သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၂၆၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းကရောက်ရှိ


အာချေးပြည်နယ်အရှေ့ဘက် Kuala Seumilang Alue Bu ကမ်းခြေကို ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာများကို စာရင်းကောက်ယူနေစဉ် (ဇန်နဝါရီ ၆၊ ၂၀၂၅)
အာချေးပြည်နယ်အရှေ့ဘက် Kuala Seumilang Alue Bu ကမ်းခြေကို ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာများကို စာရင်းကောက်ယူနေစဉ် (ဇန်နဝါရီ ၆၊ ၂၀၂၅)

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရေကြောင်းကနေ ရိုဟင်ဂျာ ၂၆၀ လောက် ဒီသီတင်းပတ်ကုန်မှာ ရောက်ရှိလာကြောင်း ဒေသခံအာဏာပိုင်တွေ ဒီကနေ့ပဲ အတည်ပြုပြောဆိုလိုက်ပါတယ်။

ခန့်မှန်းခြေ ရိုဟင်ဂျာ ၂၆၄ ယောက် လိုက်ပါလာတဲ့ စက်လှေ ၂ စီး ဇန်နဝါရီလ ၅ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီလောက်မှာ ရောက်လာတဲ့ သတင်းလက်ခံရရှိခဲ့ပြီး၊ လတ်တလောမှာ ရောက်လာသူ အရေအတွက် အတိအကျ သိရအောင် စစ်ဆေးနေကြောင်း Langsa မြို့က ထောက်လှမ်းရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ Muhammad Haekal က ပြောသွားတာပါ။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကလည်း ဒေသခံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ရိုဟင်ဂျာတွေရှိရာကို ဒီကနေ့ပဲ သွားရောက်နေကြောင်း ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံကို ရေကြောင်းက ရောက်လာတဲ့ ရိုဟင်ဂျာ ၅၀၀ ကျော် ရှိခဲ့တာပါ။ UNHCR ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်ထဲ အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ၂၀၀၀ ကျော် ရှိခဲ့ပါတယ်။

ရိုဟင်ဂျာ ၂၆၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းကရောက်ရှိ
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG