သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ Omicron ကူးစက်သသ တရာကျော်ပြီ


An elderly woman reacts as a health worker inoculates her during a special vaccination drive for homeless and migrant workers against COVID-19 in New Delhi, India, Wednesday, Sept. 15, 2021.
An elderly woman reacts as a health worker inoculates her during a special vaccination drive for homeless and migrant workers against COVID-19 in New Delhi, India, Wednesday, Sept. 15, 2021.

အိန္ဒိယမှာ Omicron ကူးစက်သသ တရာကျော်ပြီ

{{Zawgyi/Unicode}}

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဗီဇပြောင်း Omicron ပိုးသစ် ကူးစက်သူပေါင်း ၁ဝ၁ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲတဦးက မနေ့ သောကြာနေ့က ပြောပါတယ်။

"စုစုပေါင်း ကိုဗစ်ကပ်ရောဂါဗီဇပြောင်း Omicron ပိုးသစ်ကူးစက်သူပေါင်း ၁ဝ၁ ဦးရှိပြီး ပြည်နယ်ပေါင်း ၁၁ ပြည်နယ်ကနေစစ်ဆေးတွေ့ရှိခဲ့တာပါ" ကျန်းမာရေးဝန်ကြီးဌာနက Lav Agarwal က ပြောသွားတာပါ။

တချို့ ခရိုင်တွေမှာ ဒီရာဂါပိုး ကူးစက်မှုတွေအများအပြား တွေ့နေရပေမယ့် Omicron ပိုးသစ်ကို ကာကွယ်ဆေးတွေက ထိထိရောက်ရောက် မကာကွယ်နိုင်ဘူးဆိုတဲ့ အထောက်အထားတော့ မတွေ့ရှိရသေးဘူးလို့လည်း သူကပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ လူဦးရေရဲ့ ၃၇ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးထားပြီးဖြစ်ပါတယ်။ ရှေ့လမှာ အရွယ်ရောက်သူပေါင်း ၉ ၃၉ သန်းလောက်ကို ကာကွယ်ဆေး ၂ကြိမ်ထိုးပေးနိုင်လိမ့်မယ်လို့ ရည်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ နဲ့မေလတွေအတွင်းက ကူးစက်မှုတွေ သေဆုံးမှုတွေ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်ပြီး ကျဆင်းလာခဲ့တာပါ။

မနေ့ သောကြာနေ့က ကိုဗစ်ကပ်ရောဂါ ကူးစက်သူပေါင်း ၇ ၄၄၇ ဦးတွေ့ရှိခဲ့ရတဲ့အတွက် အခုဆို စုစုပေါင်း ကူးစက်သူပေါင်းက ၃၄ သန်းကျော် နေပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမေရိကန် ပြည်ထောင်စုပြီးရင် အိန္ဒိယက ကူးစက်မှုဒုတိယအများဆုံးဖြစ်ပါတယ်။

..........................................

အိန်ဒိယမှာ Omicron ကူးစကျသသ တရာကြောျပွီ

{{Zawgyi/Unicode}}






XS
SM
MD
LG