သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာအကူအညီအေပၚ ေမးခြန္းထုတ္ျခင္း


မီးရႈိ႕ခံထားရတဲ့ပုေလာၿမိဳ႕နယ္ထဲကေနအိမ္မ်ား (ေဖေဖာ္ဝါရီ ၂၀၂၃) ဓာတ္ပုံ - Crocodile Column

ကုလသမဂၢနဲ႔ အေမရိကန္အပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေထာက္ခံအားေပးမႈေတြ ပိုမိုရ႐ွိလာတဲ့အတြက္ စစ္အာဏာ႐ွငိအုပ္စိုးမႈကို လက္သင့္မခံလိုသူေတြ အားတက္ဝမ္းေျမာက္ေနၾကေပမဲ့၊ ဒီအကူအညီေတြ ေပးမယ့္ကိစၥေတြဟာ ဘယ္ေလာက္ထိ မွိခိုအားထားေလာက္ပါသလဲ။ ျမန္မာ့အေရးကို မ်က္ေျခမျပတ္ အနီးကပ္ေစာင့္ၾကည့္ သုံးသပ္ေနတဲ့ David Mathiason နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံမွာ အခုဆိုရင္ စစ္အာဏာသိမ္းခဲ့တာ (၂) ႏွစ္ ရိွလာခဲ့ၿပီး၊ စစ္အာဏာသိမ္းတာကို ခုခံတြန္းလွန္ေနတာလည္း (၂) ႏွစ္ေက်ာ္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ တဘက္ဘက္က ေအာင္ျမင္မႈရႏုိင္တဲ့ အလားအလာမ်ား ရိွေနၿပီလားဆုိတာကို အရင္နည္းနည္းေျပာၾကည့္ပါ။

ေျဖ ။ ။ ၿပီခဲ့တဲ့ (၂) ႏွစ္ကိုၾကည့္ရင္ တြန္းလွန္ေရးလႈပ္ရွားမႈ ပိုမုိက်ယ္ျပန္႔လာခဲ့ပါတယ္။ ေဖေဖၚဝါရီလ ၂၀၂၁ ကစၿပီး ထင္ကတာထက္ ေအာင္ျမင္မႈေတြလည္း အမ်ားႀကီးရရိွခဲ့ပါတယ္။ ဒါေပမဲ့ တဘက္ဘက္က ေအာင္ျမင္မယ္ဆိုတာေတာ့ မေျပာႏိုင္ပါဘူး။ ဘက္ခြဲရတာက နည္းနည္းရွဳပ္ရွဳပ္ေထြေထြ ရိွေနပါေသးတယ္။ စစ္ေကာင္စီဆန္႔က်င္ေရးဘက္က အုပ္စုကြဲေတြ ရည္မွန္းခ်က္ကြဲလြဲမႈေတြ ရိွေနေသးတာ သိပ္မျပတ္သားပါဘူး။

ေမး ။ ။ ဒါေပမဲ့ NUG ဘက္ကေတာ့ ႏုိင္ငံတကာ ေထာက္ခံမႈေတြ အမ်ားႀကီးရေနပါတယ္။ အေမရိကန္အစိုးရကဆုိရင္ NUG ရံုးခန္းကို လက္ခံၿပီးေတာ့ ဖြင့္လွစ္ေပးခဲ့ပါတယ္။

ေျဖ ။ ။ ဒါက symbolically အသြင္းသ႑ာန္အားျဖင့္ လံုးဝအေရးပါပါတယ္။ NUG က ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ကိုယ္စားလွယ္ရံုး ဖြင့္ခြင့္ရထားတဲ့အထဲမွာ ဝါရွင္တန္ၿမိဳ ႔ေတာ္ကေတာ့ အေရးႀကီးဆံုး ျဖစ္ပါတယ္။ ဒီရံုးဟာ သံတမန္ရံုး ျဖစ္တဲ့အတြက္ သံခင္းတမန္ခင္းကိစၥေတြကို ေဆာင္ရြက္ႏုိင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာျပည္ထဲမွာ ျဖစ္ေနတဲ့ တုိက္ပြဲအေျခအေနကို ေျပာင္းလဲေစႏုိင္မွာ မဟုတ္ပါဘူး။ တနည္းအားျဖင့္ ႏုိင္ငံေတြမွာ ရံုးဖြင့္ခြင့္ေပးတာ NUG အစိုးရကို ယံုၾကည္မႈရိွတယ္ဆိုတာကို ျပသလိုက္တာပါ။ ဒါေပမဲ့ ျပည္တြင္းကို လွည့္ၾကည့္လိုက္မယ္ဆိုရင္ စစ္ကိုင္း၊ ကရင္ျပည္နယ္နဲ႔ အျခားေဒသ ေတာ္ေတာ္မ်ားမ်ားမွာ စစ္ျဖစ္ေနတာေတြမွာ ခ်က္ခ်င္းေျပာင္းလဲႏုိင္မွာ မဟုတ္ပါဘူး။ ဒါက ေရရွည္တိုက္ပြဲပါ။ ဒီအခ်ိန္မွာ NUG လုပ္ရမွာက စစ္ေကာင္စီ တြန္းလွန္အင္အားစုေတြအားလံုး EAOs ေတြ၊ သပိတ္ေကာ္မတီေတြအားလံုးနဲ႔ ပိုမုိပူးေပါင္းေရးပဲ ျဖစ္ပါတယ္။

ေမး ။ ။ အခုလို NUG ကို ရံုးဖြင့္ခြင့္ ခြင့္ျပဳလိုက္တာဟာ NUG ကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳလိုက္တာလား။ ဘယ္လိုအဆင့္အတန္းမ်ဳိး သတ္မွတ္ၿပီေတာ့ လက္ခံသလဲဆိုတာကို နည္းနည္းသံုးသပ္ျပပါ။

ေျဖ ။ ။ တရားဝင္အသိအမွတ္ျပဳတာ ေသခ်ာပါတယ္။ ဒါက နည္းလမ္းတက် လုပ္တာပါ။ အသြင္သ႑ာန္သေဘာပါ။ ဝါရွင္တန္ရံုးဖြင့္ၿပီး လက္ေတြ႔မွာ အစည္းအေဝးေတြ၊ ေတြ႔ဆံုမႈေတြ လုပ္ႏုိင္ပါတယ္။ De Facto Representative ပါ။ တရားဝင္ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ ကိုယ္စားျပဳေနတဲ့ သေဘာလည္း ျဖစ္ပါတယ္။ သူ႔ရဲ ႔ အေရးပါမႈကိုေတာ့ ေလွ်ာ့တြက္လို႔ မရပါဘူး။ အခုအခ်ိန္အထိ အေမရိကန္ဟာ NUG နဲ႔ EAOs ေတြ စစ္အုပ္စုဆန္႔က်င္ေရးအဖြဲ႔ေတြကို စာနာမႈအကူအညီေတြ၊ လူမႈအဖြဲ႔အစည္းေတြ၊ မီဒီယာေတြကို အမ်ားဆံုး ကူညီေပးေနသူပါ။ ဒါေတြက သိပ္ကိုအျပဳသေဘာေဆာင္ပါတယ္။

ေမး ။ ။ ထိုင္းႏိုင္ငံ ခ်ဴလာေလာင္းကြန္တကၠသိုလ္က ပါေမာကၡသီတီနန္ (Prof. Thitinan Pongsudhirak) က ေရးထားတာ ေတြ႔ရပါတယ္။ တကယ္လို႔ NUG က ဆန္႔က်င္တြန္းလွန္ေရးအင္အားစုေတြအားလံုးကို စုစည္းထိန္းခ်ဳပ္ၿပီး စည္းကမ္းစနစ္က်တဲ့ စစ္အင္အားတရပ္ ထူေထာင္ႏုိုင္မယ္ဆိုရင္ တာဝန္ယူမႈ၊ တာဝန္ခံမႈရိွရိွ ေဆာင္ရြက္ႏိုင္မယ္ဆိုရင္ ႏုိင္ငံတကာအကူအညီေတြ ထိထိေရာက္ေရာက္ ပိုရလာႏုိင္တယ္။ လက္နက္ပစၥည္းေတြေတာင္ အကူအညီရႏိုင္တယ္လို႔ သူက သံုးသပ္ထားပါတယ္။ အဲဒီအခ်က္ကို David သေဘာတူပါသလား။

ေျဖ ။ ။ အဲဒီသံုးသပ္ခ်က္က အလြန္ေကာင္းတဲ့ အယူအဆပါ။ တကယ့္လက္ေတြ႔ ျဖစ္လာႏုိင္တယ္။ ႀကိဳးစားသင့္ပါတယ္။ ဒါက သိပ္အျပဳသေဘာေဆာင္တဲ့ ေရးသားခ်က္ပါ။ ဒါေပမဲ့ အေျခအေနက ရွဳပ္ေထြးပါတယ္။ က်ေနာ္က ပါေမာကၡသီတီနန္နဲ႔ သေဘာကြဲလြဲတာ မဟုတ္ပါဘူး။ ဒီအေျခအေနမ်ဳိး ျဖစ္လာေအာင္ ေတာင္းဆိုမႈေတြလည္း ရိွေနတာ အေစာပိုင္းကတည္းပါ။ ဒါေပမဲ့ အဲဒီလို ပူးေပါင္းစုစည္းမႈ တခုတည္းေသာဗ်ဴဟာ ထူေထာင္ႏိုင္မႈကိစၥေတြက ျဖစ္မလာႏိုင္ေသးပါဘူး။ စစ္ေကာင္စီဆန္႔က်င္ေရး လႈပ္ရွားမႈေတြဟာ မူလကတည္းက သေဘာသဘာဝ ကြဲျပားေနပါတယ္။ ဒါကို အေနာက္ႏုိင္ငံေတြက နားမလည္ၾကပါဘူး။ သူတုိ႔ေမွ်ာ္လင့္သလိုလဲ ျဖစ္မလာႏိုင္ပါဘူး။

ေမး ။ ။ ဘာေၾကာင့္ မျဖစ္ႏုိင္တာကိုလည္း ေျပာပါအံုး။

ေျဖ ။ ။ ဘာေၾကာင့္လဲဆိုေတာ့ EAOs ေတြ အမ်ားစုမွာ သူတုိ႔ကိုယ္ပိုင္အစီအစဥ္အသီးသီး ရိွၾကပါတယ္။ သူတုိ႔ကိုယ္ပိုင္ ေမွ်ာ္မွန္းခ်က္ သီးျခားမတူညီတဲ့ အေျခအေနေတြမွာ ရိွေနၾကတာပါ။ သူတုိိ႔အင္အားနဲ႔သူတုိိ႔ ရိွေနၾကတာပါ။ သူတုိ႔ ယံုၾကည္လက္ခံႏိုင္ေလာက္တဲ့ ႏုိင္ငံေရး၊ စစ္ေရး ခိုင္မာမႈ NUG မွာ မရိွပါဘူး။ သူတုိ႔လုပ္ႏုိင္တာက အားလံုးတပ္ေပါင္းစု Unified Front ကို ဘယ္လိုဖြဲ႔စည္းဖို႔၊ ငါတုိ႔ ဘယ္လိုပါဝင္ကူညီရမလဲ။ ဘယ္လို လက္တြဲေဆာင္ရြက္ၾကမလဲဆိုတာပဲ ျဖစ္ပါတယ္။ EAOs ေတာ္ေတာ္မ်ားမ်ားက NUG ကို NLD ရဲ ႔ ဖန္တီးမႈတခုလို႔ ျမင္ၾကပါတယ္။ သူတုိ႔ဟာ အာဏာမသိမ္းခ်င္က NLD ကို မေက်မနပ္ ျဖစ္ခဲ့ၾကတာပါ။ ေနာက္ PDFs အားလံုးကလည္း NUG ေအာက္မွာ မရိွဘဲ၊ သူတုိ႔အမိန္႔အာဏာ ထိန္းခ်ဳပ္မႈနဲ႔ ရိွေနၾကတာပါ။ ခ်ဳပ္ၿပီးေျပာရရင္ သူတုိ႔ၾကားခ်င္တဲ့စကားနဲ႔ တကယ္လက္ေတြ႔ ျဖစ္ေနတဲ့ၾကားမွာ အကြာအဟ ရိွေနပါတယ္။

ေမး ။ ။ တခ်ဳိ ႔ကလည္း သံုးသပ္ၾကပါတယ္။ NUG အစိုးရသည္ ယခင္တုန္းက ဘယ္ ဗမာႀကီးစိုးေသာ အစိုးရနဲ႔မွ နီးနီးကပ္ကပ္၊ ယံုယံုၾကည္ၾကည္ ဆက္ဆံမႈမ်ဳိး မရိွခဲ့ဘူးလို႔ သံုးသပ္ထားၾကပါတယ္။ ဒီသံုးသပ္ခ်က္အေပၚ David အေနနဲ႔ ဘယ္လိုမ်ား ေဝဖန္လုိပါသလဲ။

ေျဖ ။ ။ စစ္ေကာင္စီကို ဆန္႔က်င္ေနတဲ့ အင္အားစုေတြအားလံုး NUG နဲ႔ ပူးေပါင္းေနတယ္ဆိုတဲ့ သံုးသပ္ခ်က္အားလံုးကို က်ေနာ္ ျငင္းပါတယ္။ ဒါက လက္ေတြ႔မွာ တက္မဟုတ္ပါဘူး။ ေဆြးေႏြးညိွႏိႈင္းမႈေတြ ပြင့္ပြင့္လင္းလင္း ေျပာဆိုဆက္ဆံမႈေတြ၊ ပံုစံမ်ဳိးစံုနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ ရိွေပမဲ့ တိုင္းရင္းသားေတြအားလံုး တထပ္တည္းသေဘာတူညီမႈေတြ ယခင္က မႀကံဳစဖူး ရရိွေနတယ္ဆိုတာကေတာ့ မဟုတ္ေသးပါဘူး။ သူတို႔ဟာ NUG နဲ႔ ညီညႊတ္မႈအတြက္ တနည္းနည္းကိုက္ညီမႈေတြ ရိွေနတာေတာ့ ဟုတ္ပါတယ္။ စစ္ေကာင္စီကို မုန္းတီးတာ၊ စစ္တပ္နဲ႔ မင္းေအာင္လိႈင္ကို မုန္းတီးတာ။ ဒါေတြကေတာ့ တူညီၾကပါတယ္။ NUG ရဲ ႔ ထိန္းခ်ဳပ္ကြပ္ကဲမႈ၊ အမိန္႔အာဏာေအာက္မွာ တေပါင္းတစည္းတည္း ရိွေနတယ္ဆိုရင္ေတာ့ မွားပါတယ္။ အဲဒီလိုျဖစ္ေနၿပီလို႔ ေျပာဆိုေရးသားေနၾကသူေတြ၊ ပညာရွင္၊ သုေတသီေတြ၊ သတင္းသမားေတြ ဘယ္သူပဲျဖစ္ျဖစ္ ေနာက္ျပန္ဆုတ္ၿပီး ငါတုိ႔ဟာ ဝါဒျဖန္႔မႈေတြလုပ္ေနပါလား။ ရွဳပ္ေထြးတဲ့ တကယ့္ျဖစ္ရပ္မွန္ေတြကို တင္ျပေနတာ ဟုတ္ရဲ ႔လားလို႔ စမ္းစစ္ၾကည့္သင့္ပါတယ္။

ေမး ။ ။ တခ်ိန္တည္းမွာပဲ ကုလသမဂၢလံုၿခံဳေရးေကာင္စီကလည္း Resolution ခ်မွတ္လိုက္တယ္။ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္တဲ့ ဆံုးျဖတ္ခ်က္ေပါ့။ ကာလအတန္ၾကာအတြင္းမွာ ပထမဦးဆံုး ခ်မွတ္တာ ျဖစ္ပါတယ္။ စစ္ေကာင္စီက အားကိုးအားထား ျပဳေနတဲ့ တရုတ္၊ ရုရွားတိုိ႔ကေတာင္မွ ဒီကိစၥမွာ မကန္႔ကြက္ဘဲ၊ လက္ေလွ်ာင္ခဲ့ၾကတယ္လို႔ ဆုိပါတယ္။ ဒါကလဲ အေပၚယံပဲလား။

ေျဖ ။ ။ ဒါက အေပၚယံသေဘာ Symbolic ဆိုတာ အေသအခ်ာပဲလို႔ က်ေနာ္ ထင္ပါတယ္။ ခင္မ်ားေျပာတဲ့ တရုတ္၊ ရုရွားတုိ႔ မဲမေပးဘဲ လက္ေလွ်ာင္ခဲ့ၾကတယ္ဆိုတာလည္း အေၾကာင္းအမ်ဳိးမ်ဳိး ရိွပါတယ္။ ကမၻာမွာ ျဖစ္ပ်က္ေနတာေတြ အမ်ားႀကီးပါ။ တရုတ္က မဲမေပးတာ စစ္ေကာင္စီရဲ ႔ လုပ္ရပ္ကို သိပ္အျမင္မၾကည္လို႔ဆိုၿပီး သံုးသပ္သူတခ်ဳိ ႔က ေျပာေနၾကပါတယ္။ ဒီလိုသာဆိုရင္ေတာ့ အျပဳသေဘာေဆာင္တဲ့ကိစၥ ျဖစ္ႏုိင္ပါတယ္။ ကုလသမဂၢ ဆံုးျဖတ္ခ်က္ ခ်မွတ္ခဲ့တာ ကမၻာမွာ အမ်ားႀကီးပါ။ ဒါေပမဲ့ ဘာျဖစ္ေနလဲဆိုေတာ့ ဆံုးျဖတ္ခ်က္ခ်ၿပီး ရက္ပိုင္းအၾကာမွာ တကယ့္လက္ေတြ႔အေျခအေနက ဆိုးဆိုးဝါးဝါး ျပန္ျဖစ္သြားတာေတြ မၾကာခဏ ေတြ႔ရပါတယ္။ လံုၿခံဳေရးေကာင္စီကလည္း အခု ကမၻာ့အေျခအေနမွာ အခိုင္အမာ အားထားေလာက္တဲ့ အေနအထား မရိွပါဘူး။ အခုခ်မွတ္လိုက္တဲ့ ဆံုးျဖတ္ခ်က္ကလည္း ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့ ခ်မွတ္ထားတဲ့ ဆံုးျဖတ္ခ်က္သာ ျဖစ္ပါတယ္။ ျမန္မာျပည္သူေတြရဲ ႔ လက္ေတြ႔ခံစားေနရတဲ့ ဆင္းရဲဒုကၡေတြ၊ စာနာမႈ လိုအပ္ခ်က္ေတြကေတာ့ ဆိုးဆိုးဝါးဝါး ရိွေနဆဲ ျဖစ္ပါတယ္။ ဆိုေတာ့ စစ္ေကာင္စီကို ဆန္႔က်င္ေနတဲ့ ဘယ္အင္အားစုကမွ ဒါကို ႀကီးမားတဲ့ ေအာင္ျမင္မႈတရပ္အျဖစ္ ယူဆႏုိင္မယ္ မဟုတ္ပါဘူး။

ေမး ။ ။ အေရးႀကီးတဲ့ ႏုိင္ငံတကာအဖြဲ႔အစည္းထဲမွာ ထည့္ရမွာကေတာ့ အာဆီယံပဲ ျဖစ္ပါတယ္။ အာဆီယံမွာလည္း အင္ဒိုနီးရွားေခါင္းေဆာင္ ျဖစ္လာၿပီးေနာက္မွာ ေလသံပိုၿပီးေတာ့ တင္းမာလာတယ္ဆိုၿပီးေတာ့ လူအမ်ားက ေတာ္ေတာ္ေလးအားထားေမွ်ာ္လင့္ေနၾကပါတယ္။ ဘယ္ေလာက္ ေမွ်ာ္လင့္အားထားေလာက္မယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ အခု ျမန္မာ့ျပႆနာအတြက္ လိုအပ္ခ်က္နဲ႔ ကိုက္ညီမယ့္ ခြန္အားျဖည့္ တစံုတရာ အာဆီယံမွာ ရိွလာမယ္လို႔ က်ေနာ္ မျမင္မိပါဘူး။ အခ်ဳိ ႔ကေတာ့ အင္ဒိုနီးရွားက အလားအလာ ေကာင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ က်ေနာ္ကေတာ့ ထုိးေဖာက္ေက်ာ္လႊာႏုိင္မယ့္အေျခအေန အလားအလာ မေတြ႔ပါဘူး။ ဘယ္တုန္းကမွလဲ အဖြဲ႔ဝင္ႏုိင္ငံေတြရဲ ႔ ျပည္တြင္းျပႆနာကို ေျဖရွင္းေပးႏိုင္တဲ့ ေဒသဆိုင္ရာ အဖြဲ႔အစည္းတရပ္ မဟုတ္ခဲ့ပါဘူး။ အခု အင္ဒိုနီးရွား ဥကၠ႒ ျဖစ္လာေတာ့ ေကာင္းတဲ့အခ်က္ျပမႈေတြ၊ ေၾကညာခ်က္ေတြ ထုတ္ပါတယ္။ ဒါေပမဲ့ ဘာလုပ္ႏုိင္မွာလဲ။ စစ္ေကာင္စီနဲ႔ မင္းေအာင္လိႈင္က အာဆီယံနဲ႔ အေပးအယူ မလုပ္ခ်င္ပါဘူး။ ၿပီးခဲ့တဲ့ (၂) နွစ္အတြင္း ရွင္းရွင္းလင္းလင္း ျပသၿပီသားပါ။ က်ေနာ္ ထပ္ေျပာခ်င္ပါတယ္။ က်ေနာ္တို႔ေတြ၊ သတင္းသမားေတြ သံုးသပ္ေရးသားၾကတဲ့အခါမွာ ျမန္မာျပည္တြင္းကိုပဲ အဓိကထား ၾကည့္ရွဳသံုးသပ္ၾကရမွာ ျဖစ္ပါတယ္။ ျပႆနာက ျပည္တြင္းမွာ ျဖစ္ေနတာပါ။ ေျပလည္မႈ ရရိွေရးအတြက္ အေျဖဟာ ျပည္တြင္းမွာပဲ ရိွေနတာပါ။ ဝါရွင္တန္ၿမိဳ ႔ေတာ္နဲ႔ ဒါမွမဟုတ္ ေဘဂ်င္းတုိ႔မွာ အေျချပဳတဲ့ အဖြဲ႔အစည္းေတြ၊ ေဒသဆိုင္ရာ အဖြဲ႔အစည္းေတြမွာ ရွာေဖြလုိ႔ မရပါဘူး။

ေမး ။ ။ ေနာက္ဆံုးေတာ့ ဘယ္သူမွ အတိအက် သိႏုိင္မွာ မဟုတ္ဘူးဆိုတဲ့ ေမးခြန္းတခုကို က်ေနာ္ ေမးခ်င္ပါတယ္။ ဘာပဲေျပာေျပာ David က ျမန္မာႏုိင္ငံအေရးကို နီးနီးကပ္ကပ္ ေစာင့္ၾကည့္ေနတဲ့လူ ျဖစ္တဲ့အတြက္ ေျဖၾကည့္ပါအံုး။ ဒီပဋိပကၡက ဘယ္ေတာ့ ခ်ဳပ္ၿငိမ္းမလဲလို႔ ထင္သလဲ။ ျမန္မာျပည္သူေတြ ခံစားေနရတဲ့ ေဘးဒုကၡေတြ ဘယ္ေတာ့လြတ္ေျမာက္မယ္။ ဘယ္ေတာ့ ၿငိမ္းခ်မ္းမႈ ရမလဲဆိုတာကို ေနာက္ဆံုးသံုးသပ္ေပးပါ။

ေျဖ ။ ။ အေျဖကို ဘယ္သူမွ သိလိမ့္မယ္ မထင္္ပါဘူး။ က်ေနာ့္အျမင္ကလည္း သိပ္မျပည့္စံုပါဘူး။ ၿပီးေတာ့ စစ္တပ္က ျမန္မာျပည္သူေတြကို ရက္စက္မႈေတြ က်ဴးလြန္ေနတာကို အေျခခံသံုးသပ္မွာဆုိေတာ့ ဒီအေျခအေနကေန အဓိကေျပာင္းလဲမႈတရပ္ ျဖစ္သြားစရာ မေတြ႔ပါဘူး။ ၂၀၂၃ မွာ တဘက္ဘက္က အျပတ္အသတ္ အႏုိင္ရမယ္လို႔ ဘယ္သူမွ မေျပာႏုိင္ပါဘူး။ ဒါက ႏုိင္ငံတခုနဲ႔တခုၾကား ျဖစ္ပြားေနတဲ့ စစ္ပြဲလည္း မဟုတ္ပါဘူး။ ျဖစ္ရတဲ့ အေၾကာင္းအရာေတြကို ရွင္းရွင္းလင္းလင္း သိသာတဲ့ အဲဒီလိုျဖစ္ေနတဲ့ စစ္ပြဲေတြကိုေတာင္မွ ခရစ္စမတ္မွာ အဆံုးသတ္မယ္။ ဘယ္အခ်ိန္မွာ ၿပီျပတ္မယ္ဆိုတာကို ေျပာရတာ သိပ္ခက္ပါတယ္။ ျမန္မာႏုိင္ငံ ျပည္တြင္းပဋိပကၡေတြမွာ အေျပာင္းအလဲျဖစ္ေစတဲ့ အေျခအေနေတြ၊ အေၾကာင္းတရားေတြ အမ်ားအျပား ရိွေနပါတယ္။ ႏုိင္ငံအစိတ္အပိုင္း အမ်ားအျပားမွာလည္း ရိွေနပါတယ္။ ဆိုေတာ့ စိတ္ခ်လက္ခ် ေျပာႏုိင္တဲ့ ခန္႔မွန္းခ်က္ကေတာ့ ပဋိပကၡေတြၾကားမွာ ျပည္သူလူထုေတြ၊ ဆင္းရဲဒုကၡႀကံဳေတြ႔ေနၾကရအံုးမယ္ဆိုတာပဲ ျဖစ္ပါတယ္။ စီးပြားေရးလည္း ပိုမုိက်ပ္တည္းလာမယ္။ ေနာက္တခုက ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္ စတဲ့ၿမိဳ ႔ႀကီးေတြက လူေတြၾကား သေဘာကြဲလြဲမႈေတြလည္း ျဖစ္လာႏုိင္ပါေသးတယ္။ အဲဒီမွာ လူတခ်ဳိ ႔က ပဋိပကၡ ထူေျပာတဲ့ ေဒသေတြက အေျခအေနေတြနဲ႔ မတူတဲ့ ပံုစံမ်ဳိးနဲ႔ ဆက္လက္ရွင္သန္ရပ္တည္ေရး လုပ္ေဆာင္ရတဲ့လူေတြပါ။ ေနာက္ဆံုး ၿခံဳေျပာရရင္ေတာ့ အခက္အခဲဒုကၡေတြက လြတ္ေျမာက္ဖို႔ လမ္းစမျမင္ရေသးဘူးလို႔ပဲ စိတ္မေကာင္းစြာနဲ႔ ေျပာခ်င္ပါတယ္။

==== Unicode ====

ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံအားပေးမှုတွေ ပိုမိုရရှိလာတဲ့အတွက် စစ်အာဏာရှငိအုပ်စိုးမှုကို လက်သင့်မခံလိုသူတွေ အားတက်ဝမ်းမြောက်နေကြပေမဲ့၊ ဒီအကူအညီတွေ ပေးမယ့်ကိစ္စတွေဟာ ဘယ်လောက်ထိ မှိခိုအားထားလောက်ပါသလဲ။ မြန်မာ့အရေးကို မျက်ခြေမပြတ် အနီးကပ်စောင့်ကြည့် သုံးသပ်နေတဲ့ David Mathiason နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ အခုဆိုရင် စစ်အာဏာသိမ်းခဲ့တာ (၂) နှစ် ရှိလာခဲ့ပြီး၊ စစ်အာဏာသိမ်းတာကို ခုခံတွန်းလှန်နေတာလည်း (၂) နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ တဘက်ဘက်က အောင်မြင်မှုရနိုင်တဲ့ အလားအလာများ ရှိနေပြီလားဆိုတာကို အရင်နည်းနည်းပြောကြည့်ပါ။

ဖြေ ။ ။ ပြီခဲ့တဲ့ (၂) နှစ်ကိုကြည့်ရင် တွန်းလှန်ရေးလှုပ်ရှားမှု ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၂၀၂၁ ကစပြီး ထင်ကတာထက် အောင်မြင်မှုတွေလည်း အများကြီးရရှိခဲ့ပါတယ်။ ဒါပေမဲ့ တဘက်ဘက်က အောင်မြင်မယ်ဆိုတာတော့ မပြောနိုင်ပါဘူး။ ဘက်ခွဲရတာက နည်းနည်းရှုပ်ရှုပ်ထွေထွေ ရှိနေပါသေးတယ်။ စစ်ကောင်စီဆန့်ကျင်ရေးဘက်က အုပ်စုကွဲတွေ ရည်မှန်းချက်ကွဲလွဲမှုတွေ ရှိနေသေးတာ သိပ်မပြတ်သားပါဘူး။

မေး ။ ။ ဒါပေမဲ့ NUG ဘက်ကတော့ နိုင်ငံတကာ ထောက်ခံမှုတွေ အများကြီးရနေပါတယ်။ အမေရိကန်အစိုးရကဆိုရင် NUG ရုံးခန်းကို လက်ခံပြီးတော့ ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖြေ ။ ။ ဒါက symbolically အသွင်းသဏ္ဍာန်အားဖြင့် လုံးဝအရေးပါပါတယ်။ NUG က နိုင်ငံတော်တော်များများမှာ ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ရထားတဲ့အထဲမှာ ဝါရှင်တန်မြို့တော်ကတော့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒီရုံးဟာ သံတမန်ရုံး ဖြစ်တဲ့အတွက် သံခင်းတမန်ခင်းကိစ္စတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကို ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် နိုင်ငံတွေမှာ ရုံးဖွင့်ခွင့်ပေးတာ NUG အစိုးရကို ယုံကြည်မှုရှိတယ်ဆိုတာကို ပြသလိုက်တာပါ။ ဒါပေမဲ့ ပြည်တွင်းကို လှည့်ကြည့်လိုက်မယ်ဆိုရင် စစ်ကိုင်း၊ ကရင်ပြည်နယ်နဲ့ အခြားဒေသ တော်တော်များများမှာ စစ်ဖြစ်နေတာတွေမှာ ချက်ချင်းပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ဒါက ရေရှည်တိုက်ပွဲပါ။ ဒီအချိန်မှာ NUG လုပ်ရမှာက စစ်ကောင်စီ တွန်းလှန်အင်အားစုတွေအားလုံး EAOs တွေ၊ သပိတ်ကော်မတီတွေအားလုံးနဲ့ ပိုမိုပူးပေါင်းရေးပဲ ဖြစ်ပါတယ်။

မေး ။ ။ အခုလို NUG ကို ရုံးဖွင့်ခွင့် ခွင့်ပြုလိုက်တာဟာ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလိုက်တာလား။ ဘယ်လိုအဆင့်အတန်းမျိုး သတ်မှတ်ပြီတော့ လက်ခံသလဲဆိုတာကို နည်းနည်းသုံးသပ်ပြပါ။

ဖြေ ။ ။ တရားဝင်အသိအမှတ်ပြုတာ သေချာပါတယ်။ ဒါက နည်းလမ်းတကျ လုပ်တာပါ။ အသွင်သဏ္ဍာန်သဘောပါ။ ဝါရှင်တန်ရုံးဖွင့်ပြီး လက်တွေ့မှာ အစည်းအဝေးတွေ၊ တွေ့ဆုံမှုတွေ လုပ်နိုင်ပါတယ်။ De Facto Representative ပါ။ တရားဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်စားပြုနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အရေးပါမှုကိုတော့ လျှော့တွက်လို့ မရပါဘူး။ အခုအချိန်အထိ အမေရိကန်ဟာ NUG နဲ့ EAOs တွေ စစ်အုပ်စုဆန့်ကျင်ရေးအဖွဲ့တွေကို စာနာမှုအကူအညီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေကို အများဆုံး ကူညီပေးနေသူပါ။ ဒါတွေက သိပ်ကိုအပြုသဘောဆောင်ပါတယ်။

မေး ။ ။ ထိုင်းနိုင်ငံ ချူလာလောင်းကွန်တက္ကသိုလ်က ပါမောက္ခသီတီနန် (Prof. Thitinan Pongsudhirak) က ရေးထားတာ တွေ့ရပါတယ်။ တကယ်လို့ NUG က ဆန့်ကျင်တွန်းလှန်ရေးအင်အားစုတွေအားလုံးကို စုစည်းထိန်းချုပ်ပြီး စည်းကမ်းစနစ်ကျတဲ့ စစ်အင်အားတရပ် ထူထောင်နိုုင်မယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတကာအကူအညီတွေ ထိထိရောက်ရောက် ပိုရလာနိုင်တယ်။ လက်နက်ပစ္စည်းတွေတောင် အကူအညီရနိုင်တယ်လို့ သူက သုံးသပ်ထားပါတယ်။ အဲဒီအချက်ကို David သဘောတူပါသလား။

ဖြေ ။ ။ အဲဒီသုံးသပ်ချက်က အလွန်ကောင်းတဲ့ အယူအဆပါ။ တကယ့်လက်တွေ့ ဖြစ်လာနိုင်တယ်။ ကြိုးစားသင့်ပါတယ်။ ဒါက သိပ်အပြုသဘောဆောင်တဲ့ ရေးသားချက်ပါ။ ဒါပေမဲ့ အခြေအနေက ရှုပ်ထွေးပါတယ်။ ကျနော်က ပါမောက္ခသီတီနန်နဲ့ သဘောကွဲလွဲတာ မဟုတ်ပါဘူး။ ဒီအခြေအနေမျိုး ဖြစ်လာအောင် တောင်းဆိုမှုတွေလည်း ရှိနေတာ အစောပိုင်းကတည်းပါ။ ဒါပေမဲ့ အဲဒီလို ပူးပေါင်းစုစည်းမှု တခုတည်းသောဗျူဟာ ထူထောင်နိုင်မှုကိစ္စတွေက ဖြစ်မလာနိုင်သေးပါဘူး။ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ မူလကတည်းက သဘောသဘာဝ ကွဲပြားနေပါတယ်။ ဒါကို အနောက်နိုင်ငံတွေက နားမလည်ကြပါဘူး။ သူတို့မျှော်လင့်သလိုလဲ ဖြစ်မလာနိုင်ပါဘူး။

မေး ။ ။ ဘာကြောင့် မဖြစ်နိုင်တာကိုလည်း ပြောပါအုံး။

ဖြေ ။ ။ ဘာကြောင့်လဲဆိုတော့ EAOs တွေ အများစုမှာ သူတို့ကိုယ်ပိုင်အစီအစဉ်အသီးသီး ရှိကြပါတယ်။ သူတို့ကိုယ်ပိုင် မျှော်မှန်းချက် သီးခြားမတူညီတဲ့ အခြေအနေတွေမှာ ရှိနေကြတာပါ။ သူတို့အင်အားနဲ့သူတို့ ရှိနေကြတာပါ။ သူတို့ ယုံကြည်လက်ခံနိုင်လောက်တဲ့ နိုင်ငံရေး၊ စစ်ရေး ခိုင်မာမှု NUG မှာ မရှိပါဘူး။ သူတို့လုပ်နိုင်တာက အားလုံးတပ်ပေါင်းစု Unified Front ကို ဘယ်လိုဖွဲ့စည်းဖို့၊ ငါတို့ ဘယ်လိုပါဝင်ကူညီရမလဲ။ ဘယ်လို လက်တွဲဆောင်ရွက်ကြမလဲဆိုတာပဲ ဖြစ်ပါတယ်။ EAOs တော်တော်များများက NUG ကို NLD ရဲ့ ဖန်တီးမှုတခုလို့ မြင်ကြပါတယ်။ သူတို့ဟာ အာဏာမသိမ်းချင်က NLD ကို မကျေမနပ် ဖြစ်ခဲ့ကြတာပါ။ နောက် PDFs အားလုံးကလည်း NUG အောက်မှာ မရှိဘဲ၊ သူတို့အမိန့်အာဏာ ထိန်းချုပ်မှုနဲ့ ရှိနေကြတာပါ။ ချုပ်ပြီးပြောရရင် သူတို့ကြားချင်တဲ့စကားနဲ့ တကယ်လက်တွေ့ ဖြစ်နေတဲ့ကြားမှာ အကွာအဟ ရှိနေပါတယ်။

မေး ။ ။ တချို့ကလည်း သုံးသပ်ကြပါတယ်။ NUG အစိုးရသည် ယခင်တုန်းက ဘယ် ဗမာကြီးစိုးသော အစိုးရနဲ့မှ နီးနီးကပ်ကပ်၊ ယုံယုံကြည်ကြည် ဆက်ဆံမှုမျိုး မရှိခဲ့ဘူးလို့ သုံးသပ်ထားကြပါတယ်။ ဒီသုံးသပ်ချက်အပေါ် David အနေနဲ့ ဘယ်လိုများ ဝေဖန်လိုပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အင်အားစုတွေအားလုံး NUG နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ သုံးသပ်ချက်အားလုံးကို ကျနော် ငြင်းပါတယ်။ ဒါက လက်တွေ့မှာ တက်မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းမှုတွေ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှုတွေ၊ ပုံစံမျိုးစုံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပေမဲ့ တိုင်းရင်းသားတွေအားလုံး တထပ်တည်းသဘောတူညီမှုတွေ ယခင်က မကြုံစဖူး ရရှိနေတယ်ဆိုတာကတော့ မဟုတ်သေးပါဘူး။ သူတို့ဟာ NUG နဲ့ ညီညွှတ်မှုအတွက် တနည်းနည်းကိုက်ညီမှုတွေ ရှိနေတာတော့ ဟုတ်ပါတယ်။ စစ်ကောင်စီကို မုန်းတီးတာ၊ စစ်တပ်နဲ့ မင်းအောင်လှိုင်ကို မုန်းတီးတာ။ ဒါတွေကတော့ တူညီကြပါတယ်။ NUG ရဲ့ ထိန်းချုပ်ကွပ်ကဲမှု၊ အမိန့်အာဏာအောက်မှာ တပေါင်းတစည်းတည်း ရှိနေတယ်ဆိုရင်တော့ မှားပါတယ်။ အဲဒီလိုဖြစ်နေပြီလို့ ပြောဆိုရေးသားနေကြသူတွေ၊ ပညာရှင်၊ သုတေသီတွေ၊ သတင်းသမားတွေ ဘယ်သူပဲဖြစ်ဖြစ် နောက်ပြန်ဆုတ်ပြီး ငါတို့ဟာ ဝါဒဖြန့်မှုတွေလုပ်နေပါလား။ ရှုပ်ထွေးတဲ့ တကယ့်ဖြစ်ရပ်မှန်တွေကို တင်ပြနေတာ ဟုတ်ရဲ့လားလို့ စမ်းစစ်ကြည့်သင့်ပါတယ်။

မေး ။ ။ တချိန်တည်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း Resolution ချမှတ်လိုက်တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ပေါ့။ ကာလအတန်ကြာအတွင်းမှာ ပထမဦးဆုံး ချမှတ်တာ ဖြစ်ပါတယ်။ စစ်ကောင်စီက အားကိုးအားထား ပြုနေတဲ့ တရုတ်၊ ရုရှားတိို့ကတောင်မှ ဒီကိစ္စမှာ မကန့်ကွက်ဘဲ၊ လက်လျှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကလဲ အပေါ်ယံပဲလား။

ဖြေ ။ ။ ဒါက အပေါ်ယံသဘော Symbolic ဆိုတာ အသေအချာပဲလို့ ကျနော် ထင်ပါတယ်။ ခင်များပြောတဲ့ တရုတ်၊ ရုရှားတို့ မဲမပေးဘဲ လက်လျှောင်ခဲ့ကြတယ်ဆိုတာလည်း အကြောင်းအမျိုးမျိုး ရှိပါတယ်။ ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေ အများကြီးပါ။ တရုတ်က မဲမပေးတာ စစ်ကောင်စီရဲ့ လုပ်ရပ်ကို သိပ်အမြင်မကြည်လို့ဆိုပြီး သုံးသပ်သူတချို့က ပြောနေကြပါတယ်။ ဒီလိုသာဆိုရင်တော့ အပြုသဘောဆောင်တဲ့ကိစ္စ ဖြစ်နိုင်ပါတယ်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ ကမ္ဘာမှာ အများကြီးပါ။ ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတော့ ဆုံးဖြတ်ချက်ချပြီး ရက်ပိုင်းအကြာမှာ တကယ့်လက်တွေ့အခြေအနေက ဆိုးဆိုးဝါးဝါး ပြန်ဖြစ်သွားတာတွေ မကြာခဏ တွေ့ရပါတယ်။ လုံခြုံရေးကောင်စီကလည်း အခု ကမ္ဘာ့အခြေအနေမှာ အခိုင်အမာ အားထားလောက်တဲ့ အနေအထား မရှိပါဘူး။ အခုချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကလည်း လျှော့လျှော့ပေါ့ပေါ့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ လက်တွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ၊ စာနာမှု လိုအပ်ချက်တွေကတော့ ဆိုးဆိုးဝါးဝါး ရှိနေဆဲ ဖြစ်ပါတယ်။ ဆိုတော့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ဘယ်အင်အားစုကမှ ဒါကို ကြီးမားတဲ့ အောင်မြင်မှုတရပ်အဖြစ် ယူဆနိုင်မယ် မဟုတ်ပါဘူး။

မေး ။ ။ အရေးကြီးတဲ့ နိုင်ငံတကာအဖွဲ့အစည်းထဲမှာ ထည့်ရမှာကတော့ အာဆီယံပဲ ဖြစ်ပါတယ်။ အာဆီယံမှာလည်း အင်ဒိုနီးရှားခေါင်းဆောင် ဖြစ်လာပြီးနောက်မှာ လေသံပိုပြီးတော့ တင်းမာလာတယ်ဆိုပြီးတော့ လူအများက တော်တော်လေးအားထားမျှော်လင့်နေကြပါတယ်။ ဘယ်လောက် မျှော်လင့်အားထားလောက်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အခု မြန်မာ့ပြဿနာအတွက် လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ခွန်အားဖြည့် တစုံတရာ အာဆီယံမှာ ရှိလာမယ်လို့ ကျနော် မမြင်မိပါဘူး။ အချို့ကတော့ အင်ဒိုနီးရှားက အလားအလာ ကောင်းနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ကျနော်ကတော့ ထိုးဖောက်ကျော်လွှာနိုင်မယ့်အခြေအနေ အလားအလာ မတွေ့ပါဘူး။ ဘယ်တုန်းကမှလဲ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတရပ် မဟုတ်ခဲ့ပါဘူး။ အခု အင်ဒိုနီးရှား ဥက္ကဋ္ဌ ဖြစ်လာတော့ ကောင်းတဲ့အချက်ပြမှုတွေ၊ ကြေညာချက်တွေ ထုတ်ပါတယ်။ ဒါပေမဲ့ ဘာလုပ်နိုင်မှာလဲ။ စစ်ကောင်စီနဲ့ မင်းအောင်လှိုင်က အာဆီယံနဲ့ အပေးအယူ မလုပ်ချင်ပါဘူး။ ပြီးခဲ့တဲ့ (၂) နှစ်အတွင်း ရှင်းရှင်းလင်းလင်း ပြသပြီသားပါ။ ကျနော် ထပ်ပြောချင်ပါတယ်။ ကျနော်တို့တွေ၊ သတင်းသမားတွေ သုံးသပ်ရေးသားကြတဲ့အခါမှာ မြန်မာပြည်တွင်းကိုပဲ အဓိကထား ကြည့်ရှုသုံးသပ်ကြရမှာ ဖြစ်ပါတယ်။ ပြဿနာက ပြည်တွင်းမှာ ဖြစ်နေတာပါ။ ပြေလည်မှု ရရှိရေးအတွက် အဖြေဟာ ပြည်တွင်းမှာပဲ ရှိနေတာပါ။ ဝါရှင်တန်မြို့တော်နဲ့ ဒါမှမဟုတ် ဘေဂျင်းတို့မှာ အခြေပြုတဲ့ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေမှာ ရှာဖွေလို့ မရပါဘူး။

မေး ။ ။ နောက်ဆုံးတော့ ဘယ်သူမှ အတိအကျ သိနိုင်မှာ မဟုတ်ဘူးဆိုတဲ့ မေးခွန်းတခုကို ကျနော် မေးချင်ပါတယ်။ ဘာပဲပြောပြော David က မြန်မာနိုင်ငံအရေးကို နီးနီးကပ်ကပ် စောင့်ကြည့်နေတဲ့လူ ဖြစ်တဲ့အတွက် ဖြေကြည့်ပါအုံး။ ဒီပဋိပက္ခက ဘယ်တော့ ချုပ်ငြိမ်းမလဲလို့ ထင်သလဲ။ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဘေးဒုက္ခတွေ ဘယ်တော့လွတ်မြောက်မယ်။ ဘယ်တော့ ငြိမ်းချမ်းမှု ရမလဲဆိုတာကို နောက်ဆုံးသုံးသပ်ပေးပါ။

ဖြေ ။ ။ အဖြေကို ဘယ်သူမှ သိလိမ့်မယ် မထင်ပါဘူး။ ကျနော့်အမြင်ကလည်း သိပ်မပြည့်စုံပါဘူး။ ပြီးတော့ စစ်တပ်က မြန်မာပြည်သူတွေကို ရက်စက်မှုတွေ ကျူးလွန်နေတာကို အခြေခံသုံးသပ်မှာဆိုတော့ ဒီအခြေအနေကနေ အဓိကပြောင်းလဲမှုတရပ် ဖြစ်သွားစရာ မတွေ့ပါဘူး။ ၂၀၂၃ မှာ တဘက်ဘက်က အပြတ်အသတ် အနိုင်ရမယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါက နိုင်ငံတခုနဲ့တခုကြား ဖြစ်ပွားနေတဲ့ စစ်ပွဲလည်း မဟုတ်ပါဘူး။ ဖြစ်ရတဲ့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း သိသာတဲ့ အဲဒီလိုဖြစ်နေတဲ့ စစ်ပွဲတွေကိုတောင်မှ ခရစ်စမတ်မှာ အဆုံးသတ်မယ်။ ဘယ်အချိန်မှာ ပြီပြတ်မယ်ဆိုတာကို ပြောရတာ သိပ်ခက်ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခတွေမှာ အပြောင်းအလဲဖြစ်စေတဲ့ အခြေအနေတွေ၊ အကြောင်းတရားတွေ အများအပြား ရှိနေပါတယ်။ နိုင်ငံအစိတ်အပိုင်း အများအပြားမှာလည်း ရှိနေပါတယ်။ ဆိုတော့ စိတ်ချလက်ချ ပြောနိုင်တဲ့ ခန့်မှန်းချက်ကတော့ ပဋိပက္ခတွေကြားမှာ ပြည်သူလူထုတွေ၊ ဆင်းရဲဒုက္ခကြုံတွေ့နေကြရအုံးမယ်ဆိုတာပဲ ဖြစ်ပါတယ်။ စီးပွားရေးလည်း ပိုမိုကျပ်တည်းလာမယ်။ နောက်တခုက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့မြို့ကြီးတွေက လူတွေကြား သဘောကွဲလွဲမှုတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ အဲဒီမှာ လူတချို့က ပဋိပက္ခ ထူပြောတဲ့ ဒေသတွေက အခြေအနေတွေနဲ့ မတူတဲ့ ပုံစံမျိုးနဲ့ ဆက်လက်ရှင်သန်ရပ်တည်ရေး လုပ်ဆောင်ရတဲ့လူတွေပါ။ နောက်ဆုံး ခြုံပြောရရင်တော့ အခက်အခဲဒုက္ခတွေက လွတ်မြောက်ဖို့ လမ်းစမမြင်ရသေးဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ ပြောချင်ပါတယ်။

XS
SM
MD
LG