သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကမၻ႕ာႏိုင္ငံမ်ား လြတ္လပ္မႈစာရင္း ျမန္မာအဆင္႔ လြန္စြာ က်ဆင္း


Freedom House 2022

[[ ZAWGYI / UNICODE ]]

ကမၻ႕ာႏိုင္ငံမ်ား လြတ္လပ္မႈစာရင္း ျမန္မာအဆင္႔ လြန္စြာ က်ဆင္း

ကမာၻတလႊား လြတ္လပ္မႈဆိုင္ရာ ေစာင့္ၾကည့္ မွတ္တမ္းတင္တဲ့ အေမရိကန္အေျခစိုက္ Freedom House အဖြဲ႔ႀကီးရဲ့ ေဖေဖၚဝါရီ ၂၄ ရက္ ထုတ္ျပန္တဲ့ ၂၀၂၂ ခုႏွစ္အတြက္ ကမာၻတလႊား လြတ္လပ္မႈဆိုင္ရာ အစီရင္ခံစာမွ ျမန္မာႏိုင္ငံရဲ့ လြတ္လပ္မႈဟာ ဆိုးဆိုးဝါးဝါး က်ဆင္းလာေနၿပီး အခု ၉ ရာခိုင္ႏႈန္းပဲ ရွိေတာ့တယ္လို႔ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဒါဇင္နဲ႔ခ်ီတဲ့ အစိုးရအရာရွိေတြကို ဖမ္းဆီးၿပီး ၂၀၂၀ ေရြးေကာက္ပြဲအႏိုင္ရ လႊတ္ေတာ္အမတ္ေတြ လႊတ္ေတာ္ေခၚယူခြင့္ မရေအာင္ မႏွစ္က ေဖေဖၚဝါရီမွာ စစ္တပ္အာဏာသိမ္းခဲ့ ခ်ိန္ကစၿပီး ေရွ႕မတိုးေနာက္မဆုတ္ျဖစ္ေနတဲ့ ျမန္မာႏုိင္ငံရဲ့ ဒီမိုကေရစီ အကူးအေျပာင္းဟာ လံုးဝ လမ္းေၾကာင္းေျပာင္းသြားခဲ့တယ္လို႔ သံုးသပ္ထားပါတယ္။

ႏိုင္ငံတလႊား ဒီမိုကေရစီေရး ေတာင္းဆို ဆႏၵျပမႈေတြနဲ႔အတူ အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈေတြကို စစ္တပ္က အၾကမ္းဖက္ၿဖိဳခြဲမႈေတြ တႏွစ္ပတ္လံုး ေတြ႔ေနရတဲ့အျပင္ စစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြၾကား တိုက္ပြဲေတြလည္း ဆက္လက္ျဖစ္ပြါးေနတယ္လို႔ေျပာပါတယ္။

ျမန္မာႏို္င္ငံရဲ့ အင္တာနက္ လြတ္လပ္ခြင့္ကလည္း အနိမ့္ဆံုးအဆင့္ကို ေရာက္ေနတယ္လုိ႔ မႏွစ္က စက္တင္ဘာမွာ Freedom House အဖြဲ႔က အစီရင္ခံစာ ထုတ္ျပန္ခဲ့တာပါ။

ကမာၻ႔ႏိုင္ငံနဲ႔ နယ္ေျမစုစုေပါင္း ၂၁၀ မွာ ေနထုိင္သူေတြရဲ့ ႏုိင္ငံေရးနဲ႔ လူမႈလြတ္လပ္ခြင့္ဆိုင္ရာ Freedom House ရဲ့ အစီရင္ခံစာထဲမွာ ျမန္မာႏုိင္ငံအတြက္ ၂၀၂၁ ခုႏွစ္က လြတ္လပ္မႈဟာ ၁၀၀ မွာ ၂၈ ရွိခဲ့ရာကေန အခု ၂၀၂၂ မွာေတာ့ ၉ အထိ က်ဆင္းသြားတယ္လို႔ ေဖၚျပထားပါတယ္။

ကမာၻတလႊား လြပ္လပ္မႈစံဟာ ၁၆ ႏွစ္ ဆက္တုိက္ က်ဆင္း လာေနတာေတြ႔ရၿပီး ဒီမိုကေရစီအတြက္ ၿခိမ္းေျခာက္မႈေတြ ျဖစ္လာေနေၾကာင္းနဲ႔ ၂၀၂၁ အတြင္း လြတ္လပ္မႈဆိုင္ရာ တိုးတက္လာတဲ့ ႏိုင္ငံ ၂၅ ႏိုင္ငံရွိေနေပမယ့္ ျမန္မာအပါအဝင္ ႏုိင္ငံေပါင္း ၆၀ မွာ က်ဆင္း လာတယ္လုိ႔ ေျပာပါတယ္။

ကမာၻ႔လူဦးေရ ၂၀ ရာခိုင္ႏႈန္းဟာ လြတ္လပ္တဲ့ႏိုင္ငံေတြမွာ ေနေနရေပမယ့္၊ ၃၈ ရာခိုင္ႏႈန္းက လြတ္လပ္မႈ မရွိတဲ့ ႏိုင္ငံေတြမွာ ေနေနၾကရတာေၾကာင့္ ဒါဟာ ၁၉ ၉ ၇ ခုႏွစ္က စၿပီး အမ်ားဆံုးျဖစ္ေန ေၾကာင္းလည္း ေဖၚျပထားပါတယ္။

ျမန္မာႏို္င္ငံအျပင္ တရုတ္၊ ေျမာက္ကိုရီးယား၊ ေတာင္ဆူဒန္နဲ႔ ဆီးရီးယားလို ႏိုင္ငံေတြမွာ ၁၀ ရာခိုင္ႏႈန္းေအာက္ပဲ လြတ္လပ္ခြင့္ရွိေနခ်ိန္မွာ ဖင္လန္နဲ႔ ေနာ္ေဝႏိုင္ငံေတြကေတာ့ ၁၀၀ ရာႏႈန္းျပည့္ လြတ္လပ္မႈ ရွိေၾကာင္း ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = =

{{ UNICODE }}

ကမ္ဘ့ာနိုင်ငံများ လွတ်လပ်မှုစာရင်း မြန်မာအဆင့် လွန်စွာ ကျဆင်း

ကမ္ဘာတလွှား လွတ်လပ်မှုဆိုင်ရာ စောင့်ကြည့် မှတ်တမ်းတင်တဲ့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ဖေဖေါ်ဝါရီ ၂၄ ရက် ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာတလွှား လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာမှ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုဟာ ဆိုးဆိုးဝါးဝါး ကျဆင်းလာနေပြီး အခု ၉ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒါဇင်နဲ့ချီတဲ့ အစိုးရအရာရှိတွေကို ဖမ်းဆီးပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေ လွှတ်တော်ခေါ်ယူခွင့် မရအောင် မနှစ်က ဖေဖေါ်ဝါရီမှာ စစ်တပ်အာဏာသိမ်းခဲ့ ချိန်ကစပြီး ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းဟာ လုံးဝ လမ်းကြောင်းပြောင်းသွားခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

နိုင်ငံတလွှား ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေနဲ့အတူ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲမှုတွေ တနှစ်ပတ်လုံး တွေ့နေရတဲ့အပြင် စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွါးနေတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်ခွင့်ကလည်း အနိမ့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ မနှစ်က စက်တင်ဘာမှာ Freedom House အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေစုစုပေါင်း ၂၁၀ မှာ နေထိုင်သူတွေရဲ့ နိုင်ငံရေးနဲ့ လူမှုလွတ်လပ်ခွင့်ဆိုင်ရာ Freedom House ရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအတွက် ၂၀၂၁ ခုနှစ်က လွတ်လပ်မှုဟာ ၁၀၀ မှာ ၂၈ ရှိခဲ့ရာကနေ အခု ၂၀၂၂ မှာတော့ ၉ အထိ ကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။

ကမ္ဘာတလွှား လွပ်လပ်မှုစံဟာ ၁၆ နှစ် ဆက်တိုက် ကျဆင်း လာနေတာတွေ့ရပြီး ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာနေကြောင်းနဲ့ ၂၀၂၁ အတွင်း လွတ်လပ်မှုဆိုင်ရာ တိုးတက်လာတဲ့ နိုင်ငံ ၂၅ နိုင်ငံရှိနေပေမယ့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၆၀ မှာ ကျဆင်း လာတယ်လို့ ပြောပါတယ်။

ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းဟာ လွတ်လပ်တဲ့နိုင်ငံတွေမှာ နေနေရပေမယ့်၊ ၃၈ ရာခိုင်နှုန်းက လွတ်လပ်မှု မရှိတဲ့ နိုင်ငံတွေမှာ နေနေကြရတာကြောင့် ဒါဟာ ၁၉ ၉ ၇ ခုနှစ်က စပြီး အများဆုံးဖြစ်နေ ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအပြင် တရုတ်၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်နဲ့ ဆီးရီးယားလို နိုင်ငံတွေမှာ ၁၀ ရာခိုင်နှုန်းအောက်ပဲ လွတ်လပ်ခွင့်ရှိနေချိန်မှာ ဖင်လန်နဲ့ နော်ဝေနိုင်ငံတွေကတော့ ၁၀၀ ရာနှုန်းပြည့် လွတ်လပ်မှု ရှိကြောင်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG