မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်ခွင့် ထပ်မံကျဆင်း (Freedom House)
{{Zawgyi/Unicode}}
အမေရိကန် အခြေစိုက် Freedom House အဖွဲ့ကြီးက အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကမ ္ဘာတဝှမ်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို အင်တာနက် လွတ်လပ်မှုမရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ ကမ ္ဘာတလွှား အင်တာနက် လွတ်လပ်မှု ၁၂ နှစ် ဆက်တိုက် ကျဆင်းလာနေပြီး ဒီနှစ်အတွင်း အဆိုးရွားဆုံးကျဆင်းတဲ့ နိုင်ငံ ၄ ခုထဲမှာ ရုရှား၊ ဆူဒန်၊ လစ်ဗျားနဲ့ အတူ မြန်မာနိုင်ငံကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ကမ ္ဘာတလွှား နိုင်ငံပေါင်း ၇၀ ရဲ့ အင်တာနက် လွတ်လပ်မှုတွေကို လေ့လာသုံးသပ်ခဲ့တာ ဖြစ်ပြီး ဒီထဲက နိုင်ငံ ၂၁ နိုင်ငံကို အင်တာနက် လွတ်လပ်မှု မရှိတဲ့ နိုင်ငံတွေအဖြစ် Freedom House အဖွဲ့ကြီးက သတ်မှတ်လိုက်တာပါ။ အင်တာနက် လွတ်လပ်မှု မရှိတဲ့ နိုင်ငံများထဲမှာ မြန်မာက ဒုတိယအဆိုးဆုံး ဖြစ်ပြီး သူ့နောက်မှာတော့ တရုတ်တနိုင်ငံတည်းသာ ရှိပါတယ်။
Freedom House အဖွဲ့ကြီးရဲ့ အမှတ်ပေးသတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ နောက်ထပ် ၅ မှတ် ထိုးကျသွားပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၁၉ မှတ် ကျဆင်းသွားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝက်ဘ်ဆိုက်ဒ် ၁၂၀၀ ကျော် ပိတ်ပင်ခံခဲ့ရသလို၊ လူမှုကွန်ယက်တွေ အသုံးပြုခွင့် ပိတ်ပင်တာ၊ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တဲ့အကြောင်း အစီရင်ခံစာက ရေးပါတယ်။
ပြည်တွင်း အင်တာနက်သုံးသူတွေအကြား စစ်တပ်လိုလားတဲ့သူတချို့ပဲ ကျန်ခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ သာမန်ပြည်သူတွေရဲ့ ပြီးခဲ့တဲ့နှစ်အတွင်း အွန်လိုင်းကနေ ပျောက်ကွယ်သွားတာကို အစီရင်ခံစာက ထောက်ပြပါတယ်။
နော်ဝေနိုင်ငံက Telenor ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံက လုပ်ငန်းတွေ မဖြစ်မနေ ရောင်းချခဲ့ရချိန်မှာ မြန်မာစစ်ကောင်စီဘက်အနေနဲ့ တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍအပေါ် အပြည့်အ၀ ထိန်းချုပ်လာတဲ့အကြောင်းလည်း အစီရင်ခံစာက ရေးသားပါတယ်။
.........................................
{{Zawgyi/Unicode}}