သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာရဲတပ္ဖဲြ႕ အာဏာရွင္အစိုးရေတြ လက္ေအာက္ေရာက္မည္႔အေရး လူ႔အခြင္႔အေရးအမားေတြစိုးရိမ္


အင္တာပိုလ္ ရံုးခ်ဳပ္ အ၀င္။ ဓာတ္ပံု - Associated Press ႏို၀င္ဘာလ ၈၊ ၂၀၁၈။

(Zawgyi/ Unicode)

ႏိုင္ငံတကာ ရဲတပ္ဖြဲ႔ Interpol ရဲ႕ ေခါင္းေဆာင္ပိုင္းသစ္ကို ေရြးခ်ယ္ဖို႔ ဒီသီတင္းပတ္ အတြင္းမွာဘဲ တူရကီ ႏိုင္ငံ အစၥတန္ဘူလ္ ၿမိဳ႕မွာ စည္းေ၀းၾကဖို႔ ရွိေနပါတယ္။ ဒါေပမယ့္လည္း Interpol ရဲ႕ ၾသဇာႀကီးတဲ႔ ကမ ၻာတ၀န္း ရဲ၀န္ထမ္းမ်ားရဲ႕ ကြန္ရက္ဟာ အာဏာရွင္ အစိုးရေတြရဲ႕ လက္ေအာက္ကို က်ေရာက္သြားႏိုင္ေၾကာင္းလည္း လူ႔အခြင့္အေရး အဖြဲ႔ေတြနဲ႔ အေနာက္ႏိုင္ငံေတြက လႊတ္ေတာ္ အမတ္ေတြက သတိေပးေနၾကပါတယ္။

ျပင္သစ္ အေျခစိုက္ Interpol ရဲ႕ အေထြေထြညီလာခံကို တူရကီမွာ အဂၤါေန႔ က်င္းပမွာျဖစ္ၿပီး အဖြဲ႔ႀကီးရဲ႕ ထိပ္ပိုင္း ရာထူးေတြ အတြက္ ယွဥ္ၿပိဳင္ေနၾကသူေတြထဲမွာ တ႐ုတ္နဲ႔ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု တို႔လို ႏိုင္ငံေတြက ကိုယ္စားလွယ္ေတြလည္း ပါ၀င္ပါတယ္။ ႏိုင္ငံေရး အတြက္ အသံုးခ်ခံမွာ မဟုတ္ဘူးလို႔ ႏိုင္ငံတကာ ရဲတပ္ဖြဲ႔ Interpol က ေျပာပါတယ္။

ဒါေပမယ့္လည္း ဒီ ကိုယ္စားလွယ္ေတြသာ အႏိုင္ရသြားရင္ေတာ့ မူးယစ္ေမွာင္ခိုေတြ၊ လူေမွာင္ခိုေတြ၊ စစ္ရာဇ၀တ္မႈ သံသယ ရွိသူေတြ၊ အစြန္းေရာက္ဝါဒီေတြလို႔ စြပ္စြဲခံရသူေတြကို ေဖာ္ထုတ္ ဖမ္းဆီးမယ့္ အစား ျပည္ပမွာ တိမ္းေရွာင္ေနတဲ႔ အတိုက္အခံေတြ၊ ျပည္တြင္းက ႏိုင္ငံေရး အတိုက္အခံေတြကို ဖမ္းဆီးေရး ႏိုင္ငံတကာ ရဲတပ္ဖြဲ႔ Interpol ရဲ႕ ကမ ၻာတလႊား ခ်ိတ္ဆက္မႈကို သူတို႔ ႏိုင္ငံေတြက အသံုးျပဳလာမယ္လို႔ ေ၀ဖန္သူေတြက ေျပာၾကပါတယ္။

အထူးသျဖင့္ ေ၀ဖန္ခံေနရတဲ႔ ကိုယ္စားလွယ္ေလာင္း ၂ ဦးကေတာ့ Interpol အႀကီးအကဲ အျဖစ္ ၄ ႏွစ္သက္တမ္း အတြက္ ေရြးေကာက္ခံရေရး ႀကိဳးစားေနတဲ႔ အာရပ္ ေစာ္ဘြားမ်ား ျပည္ေထာင္စု UAE ရဲ႕ ျပည္ထဲေရး ၀န္ႀကီးဌာနမွာ စံုစမ္းေရးမွဴးခ်ဳပ္ ျဖစ္တဲ႔ ဗိုလ္ခ်ဳပ္ Ahmed Aaser al-Raisi နဲ႔ Interpol ရဲ႕ အမႈေဆာင္ ေကာ္မတီ၀င္ ကိုယ္စားလွယ္ေလာင္း ျဖစ္တဲ႔ တ႐ုတ္ ျပည္သူ လံုျခံဳေရး ၀န္ႀကီးဌာနက အရာရွိ Hu Binchen တို႔ ျဖစ္ပါတယ္။

အင္တာပိုလ္ရဲ႕ ေခါင္းေဆာင္ပိုင္းသစ္ကိုေတာ့ ၾကာသပေတးေန႔မွာ မဲေပးၾကမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

နိုင်ငံတကာရဲတပ်ဖွဲ့ အာဏာရှင်အစိုးရတွေ လက်အောက်ရောက်မည့်အရေး လူ့အခွင့်အရေးအမားတွေစိုးရိမ်

နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ရဲ့ ခေါင်းဆောင်ပိုင်းသစ်ကို ရွေးချယ်ဖို့ ဒီသီတင်းပတ် အတွင်းမှာဘဲ တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ စည်းဝေးကြဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း Interpol ရဲ့ သြဇာကြီးတဲ့ ကမ ္ဘာတဝန်း ရဲဝန်ထမ်းများရဲ့ ကွန်ရက်ဟာ အာဏာရှင် အစိုးရတွေရဲ့ လက်အောက်ကို ကျရောက်သွားနိုင်ကြောင်းလည်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက လွှတ်တော် အမတ်တွေက သတိပေးနေကြပါတယ်။

ပြင်သစ် အခြေစိုက် Interpol ရဲ့ အထွေထွေညီလာခံကို တူရကီမှာ အင်္ဂါနေ့ ကျင်းပမှာဖြစ်ပြီး အဖွဲ့ကြီးရဲ့ ထိပ်ပိုင်း ရာထူးတွေ အတွက် ယှဉ်ပြိုင်နေကြသူတွေထဲမှာ တရုတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု တို့လို နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေး အတွက် အသုံးချခံမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က ပြောပါတယ်။

ဒါပေမယ့်လည်း ဒီ ကိုယ်စားလှယ်တွေသာ အနိုင်ရသွားရင်တော့ မူးယစ်မှောင်ခိုတွေ၊ လူမှောင်ခိုတွေ၊ စစ်ရာဇဝတ်မှု သံသယ ရှိသူတွေ၊ အစွန်းရောက်ဝါဒီတွေလို့ စွပ်စွဲခံရသူတွေကို ဖော်ထုတ် ဖမ်းဆီးမယ့် အစား ပြည်ပမှာ တိမ်းရှောင်နေတဲ့ အတိုက်အခံတွေ၊ ပြည်တွင်းက နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းဆီးရေး နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ရဲ့ ကမ ္ဘာတလွှား ချိတ်ဆက်မှုကို သူတို့ နိုင်ငံတွေက အသုံးပြုလာမယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

အထူးသဖြင့် ဝေဖန်ခံနေရတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးကတော့ Interpol အကြီးအကဲ အဖြစ် ၄ နှစ်သက်တမ်း အတွက် ရွေးကောက်ခံရရေး ကြိုးစားနေတဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စု UAE ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ စုံစမ်းရေးမှူးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ် Ahmed Aaser al-Raisi နဲ့ Interpol ရဲ့ အမှုဆောင် ကော်မတီဝင် ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ တရုတ် ပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက အရာရှိ Hu Binchen တို့ ဖြစ်ပါတယ်။

အင်တာပိုလ်ရဲ့ ခေါင်းဆောင်ပိုင်းသစ်ကိုတော့ ကြာသပတေးနေ့မှာ မဲပေးကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG