သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီကာဗိုင်းရပ်ကူးစက်ခံရသူ သုံးဦး အိန္ဒိယမှာ တွေ့ရှိ


ဇီကာဗိုင်းရပ်ကာကွယ်ရေးအနေနဲ့ ခြင်ဆေးများဖြန်းနေစဉ်
ဇီကာဗိုင်းရပ်ကာကွယ်ရေးအနေနဲ့ ခြင်ဆေးများဖြန်းနေစဉ်

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးကို ပထမဆုံး တွေ့ရှိထားတယ်လို့ အိန္ဒိယ နိုင်ငံက ပြောဆိုပါတယ်။

ကျန်းမာတဲ့ ကလေးတွေ မွေးဖွားခဲ့တဲ့ ကိုယ်ဝန်ဆောင် မိခင် ၂ ဦးလည်း အပါအဝင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးကို အနောက် ဂူဂျရတ် ပြည်နယ်ကနေ တွေ့ရှိခဲ့ရတာလို့ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီကနေ့ ပြောဆိုတာပါ။

မစိုးရိမ်ကြဖို့တော့ ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးကို အိန္ဒိယဘက်က ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးနဲ့ ပတ်သက်ပြီး မေလ ၁၅ ရက်က အကြောင်းကြားခဲ့တယ်လို့လည်း WHO က ကြေညာချက် ထုတ်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဦးကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနဲ့ နိုဝင်ဘာလ အတွင်း တွေ့ခဲ့ရပြီး ဒီနှစ် ဇန်နဝါရီလမှာ တွေ့ခဲ့ရတာပါ။

ကူးစက်ခံထားရသူ သုံးဦးစလုံးက ပြည်ပ ခရီးသွားခဲ့ကြသူတွေ မဟုတ်ဘူးလို့ အိန္ဒိယ ဆေးသုတေသန ကောင်စီ အကြီးအကဲ Sawminnatham က ပြောပါတယ်။ လူဦးရေ ၂ ဒသမ ၆ ဘီလီယံ ရှိနေတဲ့ အာရှနဲ့ အာဖရိက ဒေသတွင်း ကူးလူးဆက်ဆံမှု၊ ရာသီဥတုနဲ့ ခြင်မျိုးစိတ်တွေပေါ် မူတည်ပြီး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမယ့် အန္တရာယ် ရှိနေတယ်လို့လည်း Lancet ဆေးပညာ ဂျာနယ်မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG