သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမြောက်ပိုင်းလှိုင်ခေါင်းတခုထဲ ပိတ်မိသူအားလုံး ကယ်ထုတ်နိုင်ပြီ


Uttarkashi မှာ လှိုဏ်ခေါင်းပြိုကျပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်နေသူများ။ (
Uttarkashi မှာ လှိုဏ်ခေါင်းပြိုကျပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်နေသူများ။ (

အိန္ဒိယနိုင်ငံမြောက်ပိုင်းက တောင်ပေါ် အဝေးပြေးလမ်းကလှိုင်ခေါင်းထဲမှာ မြေပြိုပြီး နှစ်ပတ်ကျော် ပိတ်မိနေခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သား ၄၁ ယောက်ကို အင်္ဂါနေ့က အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဥတာကာရှီမြို့ (Uttarkashi) က ဆစ်ကြာရ (Silkyara) လှိုဏ်ခေါင်းမှာ ၁၇ ရက်ကြာ ပိတ်မိနေခဲ့တဲ့ အလုပ်သမားတွေကို ကယ်တင်ပြီးတဲ့နောက် လုံးဝ စိတ်သက်သာပျော်ရွှင်ခဲ့ပါတယ်လို့ သယ်ယူပို့ဆောင်ရေးနဲ့ အဝေးပြေးလမ်းများ ဝန်ကြီးဌာန ဝန်ကြီး နီတင် ဂတ်ကာရီ (Nitin Gadkari) က X လူမှု စာမျက်နှာမှာ တင်ထားတဲ့ ဗွီဒီယိုမှာ ပြောပါတယ်။ ဒါက ဌာနပေါင်းစုံ ညှိနှိုင်းပေါင်းစပ် အားထုတ်မှုတရပ်ဖြစ်ပါတယ်။

မကြာမီနှစ်များအတွင်း ဆောင်ရွက်ခဲ့ကြတဲ့ အရေးကြီးကယ်ဆယ်ရေးလုပ်ငန်းတွေထဲက လုပ်ငန်းတရပ် ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။ တည်ဆောက်ဆဲလှိုဏ်ခေါင်းက ၂.၈ မိုင် ရှည်လျားပြီး အဝင်က ပေ ၆၅၀ လောက် နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ ပြိုကျပိတ်မိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပြိုကျစဥ်က ဘယ်သူမှ ထိခိုက်တာ မရှိခဲ့ကြပါဘူး။ ဖြစ်ကတည်းက ပိုက်လိုင်းငယ်တွေသွင်းပြီး ပိတ်မိနေကြသူတွေ ဆီကို အစားအစာ၊ ရေနဲ့ အောက်ဆီဂျင်တို့ကို အပြင်ကနေ ပို့ပေးနိုင်ခဲ့တာကြောင့် သူတို့အားလုံး ကျန်းကျန်းမာမာနဲ့ ပြန်ထွက်လာနိုင်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၁၅၄ ပေလောက် အလျားလိုက်တူးပြီး သောကြာနေ့ တူးစက်တွေပျက်သွားတဲ့အခါမှာတော့ ကျန်တဲ့ ပေ ၃၀ ကျော် ၄၀ ကို ကယ်ဆယ်သူတွေက လက်နဲ့ တူးခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG