိုးရက တည်ဆောက်နေပြီ ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း စဖောက်တော့မည်
please wait

No media source currently available

0:00 0:01:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG