သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဖြတ်သတ်မှု စွပ်စွဲခံ အစွန်းရောက်တဦးကို အင်ဒိုရဲ အသေဖမ်းဆီး


Indonesia Militant Killed
Indonesia Militant Killed

{{Zawgyi/Unicode}}

အင်ဒိုနီးရှားနိုင်ငံမှာ ခေါင်းဖြတ်သတ်မှုတွေကျူးလွန်တယ်လို့စွပ်စွဲခံထားရတဲ့ အစ္စလမ်းမစ်အစွန်းရောက် အရှေ့အင်ဒိုနီးရှား မူဂျာဟစ်ဒင်အဖွဲ့က အဓိကကျတဲ့ ခေါင်းဆောင်တဦးကို အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့တွေက အသေဖမ်းဆီးရမိခဲ့ကြောင်း အင်္ဂါနေ့မှာဘဲ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကထုတ်ဖေါ်ပြောဆိုပါတယ်။

Ahmad Panjang ခေါ် Ahmad Gazali ကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲအရာရှိကအတည်ပြုပြောဆိုသွားတာပါ။

အသက် ၂၇ အနှစ်အရွယ်ရှိ Ahmad Gazali နဲ့နောက်တဦးကို ဆူလာဝေစီ အလယ်ပိုင်း တောတောင်တွေထူထပ်တဲ့ Parigi Moutong ခရိုင်ထဲက Uempasa ရွာအနီးပုန်းခိုနေစဉ်မှာ စစ်သားနဲ့ရဲပူးပေါင်းအင်အားစုတွေက ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခြား တဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ခရိုင်ရဲအရာရှိ Rudy Sufahriadi ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုပါတယ်။

အရှေ့အင်ဒိုနီးရှား မူဂျာဟစ်ဒင်အဖွဲ့ဟာ ခရစ်ယာန်အချို့ကိုခေါင်းဖြတ်သတ်တာအပါအဝင် ရဲ နဲ့ခရစ်ယာန် သတ်ဖြတ်လေ့ရှိပြီး၊ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်းထုတ် ဖေါ်ဝန်ခံလေ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ IS အစ္စလမ်းမစ်အစွန်းရောက်အဖွဲ့ ကိုသစ္စာခံတဲ့အဖွဲ့ဖြစ်ပါတယ်။

အသေဖမ်းဆီးရမိသူ Gazali ဟာလည်း ပြီးခဲ့တဲ့မေလအတွင်း ခရစ်ယာန် ဘာသာဝင်၄ ဦးကိုခေါင်းဖြတ်သတ်ခဲ့တာပါအဝင် လူတွေကိုအစုလိုက်အဖွဲ့လိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သူဖြစ်တယ်လို့ရဲအရာရှိကပြောပါတယ်။

အင်ဒိုနီးရှားမှာ ၂၀၀၂ ခုနှစ်က အနောက်နိုင်ငံသားခရီးသွားအများစုပါဝင်တဲ့ လူပေါင်း ၂၀၂ ယောက်သေစေခဲ့တဲ့ ဘာလီကျွန်းပျော်ပွဲစားရုံဗုံးခွဲတိုက်ခိုက်မှုပြီးကတည်းက အစ္စလမ်းမစ်အစွန်းရောက်အဖွဲ့တွေကိုနှိမ်နင်းမှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ လတုန်းကလည်း အခြား အစ္စလမ်းမစ်စစ်သွေးကြွ ၂ ဦကို အသေပစ်ခတ် ဖမ်းဆီခဲ့ပါတယ်။

........................................

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}







XS
SM
MD
LG