သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Las Vegas ပစ်ခတ်မှု နိုင်ငံတကာခေါင်းဆောင်တွေ တုံ့ပြန်


Las Vegas အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူများအတွက် ငြိမ်သက်ဆုတောင်းပွဲကို အိမ်ဖြူတော် တောင်ဖက်မြက်ခင်းပြင်ပေါ်မှာ သမ္မတ Donald Trump က ဦးဆောင်ပြုလူပ်
Las Vegas အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူများအတွက် ငြိမ်သက်ဆုတောင်းပွဲကို အိမ်ဖြူတော် တောင်ဖက်မြက်ခင်းပြင်ပေါ်မှာ သမ္မတ Donald Trump က ဦးဆောင်ပြုလူပ်

အမေရိကန်နိုင်ငံ Las Vegas အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့အပေါ် တရုတ်သမ္မတ Xi Jinping က အမေရိကန် သမ္မတ Donald Trump ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ တိုက်ရိုက်ပေးပို့လိုက်ပါတယ်။

တနင်္လာနေ့က ပို့လိုက်တဲ့ ဒီစာထဲမှာ တရုတ်သမ္မတ Xi က Nevada ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူစုလူဝေးထဲ ပစ်ခတ်မှုကြောင့် ကြီးမားတဲ့ သေကျေဒဏ်ရာရမှုတွေဖြစ်ခဲ့ရတာအတွက် အမေရိကန်အစိုးရနဲ့ ပြည်သူတွေနည်းတူ နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားခဲ့ရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

သမ္မတ Xi က ဆက်ပြီး သေကျေခဲ့ရသူတွေအတွက် အကြီးအကျယ် ဝမ်းနည်းပူဆွေးခဲ့ရပြီး၊ ဒဏ်ရာရထားသူတွေအတွက်လည်း စိုးရိမ်ပူပန်မိပြီး အမြန်ဆုံးပြန်သက်သာအောင် ဆုမွန်ကောင်းတောင်းလိုက်တယ်လို့ ဒီစာထဲမှာ ထည့်ပြောထားပါတယ်။

တခြားကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ခုလို ဝမ်းနည်းကြောင်းပြောနေချိန်မှာ ရုရှားသမ္မတ Vladimir Putin ကလည်း ဒီ Las Vegas ပစ်ခတ်မှုအတွက် အမေရိကန်သမ္မတ Trump ထံ ကြေးနန်းကတဆင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့လိုက်တယ်လို့ ရုရှားအစိုးရသတင်းထုတ်ပြန်ရေးရုံးက ဆိုပါတယ်။

ဂရင်မလင်နန်းတော်က ထုတ်ပြန်တဲ့ ဒီသဝဏ်လွှာထဲမှာ သမ္မတ Putin က ဒါဇင်တွေနဲ့ချီတဲ့ အရပ်သားတွေ သေကျေစေခဲ့တဲ့ ဒီ ပစ်ခတ်မှုကြီးဟာ ရက်စက် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး သေဆုံးသူတွေရဲ့ မိသားစုနဲ့ မိတ်ဆွေတွေနည်းတူ ထိခိုက်ခံစားမိတယ်၊ ဒဏ်ရာရသူတွေလည်း အမြန်ဆုံး ပြန်ကောင်းလာဖို့ ဆန္ဒပြုလိုက်တယ်လို့ ဆိုပါတယ်။

ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel ကလည်း ဒီသတ်ဖြတ်မှုကြီးကြောင့် တုန်လှုပ်ခြောက်ခြားသွားမိတယ်၊ သေဆုံးရသူတွေနဲ့ ဒဏ်ရာရခဲ့သူတွေ သူတို့အတွက် ပူပင်သောကရောက်နေရသူတွေအားလုံးနဲ့အတူ စိတ်ထဲကရှိနေပြီး၊ ဆုမွန်ကောင်းတွေပို့သလိုက်တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်မြို.တော်က ဂျာမန်သံရုံးအနေနဲ့လည်း ဒီသေဆုံးသူတွေထဲ ဂျာမန်နိုင်ငံသားပါမပါ အမေရိကန်တာဝန်ရှိသူတွေနဲ့ အနီးကပ်စုံစမ်းဆောင်ရွက်နေပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Theresa May ကလည်း သမ္မတ Trump နဲ့ တိုက်ရိုက်ဖုန်းပြောခဲ့ပြီး ဝမ်းနည်းကြောင်းပြောကြားခဲတယ်၊ ဒီ တကိုယ်တော် ပစ်ခပ်မှုအပေါ် အမေရိကန် စုံစမ်းထောက်လှမ်းမူတွေကို ကူညီပေးဖို့လည်း ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကလည်း အင်တာနက် Tweeter ကနေတဆင့် အခုခေတ်ကြီးထဲမှာဖြစ်ခဲ့တဲ့ ဒီအကြမ်းဖက်မှုကနေ ထိခိုက်ခံစားခဲ့ရတဲ့ အမေရိကန် လက်တွဲဖော်တွေနဲ့ မိတ်ဆွေတွေအတွက် သက်သာရာရစေဖို့ စိတ်ထဲကနေ အတူတူရှိပေးနေတယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း တရားဝင် ကြေညာချက်ထုတ်ပြီး ဒီလုပ်ရပ်ဟာ စက်ဆုပ်ရွံမုန်းဖွယ်ရာဖြစ်တယ်၊ အစ္စရေးပြည်သူတွေအနေနဲ့ အမေရိကန်ပြည်သူတွေနဲ့အတူ တသွေးတသားတည်းရှိနေတယ်၊ ထိခိုက်ခံစားခဲ့ရသူတွေရဲ့ မိသားစုတွေအတွက်နဲ့အတူ ဝမ်းနည်းပူဆွေးမိပြီး၊ ဒဏ်ရာရထားသူတွေ အမြန်ဆုံးသက်သာလာဖို့ဆုမွန်ကောင်းတောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။

Las Vegas ပစ်ခတ်မှု နိုင်ငံတကာခေါင်းဆောင်တွေ တုံ့ပြန်
please wait

No media source currently available

0:00 0:02:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG