သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာတ်နိမ့်တဦး အိန္ဒိယသမ္မတသစ် ဖြစ်လာဖို့ အလားအလာကောင်း


India နိုင်ငံသမ္မတရာထူးအတွက် လွှတ်တော်အမတ်တွေက တနင်္လာနေ့က မဲပေးခဲ့ကြတာမှာ ဇတ်နိမ့်တယောက်ဖြစ်တဲ့ Ram Nath Kovind အနိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။

သူဟာလက်ရှိအာဏာရ BJP ပါတီရဲ့ စိတ်ကြိုက်ရွေးထားသူလဲဖြစ်ပါတယ်။ India နိုင်ငံမှာ သမ္မတရာထူးဟာ ရုပ်ပြသာဖြစ်ပြီး ဝန်ကြီးချုပ်ကသာ လုပ်ပိုင်ခွင့်အာဏာတွေ ပိုရှိပါတယ်။ ဒါပေမဲ့ ၂၀၁၉ အထွေထွေရွေးကောက်ပွဲကျရင် ဒါလစ်နွယ်ဝင် ဇတ်နိမ့်တွေရဲ့ မဲရအောင်ကြိုးပမ်းတဲ့အနေနဲ့ အသက် ၇၁ နှစ်အရွယ် Kovind ကို ဝန်ကြီးချုပ် Narendra Modi ရဲ့ပါတီက ရွေးချယ်တယ်လို့ မြင်နိုင်ပါတယ်။

Kovind ဟာ ဆင်းရဲသားတွေ၊ ဖိနှိပ်ခံနေရသူတွေ၊ လူ့အသိုင်းအဝိုင်းက ဘေးဖယ်ခံထားရသူတွေကို အခိုင်အမာကိုယ်စားပြုမယ့်သူဖြစ်တယ်လို့ လွှတ်တော်မှာ ပထမဆုံးမဲထည့်ခဲ့တဲ့ ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ ကြိမ်ရွေးချယ်ခံခဲ့ရပြီး ဘီဟာပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ Kovind ဟာ Hindu အမျိုးသားရေးဝါဒီအဖွဲ့နဲ့လည်း ဆက်နွယ်နေပါတယ်။

သမ္မတလောင်း Meira Kumar နဲ့ပြိုင်ဆိုင်ရပေမဲ့ Kovind ဟာရှေ့ပြေးနေပြီး သမ္မတရွေးချယ်ခွင့်ရှိတဲ့ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။ အရင်သမ္မတဟောင်းတွေလို နိုင်ငံရေးမှာ ဝါရင့်တယောက်မဟုတ်တဲ့ Ram Nath Kovind ကို သမ္မတလောင်းအဖြစ်ရွေးချယ်တဲ့အပေါ် အံအားသင့်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံထဲက ဇတ်နိမ့်တွေကို ကိုယ်စားပြုမယ့်သူအဖြစ် အကြိမ်ကြိမ်ထောက်ပြနေတဲ့ BJP ပါတီရဲ့ ပါးနပ်တဲ့ရွေးချယ်မှုအဖြစ် အများက မြင်နေကြပါတယ်။ သမ္မတရွေးချယ်ပွဲ မဲရလာဒ်တွေကို ဇူလိုင် ၂၀ ကြာသာပတေးနေ့ မှာ သိရမယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG