သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးရိုဟင်ဂျာ (၁၅၀) ကျော် အင်ဒိုနီးရှားကိုရောက်ရှိ


အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲသောင်တင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသခံကယ်ဆယ်ရေးဝန်ထမ်းတွေက ကုန်းမြေပေါ်ကိုနေရာရွှေ့ပြောင်းပေးနေစဥ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲသောင်တင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသခံကယ်ဆယ်ရေးဝန်ထမ်းတွေက ကုန်းမြေပေါ်ကိုနေရာရွှေ့ပြောင်းပေးနေစဥ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၄)

အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၁၅၀ ကျော်တင်ဆောင်လာတဲ့ စက်လှေ တစင်း အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်ကို ရောက်ရှိလာခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာ ပိုင်တွေက ပြောပါတယ်။ အဲဒီ ရိုဟင်ဂျာတွေကို ယာယီခိုလှုံရေးစခန်းမှာ စုပြီးတော့ နေရာချထား ပေးပြီး ဒေသခံတွေကတော့ ရိုဟင်ဂျာတွေရောက်လာတဲ့အပေါ်မှာ မကျေမနပ် ဒေါသထွက်နေကြ ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်ကို စက်လှေတွေနဲ့ ဖြတ်ကူးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၅၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းက မြောက်ဆူမားတြားပြည်နယ် Pantai Labu မြို့ကို ဒီနေ့မနက်ပိုင်းက ရောက်ရှိလာခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ အဲဒီစက်လှေမှာ အမျိုးသား ၆၄ ယောက်၊ အမျိုးသမီး ၆၂ ယောက်နဲ့ ကလေးငယ် ၂၀ ပါဝင်တယ်လို့ Pantai Labu မြို့က ရဲတပ်ဖွဲ့အကြီးအကဲ Sujarwo က ပြောပါတယ်။

လှေစီးပြေးရိုဟင်ဂျာ (၁၅၀) ကျော် အင်ဒိုနီးရှားကိုရောက်ရှိ
please wait

No media source currently available

0:00 0:03:08 0:00

“Labu ကမ်းခြေမှာ ကျနော်တို့တွေ့တဲ့ ရိုဟင်ဂျာစုစုပေါင်းက ၁၅၂ ယောက် ဖြစ်ပါတယ်။ ပထမတော့ ကျနော်တို့ ၁၄၆ ယောက်ပဲတွေ့ခဲ့ပြီး နောက်ပိုင်းကျမှာ နောက်ထပ် ၆ ယောက်ကို ကမ်းခြေမှာ ထပ်တွေ့ တာ ဖြစ်ပါတယ်။ အဲဒီလူတွေကိုတော့ အခုအခါမှာ ခရိုင်ရုံးကိုခိုလှုံဖို့အတွက် နေရာရွှေ့ပေးထားပါ တယ်။”

ကလေးတွေအပါအဝင် ဒုက္ခသည်အတော်များများဟာ ဆာလောင်နေကြပြီး အဝတ်အထည်တွေလည်း လိုအပ်နေတာကြောင့် အာဏာပိုင်တွေက အစားအစာတွေနဲ့အဝတ်အထည်တွေ ပေးခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ အခုလို ရိုဟင်ဂျာဒုက္ခသည်အများအပြား အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့အပေါ်မှာ ဒေသခံတွေကတော့ မကျေမနပ်ဖြစ်နေကြတယ်လို့ Pantai Labu မြို့က ရဲတပ်ဖွဲ့အကြီးအကဲ Sujarwo က ပြောပါတယ်။

“ဒီမှာကတော့ Deli Serdang ခရိုင်အစိုးရတာဝန်ရှိသူတွေ၊ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီနဲ့ အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေဖြစ်ကြပြီး ဒီမှာရှိတဲ့ ဒေသခံတွေက ရိုဟင်ဂျာတွေ ရောက်လာတာကို လက်မခံဘဲ မကျေမနပ်ဖြစ်နေတာကြောင့် အဲဒီလူတွေကိုအမြန်ဆုံး နေရာရွှေ့ပေးဖို့အတွက် ကျနော်တို့ လုပ်သွားမှာဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ မြောက် ဆူမားတြားပြည်နယ်နဲ့ကပ်လျက် အာချေးပြည်နယ်ရဲ့ ကမ်းလွန်က စက်လှေပေါ်မှာသောင်တင်နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော် ကိုလည်း ကယ်ဆယ်ရေးအဖွဲ့တွေက ဒီနေ့မှာ ကယ်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ အာချေးဒေသခံတွေက ကမ်းခြေမှာစုပြီး အဲဒီစက်လှေကို ကမ်းကပ်မခံတာကြောင့် အဲဒီစက်လှေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ကမ်းလွန်ပင်လယ်ထဲမှာ သောင်တင်နေတာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ဗွီအိုအေအင်ဒိုနီးရှားဌာန သတင်းထောက်က ပြောပါတယ်။

အဲဒီစက်လှေပေါ်မှာတော့ ရိုဟင်ဂျာ ၁၅၀ လောက်ပါဝင်ပြီး ၃ ယောက်သေဆုံးခဲ့တယ်လို့ အာချေးဒေသရဲတပ်ဖွဲ့ ပြောခွင့်ရ Joko Krisdiyanto က ပြောပါတယ်။ အဲဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသကနေ အောက်တိုဘာ ၉ ရက်ကနေ ၁၂ ရက်ကြားမှာ ထွက်လာခဲ့ပြီး ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ကိုဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံကို လာခဲ့တာဖြစ်ပါတယ်။ ဒီလူတွေဟာ လူကုန်ကူးခံရတဲ့သူတွေဖြစ်တယ်လို့ အာချေးဒေသရဲတပ်ဖွဲ့က ပြောထားပြီး လူကုန်ကူးတယ်လို့ သံသယရှိတဲ့သူ ၃ ယောက်ကို ဖမ်းဆီးထားပြီး နောက်ထပ် ၈ ယောက်ကိုတော့ အာဏာပိုင်တွေက လိုက်လံရှာဖွေနေတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်မထိုးထားတာ ကြောင့် သူတို့ကို မြန်မာနိုင်ငံကလာတဲ့ အဲဒီရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ အတင်းအကြပ် လုပ်ခိုင်းလို့မရဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အခုလို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အခြေချနေထိုင်ဖို့အတွက် တာဝန်ကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ခွဲဝေယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂,၃၀၀ ကျော်ရှိပြီး ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ စာရင်းတွေအရတော့ အဲဒီပမာဏဟာ အဲဒီမတိုင်ခင် ၄ နှစ်ပေါင်း အရေအတွက်ထက် ပိုများတာဖြစ်ပါတယ်ခင်ဗျာ။

လှေစီးပြေးရိုဟင်ဂျာ (၁၅၀) ကျော် အင်ဒိုနီးရှားကိုရောက်ရှိ
 
please wait

No media source currently available

0:00 0:03:29 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG