သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ ဆန်ဈေးတွေ အဆမတန် တက်


ထိုင်းကတင်သွင်းလာတဲ့ ဆန်တွေကို အင်ဒိုနီးရှားနိုင်ငံဆိပ်ကမ်းတခုမှာ ကုန်ချနေစဉ် (မတ် ၁၊ ၂၀၂၄)
ထိုင်းကတင်သွင်းလာတဲ့ ဆန်တွေကို အင်ဒိုနီးရှားနိုင်ငံဆိပ်ကမ်းတခုမှာ ကုန်ချနေစဉ် (မတ် ၁၊ ၂၀၂၄)

မကြာသေးခင် လပိုင်းတွေအတွင်း ဆန်ဈေးတွေ အဆမတန် တက်သွားခဲ့တဲ့အတွက် လူတွေ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီလထဲ ရာမာဒါန် ဥပုဒ်လ မတိုင်ခင် ဈေးကွက်ပြန်လည် ထိန်းချုပ်နိုင်တဲ့အခြေအနေ ရောက်မယ်လို့ မျှော်လင့်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ဆန်နဲ့ စားသောက်ကုန် ရောင်းဝယ် ဖြန့်ဖြူးရေး ကုမ္ပဏီကြီးဖြစ်တဲ့ Bulog က ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စတဲ့ ဆန်တင်ပို့တဲ့ နိုင်ငံတွေကို ချဉ်းကပ်ပြီး ဆန်တန်ချိန် ၁ သန်း၊ ၂သိန်း မှာယူဖို့ ကတိကဝတ် ရယူထားတဲ့အကြောင်း Bulog ကုမ္ပဏီ အကြီးအကဲ Bayu Krisnamurthi က ပြောတာပါ။ လူဦးရေ သန်း ၂၇၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဆန်က အဓိက အစားအစာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကနဲ့စာရင် ဆန်ဈေး ၁၆ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က El Nino ရာသီဥတုကြောင့် မိုးနည်းတာနဲ့ ငွေကြေး ဖောင်းပွမှု ပြဿနာတွေကြောင့် ဆန်ထွက်နှုန်း ကျဆင်းခဲ့သလို စပါးဈေးတွေ တက်ခဲ့ပါတယ်။ အခုတော့ နေရာတချို့မှာ စပါးရိတ်သိမ်း ရာသီစပြီ ဖြစ်တာကြောင့် အဓိက ဈေးကွက်ထဲကို ဆန်တွေ စပြီး ဝင်ရောက် လာပြီလို့လည်း Bulog ကမ္ပဏီ အကြီးအကဲက ပြောပါတယ်။

အင်ဒိုနီးရှားမှာ ဆန်ဈေးတွေ အဆမတန် တက်
please wait

No media source currently available

0:00 0:00:30 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG