အင္ဒိုနီးရွားငလ်င္ ေသဆုံးသူ ၁၆၀ ေက်ာ္ရွိ
{{Zawgyi/Unicode}}
အင္ဒုိနီးရွားႏိုင္ငံက ဂ်ာဗားကၽြန္းမႀကီးမွာ တနလၤာေန႔က ျပင္းထန္တဲ့ ငလ်င္လႈပ္ခတ္ခဲ့တဲအတြက္ လူ ၁၆၂ ဦး ေသဆုံးၿပီး ရာနဲ႔ခ်ီ ဒဏ္ရာေတြ ရရွိၾကပါတယ္။ ငလ်င္ေၾကာင့္ ဒါဇင္နဲ႔ခ်ီရွိၾကတဲ့ အေဆာက္အအုံေတြ ၿပိဳက်ပ်က္စီးကုန္တယ္လို႔ အမ်ဳိးသား သဘာဝေဘး အႏၱရာယ္ ေလ်ာ့က်ေရး NDMA ရဲ႕ အႀကီးအကဲ က ေျပာပါတယ္။
"အိုးအိမ္ေတြ ပ်က္စီးကုန္တဲ့အတြက္ေၾကာင့္ လူေပါင္း ၁ ေသာင္း ၃ ေထာင္ ေက်ာ္ကို ကယ္ဆယ္ေရးစင္တာ ေတြရွိရာကို ပို႔ေဆာင္ေပးေနတယ္။" လို႔ ဂ်ာဗာကြ်န္း အုပ္ခ်ဳပ္ေရးမွဴး Ridwan Kamil က ေျပာသြားတာပါ။
ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ Cianjur ၿမိဳ႕မွာဆုိရင္ ရာနဲ႔ခ်ီတဲ့ ဒဏ္ရာရရွိၾကသူေတြဟာ လမ္းေတြေပၚ ေျပးထြက္လာၾကၿပီး တခ်ဳိ႕ဟာဆိုရင္ ေသြးအလိမ္းလိမ္း နဲ႔ အပ်က္အစီး အပိုင္းအစေတြ ေပက်ံေနတာ ေတြ႕ရပါတယ္။ အစၥလာမ္ဘာသာေရး စာသင္ေက်ာင္း အမ်ားအျပားရွိတဲ့ အဲဒီၿမိဳ႕မွာ ေက်ာင္းသားေလးေတြ ပုံမွန္စာသင္ခ်ိန္ ၿပီးဆုံးတာ၊ ဒါမွမဟုတ္ အခ်ိန္ပို သင္ၾကားေနတဲ့အခ်ိန္ျဖစ္တဲ့အတြက္ေၾကာင့္ ေသဆုံးသူေတြထဲမွာ ကေလးေတြက အမ်ားဆုံးျဖစ္ပါတယ္။
Cianjur ၿမိဳ႕ကို ဗဟိုျပဳလႈပ္ခတ္ခဲ့တဲ့ ငလ်င္ဟာ ျပင္းအား ၅ ဒသမ ၆ ရွိတယ္လို႔ အေမရိကန္ ဘူမိ ငလွ်င္တိုင္းတာေရး USGS က ထုတ္ျပန္ထားပါတယ္။ အဲဒီၿမိဳ႕နဲ႔ မိုင္ ၇ဝ ေဝးကြာတဲ့ ဂ်ကာတာၿမိဳ႕ေတာ္ မွာေတာင္မွ ႐ိုက္ခတ္မႈေတြ ျဖစ္ၿပီး တခ်ုိ႕ အထပ္ျမင့္ အေဆာက္အအုံေတြ က လူေတြကို ေဘးလြတ္ရာကို ေရွာင္ခိုင္းရပါတယ္။
အဲဒီၿမိဳ႕က ပ်က္စီးသြားတာေတြထဲမွာဆိုရင္ အစၥလန္မစ္ စာသင္ ေဘာဒါေဆာင္ေတြ၊ ေဆးရုံတရုံ နဲ႔ အမ်ားျပည္သူဆိုင္ရာ အေဆာက္အအုံေတြပါဝင္ၿပီး လွ်ပ္စစ္ဓါတ္အားလိုင္းေတြ ျပတ္ေတာက္ကုန္ပါတယ္။ လူဦးေရ သန္းေပါင္း ၂၇ဝ ရွိတဲ့ အင္ဒိုနီးရွားႏိုင္ငံဟာ မၾကာခဏ မီးေတာက္ေပါက္ကြဲတာ၊ ဆူနာမီေရလိႈင္း ရိုက္ခတ္တာ နဲ႔ ငလွ်င္လႈပ္တာေတြ ႀကံဳရေလ့ရွိပါတယ္။
................................................
အင်ဒိုနီးရှားငလျင် သေဆုံးသူ ၁၆၀ ကျော်ရှိ
{{Zawgyi/Unicode}}
အင်ဒိုနီးရှားနိုင်ငံက ဂျာဗားကျွန်းမကြီးမှာ တနင်္လာနေ့က ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တဲအတွက် လူ ၁၆၂ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာတွေ ရရှိကြပါတယ်။ ငလျင်ကြောင့် ဒါဇင်နဲ့ချီရှိကြတဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးကုန်တယ်လို့ အမျိုးသား သဘာဝဘေး အန္တရာယ် လျော့ကျရေး NDMA ရဲ့ အကြီးအကဲ က ပြောပါတယ်။
"အိုးအိမ်တွေ ပျက်စီးကုန်တဲ့အတွက်ကြောင့် လူပေါင်း ၁ သောင်း ၃ ထောင် ကျော်ကို ကယ်ဆယ်ရေးစင်တာ တွေရှိရာကို ပို့ဆောင်ပေးနေတယ်။" လို့ ဂျာဗာကျွန်း အုပ်ချုပ်ရေးမှူး Ridwan Kamil က ပြောသွားတာပါ။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ Cianjur မြို့မှာဆိုရင် ရာနဲ့ချီတဲ့ ဒဏ်ရာရရှိကြသူတွေဟာ လမ်းတွေပေါ် ပြေးထွက်လာကြပြီး တချို့ဟာဆိုရင် သွေးအလိမ်းလိမ်း နဲ့ အပျက်အစီး အပိုင်းအစတွေ ပေကျံနေတာ တွေ့ရပါတယ်။ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း အများအပြားရှိတဲ့ အဲဒီမြို့မှာ ကျောင်းသားလေးတွေ ပုံမှန်စာသင်ချိန် ပြီးဆုံးတာ၊ ဒါမှမဟုတ် အချိန်ပို သင်ကြားနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် သေဆုံးသူတွေထဲမှာ ကလေးတွေက အများဆုံးဖြစ်ပါတယ်။
Cianjur မြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၅ ဒသမ ၆ ရှိတယ်လို့ အမေရိကန် ဘူမိ ငလျှင်တိုင်းတာရေး USGS က ထုတ်ပြန်ထားပါတယ်။ အဲဒီမြို့နဲ့ မိုင် ၇ဝ ဝေးကွာတဲ့ ဂျကာတာမြို့တော် မှာတောင်မှ ရိုက်ခတ်မှုတွေ ဖြစ်ပြီး တချို့ အထပ်မြင့် အဆောက်အအုံတွေ က လူတွေကို ဘေးလွတ်ရာကို ရှောင်ခိုင်းရပါတယ်။
အဲဒီမြို့က ပျက်စီးသွားတာတွေထဲမှာဆိုရင် အစ္စလန်မစ် စာသင် ဘောဒါဆောင်တွေ၊ ဆေးရုံတရုံ နဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေပါဝင်ပြီး လျှပ်စစ်ဓါတ်အားလိုင်းတွေ ပြတ်တောက်ကုန်ပါတယ်။ လူဦးရေ သန်းပေါင်း ၂၇ဝ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မကြာခဏ မီးတောက်ပေါက်ကွဲတာ၊ ဆူနာမီရေလှိုင်း ရိုက်ခတ်တာ နဲ့ ငလျှင်လှုပ်တာတွေ ကြုံရလေ့ရှိပါတယ်။