သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာသံခွဲထွက်ရေး သူပုန်ခေါင်းဆောင်တစ်ဦး လက်နက်ချ


အိန္ဒိယနိုင်ငံ Kakopathar မြို့မှာ တွေ့ရတဲ့ အာသံ လွတ်မြောက်ရေးတပ်ဦး (ULFA) အဖွဲ့။ (ဧပြီ ၀၇၊ ၂၀၁၁)
အိန္ဒိယနိုင်ငံ Kakopathar မြို့မှာ တွေ့ရတဲ့ အာသံ လွတ်မြောက်ရေးတပ်ဦး (ULFA) အဖွဲ့။ (ဧပြီ ၀၇၊ ၂၀၁၁)

[Zawgyi/Unicode]

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ လှုပ်ရှားနေတဲ့ အိန္ဒိယ လက်နက်ကိုင် သူပုန် ခေါင်းဆောင် တစ်ဦးနဲ့ အပေါင်းပါ ၄ ဦးတို့ အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ လက်နက်ချတယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။ အခုအခါ အိန္ဒိယ စစ်တပ်က ထိန်းသိမ်းထားတဲ့ Drishti Rajkhowa ဟာ ညီညွတ်သော အာသံ လွတ်မြောက်ရေးတပ်ဦး (ULFA) ရဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ အဲဒီ ULFA အဖွဲ့ကို Paresh Baruah က ဦးဆောင်ပြီး အိန္ဒိယ နိုင်ငံကနေ ခွဲထွက်ပြီးတော့ လွတ်လပ်ရေးရဖို့ လက်နက်ကိုင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Arabinda Rajkhowa ဦးဆောင်တဲ့ ULFA ရဲ့ အဖွဲ့ခွဲ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ကတော့ ၂၀၁၁ ခုနှစ်ကတည်းက အိန္ဒိယ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေနွေးနေတာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ဝေးလံ ခေါင်းဖျားတဲ့ အရှေ့မြောက်ပိုင်းဒေသမှာ အိန္ဒိယ စစ်တပ်နဲ့ ဒါဇင်နဲ့ချီတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ခိုက်နေကြတာပါ။ အဲဒီအဖွဲ့တွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့် မြင့်မြင့်မားမား ရဖို့ကနေ လွတ်လပ်ရေး ရယူဖို့ အထိ သီးခြားစီ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီ လတုန်းကတော့ အိန္ဒိယ အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို တုံ့ပြန်တဲ့ အနေနဲ့ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က သောင်းကျန်းသူ အယောက် ၆၀၀ ကျော်ဟာ အာသံပြည်နယ် အိန္ဒိယ အာဏာပိုင်တွေဆီမှာ လက်နက်ချခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG