သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးရိုဟင်ဂျာ ၁၄၀ ကျော် အင်ဒိုနီးရှားကယ်ဆယ်


အင်ဒိုနီးရှားနိုင်ငံကမ်းခြေတွေကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အာဏာပိုင်တွေက ကယ်ဆယ်ထားပြီး ယာယီစခန်းမှာတွေ့ရစဉ် (အောက်တိုဘာ ၂၄၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံကမ်းခြေတွေကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အာဏာပိုင်တွေက ကယ်ဆယ်ထားပြီး ယာယီစခန်းမှာတွေ့ရစဉ် (အောက်တိုဘာ ၂၄၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်းကို လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄၆ ယောက်ကို အင်ဒိုနီးရှားအာဏာပိုင်တွေ ဒီနေ့ ကယ်ဆယ်ခဲ့ပါတယ်။ ကမ်းခြေမှာ သောင်တင်နေကြတဲ့ ရိုဟင်ဂျာတွေအတွက် ယာယီတည်းခိုတဲ့နေရာတွေမှာ နေရာထိုင်ခင်း စီစဉ်ပေးထားတယ်လို့ Pantai Labu ခရိုင်တာဝန်ရှိသူက အခုလို ပြောပြပါတယ်။

“မနက် လေးနာရီ ငါးနာရီလောက်က ကမ်းခြေမှာသောင်တင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ခဲ့တဲ့အကြောင်းနဲ့ သူတို့ကို Pantai Labu ခရိုင်ခွဲရုံးကို ခေါ်လာတဲ့အကြောင်း၊ ဒေသခံတွေက လက်မခံချင်ပေမဲ့ လိုအပ်တာတွေ ဆောင်ရွက်ပေးနေတဲ့အကြောင်း” Pantai Labu ခရိုင်ခွဲ အုပ်ချုပ်ရေးဌာတာဝန်ရှိသူ တဦးဖြစ်တဲ့ Muhammad Azizur Rahman က ပြောဆိုခဲ့ပါတယ်။

အာချေးကမ်းရိုးတန်းမှာ ဒေသခံတွေ ကမ်းကပ်ခွင့်မပေးလို့ တပတ်ကြာ လှေနဲ့မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော်ကိုလည်း ဒီနေ့ တနေ့တည်းမှာပဲ အင်ဒိုနီးရှား အာဏာပိုင်တွေက ကယ်ဆယ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ကြာသာပတေးနေ့က အာချေးကမ်းရိုးတန်းမှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို ဒေသခံ လှေသမားတွေက ရှာတွေ့ခဲ့တာပါ။ သူတို့က အစာရေစာပြတ်လတ်နေကြပြီး လှေပေါ် ပါလာတဲ့ ကလေးတွေက ရေနဲ့ အစားအသောက် တောင်းတဲ့အတွက် ပေါင်မုန့်နဲ့ ရေတွေ ပို့ပေးခဲ့တဲ့အကြောင်း အာချေးဒေသခံ ငါးဖမ်းသမားတွေကပြောပါတယ်။

ဒါပေမဲ့ ဒေသခံတွေက ကမ်းကပ်ခွင့် မပေးတဲ့အတွက် ကမ်းရိုးတန်းနဲ့ လေးမိုင်အကွာမှာ လှေကို ကျောက်ချထားပြီး တပတ်ကြာ လှေပေါ်မှာ နေခဲ့ကြရတာပါ။ စက်လှေပေါ်မှာ ပါတဲ့ ဒုက္ခသည် ၂ ဦးသေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးအပါအဝင် ၁၁ ဦးကို ဒေသဆေးရုံကို ပို့ထားပါတယ်။ အခုတော့ အားလုံးကို ယာယီတည်းခိုစခန်းကိုပို့ပြီး ကျန်းမာရေးစစ်ဆေးနေတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

လှေစီးပြေးရိုဟင်ဂျာ ၁၄၀ ကျော် အင်ဒိုနီးရှားကယ်ဆယ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG