သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ဟာမတ်စ် တိုက်ပွဲ ဆက်လက်ပြင်းထန်


ဂါဇာဒေသ ဗုံးကြဲတိုက်ခိုက်ခံရပြီး မီးခိုးလုံးမြင်တွေ့ရစဉ် (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
ဂါဇာဒေသ ဗုံးကြဲတိုက်ခိုက်ခံရပြီး မီးခိုးလုံးမြင်တွေ့ရစဉ် (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)

အစ္စရေးတပ်ဖွဲ့တွေနဲ့ဟာမတ်စ်တွေကြား ဂါဇာကမ်းမြှောင်တောင်ပိုင်းက Khan Younis မြို့တွင်းနဲ့ အနီးတဝိုက်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသလို၊ မြောက်ပိုင်း Gaza City မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ ဂါဇာကမ်းဒေသမှာ အကူအညီပေးရေး လုပ်ငန်းတွေ ရပ်တန့်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောပါတယ်။

အီဂျစ်နယ်စပ်အနီး Rafah ဒေသကလွဲရင် တခြားနေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အဓိကလမ်းမကြီးတွေမှာ သွားလာမှုတွေ ကန့်သတ်ထားတာကြောင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ လုပ်ငန်းတွေကို အတားအဆီးဖြစ်နေတာပါ။ တိုက်ပွဲတွေကြောင့်ဂါဇာမှာရှိတဲ့ လူပေါင်း ၁.၉ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး၊ အများစုက လူတွေပြည့်ကျပ်နေတဲ့အပြင် လုံလောက်တဲ့သန့်ရှင်းမှုမရှိတဲ့ အကူအညီပေးရေး စင်တာတွေမှာ ခိုလှုံနေကြရတဲ့အတွက် ကူးစက်ရောဂါတွေပျံ့နှံ့လာမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဂါဇာရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis ကိုစစ်ရေးချဲ့ထွင်လာတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Rafah မြို့ကို လူပေါင်း သောင်းနဲ့ချီ ရွှေ့ပြောင်း ရောက်လာတယ်လို့ UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG