သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အဆက်အနွယ် ၃ ဦး အင်ဒိုနီးရှားမှာ ဖမ်းဆီး


Jakarta မြိုု့ရှိ အင်ဒိုနီးရှားမူစလင်တွေ ရာမာဒန်ဥပုသ်လ စတင်
Jakarta မြိုု့ရှိ အင်ဒိုနီးရှားမူစလင်တွေ ရာမာဒန်ဥပုသ်လ စတင်

မူစလင်တွေရဲ့ Ramadan ဘာသာရေး အထွဋ်အမြတ်ထားတဲ့ လအတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ကြီးမှာ တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်နေသူ ၃ ဦးကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

သူတို့ကို ဂျာဗားကျွန်းမကြီးပေါ်က Surabaya မှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ဆီက ဗုံးတွေ၊ လက်နက်တွေအပြင် အသေခံ ဖေါက်ခွဲ တိုက်ခိုက်ရာမှာ ဝတ်ဆင်တဲ့ အင်္ကျ ီတွေကို သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ Boy Rafli Amar က ပြောပါတယ်။

အိုင်အက်စ် အဖွဲ့ရဲ့ သွန်သင်မှု ခံယူခဲ့တဲ့ ဒီအမျိုးသား ၃ ဦးဟာ လူတွေဟာ လူအများ စုဝေးရာနေရာတွေနဲ့ အစိုးရ အဆောက်အဦးတွေကို လာမယ့် သီတင်းပါတ်တွေ အတွင်းမှာပဲ တိုက်ခိုက်ဖို့ စီစဉ်နေကြတယ်လို့လည်း Amar က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်မှာ ဇန်နဝါရီလတုန်းက စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ခိုက်သူ ၄ ဦးအပါအဝင် လူ ၈ ဦး သေဆုံးခဲ့ရတဲ့ အချိန်ကစပြီး လုံခြုံရေး သတိထားဖို့ အဆင့် မြှင့် တပ်လှန့်ထားတာပါ။

အဲဒီတိုက်ခိုက်မှုအတွက် သူတို့လုပ်ဆောင်တာလို့ အိုင်အက်စ် စစ်သွေးကြွတွေက ကြေညာခဲ့ပြီး ဒါဟာ အရှေ့တောင် အာရှဒေသမှာ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်နွယ်နေတဲ့ ပထမဦးဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG