သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံျမန္မာ ဆက္ဆံေရး ေရွ႕ခရီး အာဆီယံဆိုင္ရာ NUG သံအမတ္ႀကီး အျမင္


Bo Hla-Tint, the exiled government's Minister of Foreign Affairs and member of the National League in Myanmar

အာဆီ-ယံျမန္မာ ဆက္ဆံေရး ေရွ႕ခရီး အာဆီယံဆိုင္ရာ NUG သံအမတ္ႀကီး အျမင္

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အာဆီယံရဲ႕အစဥ္အလာမဟုတ္တဲ့ ေဆာင္ရြက္ခ်က္ေတြနဲ႔ေရွ႕ဆက္ေလွ်ာက္လွမ္းေနတာေတြဟာ စစ္ေကာင္စီဘက္က မွန္မွန္ကန္ကန္ပူးေပါင္းေဆာင္ရြက္မႈေတြ မရွိခဲ့တဲ့အတြက္ေၾကာင့္ျဖစ္ၿပီး ဒီအေျခအေနမွာ NUG အစိုးရအေနနဲ႔အာဆီယံနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ NUG က အသစ္ခန္႔အပ္လိုက္တဲ့ အာဆီယံဆိုင္ရာ သံတမန္ ဦးဘိုလွတင့္က ဗြီအိုေအကို ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ သံတမန္ေရးနဲ႔ အာဆီယံေဒသအေရး ကြ်မ္းက်င္သူ စကၤာပူႏိုင္ငံသူ Noleen Hezer ကို ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ အျဖစ္ခန္႔အပ္လိုက္တဲ့အတြက္ ျမန္မာ့အေရး ကုလသမဂၢရဲ႕ ကိုင္တြယ္မႈအေပၚ ဘယ္လို သက္ေရာက္မႈေတြရွိႏိုင္မလဲ။

မအင္ၾကင္းႏိုင္က ဦးဘိုလွတင့္ကို Zoomကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္ ။. ။ မူဝါဒပိုင္းဆိုင္ရာ အားနည္းခ်က္ေတြရွိေနတဲ့ အာဆီယံအေနနဲ႔ ဒီတေခါက္ ျမန္မာအေရးမွာေတာ့ အဖြဲ႔ရဲ႕ စည္းမ်ဥ္းစည္းကမ္းသစ္ေတြ ခ်ဳိးေဖာက္ရင္ အေရးယူေဆာင္ရြက္ႏိုင္တယ္ဆိုတဲ့ နည္းလမ္းေတြရွိေနတယ္ဆိုတာကို ဒီႏွစ္ အာဆီယံထိပ္သီးေဆြးေႏြးပြဲက ျပလိုက္တာျဖစ္တယ္လို႔ NUG အာဆီယံဆိုင္ရာ သံတမန္သစ္ ဦးဘိုလွတင့္ က ဗြီအိုေအ ကိုေျပာပါတယ္။

ဦးဘိုလွတင့္ ။.။ အာဆီယံရဲ႕ ခ်ာတာထဲမွာသည္ပင္လွ်င္ အဖြဲ႔ဝင္ႏိုင္ငံတႏိုင္ငံရဲ႕ အုပ္ခ်ဳပ္သူလူတန္းစာက သူရဲ႕အရည္အေသြးနဲ႔ အဖြဲ႔ဝင္ အဖြဲ႔ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကို ေလးစားလိုက္နာလိုက္နာဖို႔ ပ်က္ကြက္တယ္ဆိုရင္ သူတို႔မပါပဲနဲ႔ ဆက္လက္ေဆာင္ရြက္သြားႏိုင္ဖို႔ စည္းမ်ဥ္းစည္းကမ္းေတြလည္းရွိတယ္ဆိုတာကို ဒီေန႔ ၂ဝ၂၁ အာဆီယံထိပ္သီးေဆြးေႏြးပြဲကေန ျပလိုက္တယ္လို႔ က်ေနာ္ေျပာၾကရမွာျဖစ္ပါတယ္။ အဲေတာ့ အာဆီယံက အစဥ္အလာမဟုတ္တဲ့ ေဆာင္ရြက္ခ်က္မ်ဳိးကို စတင္ေဆာင္ရြက္တဲ့ အေနအထားမ်ဳိးမွာ ရွိပါတယ္။ ဒါ့ေၾကာင့္ က်ေနာ္တို႔ အမ်ုိးသားညီညြတ္ေရးအစိုးရကလည္းပဲ ဒီအေျခေနေကာင္းမွာ အာဆီယံအဖြဲ႔အစည္းဟာ ျမန္မာႏိုင္ငံျပသာနာကိုသာမက ေဒသတြင္းဆုိင္ရာ လူသားခ်င္းစာနာမႈ ပဋိပကၡေတြ၊ လူ႔အခြင့္အေရးဆိုင္ရာ ပဋိပကၡေတြထိ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏိုင္တဲ့အဖြဲ႔အစည္းျဖစ္လာဖို႔ ပူးေပါင္းေဆာင္ရြက္ရမယ္။ ထိုးေဖာက္ေဆာင္ရြက္ရမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ က်ေနာ္တို႔ ခုလို အာဆီယံ သံတမန္ေတြခန္႔အပ္ၿပီးေတာ့ ႀကိဳးပန္းေဆာင္ရြက္မႈျဖစ္ပါတယ္။

အင္ၾကင္းႏိုင္ ။. ။ NUG ဖက္က အာဆီယံနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြရွိတယ္ဆိုေပမယ့္NUG ကို အာဆီယံဖက္က တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳဖို႔ မျဖစ္ႏိုင္ဘူးဆိုတဲ့ သုံးသပ္ခ်က္ေတြရွိေနတဲ့အတြက္ ဘယ္လိုအတိုင္းအတာမ်ဳိးနဲ႔ NUG က ပူးေပါင္းေဆာင္ရြက္မွာလည္း ဦးဘိုလွတင့္ ကေတာ့ အခုလိုတုံျပန္ေျပာဆိုပါတယ္။

ဦးဘုိလွတင့္ ။. ။ အဲဒီ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ အသိအမွတ္ျပဳမူရရွိဖို႔ကေတာ့ က်ေနာ္တို႔ဖက္က ႀကိဳးပန္းေဆာင္ရြက္မႈေတြဟာပိုၿပီးေတာ့ စနစ္က်မႈနဲ႔ ထိေရာက္ဖို႔လိုအပ္သလို စစ္အုပ္စုရဲ႕ အရည္အေသြးညံဖ်င္းမႈကလည္း အေထာက္အကူျဖစ္လိမ့္မယ္လို႔လည္း က်ေနာ္တို႔က ယုံၾကည္ထားပါတယ္။ ျမန္မာႏိုင္ငံမွာ အာဆီယံအေနနဲ႔ ယုံၾကည္ၿပီးေတာ့ လက္တြဲႏိုင္မယ့္ စုဖြဲ႔မႈနဲ႔ အုပ္ခ်ုပ္မႈအစိုးရဟာ အမ်ဳိးသားညီညြတ္ေရးအစိုးရပဲျဖစ္တယ္။ လက္ရွိစစ္ေကာင္စီကေတာ့ အာဆီယံက ယုံၾကည္ကိုးစားလက္တြႏိုင္ေလာက္တဲ့အေနအထားမွာ မရွိဘူးဆိုတာ စစ္ေကာင္စီက သက္ေသျပခဲ့ၿပီးသားျဖစ္တယ္။ ဆက္လက္ၿပီးေတာ့လည္း သက္ေသျပမယ္ဆိုရင္ေတာ့ ေရြးခ်ယ္မႈကေတာ့ အာဆီယံေခါင္းေဆာင္မႈရဲ႕အေပၚမွာ မူတည္ပါတယ္။

အင္ၾကင္းႏိုင္ ။.။ တခ်ိန္တည္းမွာ အာဆီယံအဖြဲ႔ဝင္ စကၤာပူႏိုင္ငံသူ Noeleen Heyzer ကို ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္အျဖစ္ ခန္႔အပ္လိုက္တဲ့အေပၚမွာ ဘယ္လိုအျမင္ရွိပါသလဲလို႔ ဦးဘိုလွတင့္ ကိုေမးၾကည့္တဲ့အခါမွာ

ဦးဘိုလွတင့္ ။. ။ အခုလို အသစ္ခန္႔အပ္လိုက္တဲ့ စကၤာပူႏိုင္ငံရဲ႔ သံတမန္ေရးအေတြ႔အႀကဳံေရာ အရင္က အာဆီယံရဲ႕ လူသားခ်င္းစာနာေထာက္ထားတဲ့ေနရာေတြမွာ အကူအညီျဖန္႔ျဖဴးတဲ့ေနရာေတြမွာေရာ အေတြ႔ႀကဳံနဲ႔ ရင့္ႀကက္မႈရွိသူ သံတမန္တဦးကို အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ရဲ႕ကုိယ္စားလွယ္အျဖစ္ခန္႔အပ္လိုက္တဲ့ ကိစၥကေတာျဖစ္ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံစစ္ေကာင္စီနဲ႔ဆက္ဆံေရးမွာ ေပ်ာ့ေျပာင္းတဲ့ သေဘာထားတခုကိုျပေပးလိုက္တယ္။ တကယ္လို႔ အရင္တုံးက Special Envoy နဲ႔ အဆင္မေျပေပမယ္လို႔ ယုံၾကည္လက္ခံႏိုင္တဲ့ ျမန္မာျပည္ရဲ႕ အခက္ခဲေတြကိုလည္း ပါဝင္ေျဖရွင္းေပးတဲ့ အေတြ႔အႀကဳံရွိသူ သံတမန္တေယာက္ကုိ ခန္႔အပ္လိုက္လို႔ရွိရင္ေတာ့ ပိုၿပီးေတာ့ စစ္ေကာင္စီအေနနဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ထားေကာင္းထားႏိုင္ပါတယ္။ ဒါေၾကာင့္မိုလို႔ အဲဒီအေပၚမွာ ကုလသမဂၢရဲ႕ ျပင္လယ္ျပဳလြယ္ ေပ်ာ့ေျပာင္းတဲ့ သေဘာထားကို ျပတဲ့အေနနဲ႔ ပူးေပါင္းေဆာင္ရြက္မႈလုပ္ႏိုင္ေအာင္ ျပင္ဆင္ေပးလိုက္တယ္လို႔ က်ေနာ္သုံးသပ္မိပါတယ္။

အင္ၾကင္းႏိုင္ ။.။ အရင္အထူးကိုယ္စားလွယ္ Christine Schraner Burgener ကေတာ့ စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံဟာ ျပည္တြင္းစစ္ေတာင္ေလာင္မႈကို ဦးတည္ေနၿပီး ျပသာနာေတြေျဖရွင္းႏိုင္ေရး ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကို ရာထူးကဆင္းေပးဖို႔အထိေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ အခုအသစ္ခန္႔အပ္လိုက္တဲ့ အထူးကိုယ္စာ းလွယ္က သူအရင္လုပ္ခဲ့တဲ့ အထူးကိုယ္စားလွယ္ရဲ႕ေျခလွမ္းအတုိင္းသြားဖို႔ရွိမလား။ ဒါမွမဟုတ္ အေျပာင္းအလဲရွိမလား။ ဦးဘိုလွတင့္ အျမင္က

ဦးဘိုလွတင့္ ။. ။ ဒီစစ္ေကာင္စီကိုယ္တုိင္ကပင္လွ်င္ ျမန္မာႏိုင္ငံမွာ ပဋိပကၡအားလုံးရဲ႕ အရင္းအျမစ္ေပါ့။ အဲဒီေတာ့ ျမန္မာႏိုင္ငံရဲဲ႕ျပသာနာမ်ားကို အျပဳသေဘာေဆာင္ ခ်ည္းကပ္မႈနဲ႔ အေျဖရွာသည္ျဖစ္ေစ၊ ဖိအားေပးနဲ႔ အေျဖရွာသည္ျဖစ္ေစ၊ အဓိကကေတာ့ စစ္ေကာင္စီဟာ ႏိုင္ငံတကာမိသားစု ေဒသတြင္းဆိုင္ရာအဖြဲ႔အစည္းနဲ႔ ရိုးရိုးသားသားတက္တက္ၾကြၾကြ ပူးေပါင္းေဆာင္ရြက္သာသည္တာလွ်င္ သို႔မဟုတ္လုိကေတာ့ ေဒသတြင္းဖိအားေပးမႈေတြမ်ားမလာဘူးလို႔ မေျပာႏိုင္ေတာ့ပါဘူး။ ျဖစ္ႏိုင္ပါတယ္။

အင္ၾကင္းႏိုင္ ။.။ NUG အာဆီယံဆိုင္ရာ သံတမန္သစ္ ဦးဘိုလွတင့္ ဟာ အရင္က NCGUB အေဝးေရာက္ ညြန္႔ေပါင္းအစိုးရရဲဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး အျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္ရွင္။

အာဆီယံျမန္မာ ဆက္ဆံေရး ေရွ႕ခရီး NUG သံအမတ္ႀကီး အျမင္
please wait

No media source currently available

0:00 0:05:12 0:00

တိုက္႐ိုက္ လင့္ခ္

..........................................................

အာဆီ-ယံမြန်မာ ဆက်ဆံရေး ရှေ့ခရီး အာဆီယံဆိုင်ရာ NUG သံအမတ်ကြီး အမြင်

{{Unicode}}

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံရဲ့အစဉ်အလာမဟုတ်တဲ့ ဆောင်ရွက်ချက်တွေနဲ့ရှေ့ဆက်လျှောက်လှမ်းနေတာတွေဟာ စစ်ကောင်စီဘက်က မှန်မှန်ကန်ကန်ပူးပေါင်းဆောင်ရွက်မှုတွေ မရှိခဲ့တဲ့အတွက်ကြောင့်ဖြစ်ပြီး ဒီအခြေအနေမှာ NUG အစိုးရအနေနဲ့အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ NUG က အသစ်ခန့်အပ်လိုက်တဲ့ အာဆီယံဆိုင်ရာ သံတမန် ဦးဘိုလှတင့်က ဗွီအိုအေကို ပြောပါတယ်။

တချိန်တည်းမှာပဲ သံတမန်ရေးနဲ့ အာဆီယံဒေသအရေး ကျွမ်းကျင်သူ စင်္ကာပူနိုင်ငံသူ Noleen Hezer ကို ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်ခန့်အပ်လိုက်တဲ့အတွက် မြန်မာ့အရေး ကုလသမဂ္ဂရဲ့ ကိုင်တွယ်မှုအပေါ် ဘယ်လို သက်ရောက်မှုတွေရှိနိုင်မလဲ။

မအင်ကြင်းနိုင်က ဦးဘိုလှတင့်ကို Zoomကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင် ။. ။ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေတဲ့ အာဆီယံအနေနဲ့ ဒီတခေါက် မြန်မာအရေးမှာတော့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေ ချိုးဖောက်ရင် အရေးယူဆောင်ရွက်နိုင်တယ်ဆိုတဲ့ နည်းလမ်းတွေရှိနေတယ်ဆိုတာကို ဒီနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲက ပြလိုက်တာဖြစ်တယ်လို့ NUG အာဆီယံဆိုင်ရာ သံတမန်သစ် ဦးဘိုလှတင့် က ဗွီအိုအေ ကိုပြောပါတယ်။

ဦးဘိုလှတင့် ။. ။ အာဆီယံရဲ့ ချာတာထဲမှာသည်ပင်လျှင် အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူလူတန်းစာက သူရဲ့အရည်အသွေးနဲ့ အဖွဲ့ဝင် အဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာလိုက်နာဖို့ ပျက်ကွက်တယ်ဆိုရင် သူတို့မပါပဲနဲ့ ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေလည်းရှိတယ်ဆိုတာကို ဒီနေ့ ၂ဝ၂၁ အာဆီယံထိပ်သီးဆွေးနွေးပွဲကနေ ပြလိုက်တယ်လို့ ကျနော်ပြောကြရမှာဖြစ်ပါတယ်။ အဲတော့ အာဆီယံက အစဉ်အလာမဟုတ်တဲ့ ဆောင်ရွက်ချက်မျိုးကို စတင်ဆောင်ရွက်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်းပဲ ဒီအခြေနေကောင်းမှာ အာဆီယံအဖွဲ့အစည်းဟာ မြန်မာနိုင်ငံပြသာနာကိုသာမက ဒေသတွင်းဆိုင်ရာ လူသားချင်းစာနာမှု ပဋိပက္ခတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ပဋိပက္ခတွေထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းဖြစ်လာဖို့ ပူးပေါင်းဆောင်ရွက်ရမယ်။ ထိုးဖောက်ဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ခုလို အာဆီယံ သံတမန်တွေခန့်အပ်ပြီးတော့ ကြိုးပန်းဆောင်ရွက်မှုဖြစ်ပါတယ်။

အင်ကြင်းနိုင် ။. ။ NUG ဖက်က အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်ဆိုပေမယ့် NUG ကို အာဆီယံဖက်က တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေရှိနေတဲ့အတွက် ဘယ်လိုအတိုင်းအတာမျိုးနဲ့ NUG က ပူးပေါင်းဆောင်ရွက်မှာလည်း ဦးဘိုလှတင့် ကတော့ အခုလိုတုံပြန်ပြောဆိုပါတယ်။

ဦးဘိုလှတင့် ။. ။ အဲဒီ ပူးပေါင်းဆောင်ရွက်မှုနဲ့ အသိအမှတ်ပြုမူရရှိဖို့ကတော့ ကျနော်တို့ဖက်က ကြိုးပန်းဆောင်ရွက်မှုတွေဟာ ပိုပြီးတော့ စနစ်ကျမှုနဲ့ ထိရောက်ဖို့လိုအပ်သလို စစ်အုပ်စုရဲ့ အရည်အသွေးညံဖျင်းမှုကလည်း အထောက်အကူဖြစ်လိမ့်မယ်လို့လည်း ကျနော်တို့က ယုံကြည်ထားပါတယ်။ မြန်မာနိုင်ငံမှာ အာဆီယံအနေနဲ့ ယုံကြည်ပြီးတော့ လက်တွဲနိုင်မယ့် စုဖွဲ့မှုနဲ့ အုပ်ချုပ်မှုအစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရပဲဖြစ်တယ်။ လက်ရှိစစ်ကောင်စီကတော့ အာဆီယံက ယုံကြည်ကိုးစားလက်တွနိုင်လောက်တဲ့အနေအထားမှာ မရှိဘူးဆိုတာ စစ်ကောင်စီက သက်သေပြခဲ့ပြီးသားဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း သက်သေပြမယ်ဆိုရင်တော့ ရွေးချယ်မှုကတော့ အာဆီယံခေါင်းဆောင်မှုရဲ့အပေါ်မှာ မူတည်ပါတယ်။

အင်ကြင်းနိုင် ။. ။ တချိန်တည်းမှာ အာဆီယံအဖွဲ့ဝင် စင်္ကာပူနိုင်ငံသူ Noeleen Heyzer ကို ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ်မှာ ဘယ်လိုအမြင်ရှိပါသလဲလို့ ဦးဘိုလှတင့် ကိုမေးကြည့်တဲ့အခါမှာ

ဦးဘိုလှတင့် ။. ။ အခုလို အသစ်ခန့်အပ်လိုက်တဲ့ စင်္ကာပူနိုင်ငံရဲ့ သံတမန်ရေးအတွေ့အကြုံရော အရင်က အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားတဲ့နေရာတွေမှာ အကူအညီဖြန့်ဖြူးတဲ့နေရာတွေမှာရော အတွေ့ကြုံနဲ့ ရင့်ကြက်မှုရှိသူ သံတမန်တဦးကို အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်တဲ့ ကိစ္စကတောဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံစစ်ကောင်စီနဲ့ဆက်ဆံရေးမှာ ပျော့ပြောင်းတဲ့ သဘောထားတခုကိုပြပေးလိုက်တယ်။ တကယ်လို့ အရင်တုံးက Special Envoy နဲ့ အဆင်မပြေပေမယ်လို့ ယုံကြည်လက်ခံနိုင်တဲ့ မြန်မာပြည်ရဲ့ အခက်ခဲတွေကိုလည်း ပါဝင်ဖြေရှင်းပေးတဲ့ အတွေ့အကြုံရှိသူ သံတမန်တယောက်ကို ခန့်အပ်လိုက်လို့ရှိရင်တော့ ပိုပြီးတော့ စစ်ကောင်စီအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားကောင်းထားနိုင်ပါတယ်။ ဒါကြောင့်မိုလို့ အဲဒီအပေါ်မှာ ကုလသမဂ္ဂရဲ့ ပြင်လယ်ပြုလွယ် ပျော့ပြောင်းတဲ့ သဘောထားကို ပြတဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်နိုင်အောင် ပြင်ဆင်ပေးလိုက်တယ်လို့ ကျနော်သုံးသပ်မိပါတယ်။

အင်ကြင်းနိုင် ။. ။ အရင်အထူးကိုယ်စားလှယ် Christine Schraner Burgener ကတော့ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်တောင်လောင်မှုကို ဦးတည်နေပြီး ပြသာနာတွေဖြေရှင်းနိုင်ရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ရာထူးကဆင်းပေးဖို့အထိတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အခုအသစ်ခန့်အပ်လိုက်တဲ့ အထူးကိုယ်စာ းလှယ်က သူအရင်လုပ်ခဲ့တဲ့ အထူးကိုယ်စားလှယ်ရဲ့ခြေလှမ်းအတိုင်းသွားဖို့ရှိမလား။ ဒါမှမဟုတ် အပြောင်းအလဲရှိမလား။ ဦးဘိုလှတင့် အမြင်က

ဦးဘိုလှတင့် ။. ။ ဒီစစ်ကောင်စီကိုယ်တိုင်ကပင်လျှင် မြန်မာနိုင်ငံမှာ ပဋိပက္ခအားလုံးရဲ့ အရင်းအမြစ်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ပြသာနာများကို အပြုသဘောဆောင် ချည်းကပ်မှုနဲ့ အဖြေရှာသည်ဖြစ်စေ၊ ဖိအားပေးနဲ့ အဖြေရှာသည်ဖြစ်စေ၊ အဓိကကတော့ စစ်ကောင်စီဟာ နိုင်ငံတကာမိသားစု ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းနဲ့ ရိုးရိုးသားသားတက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သာသည်တာလျှင် သို့မဟုတ်လိုကတော့ ဒေသတွင်းဖိအားပေးမှုတွေများမလာဘူးလို့ မပြောနိုင်တော့ပါဘူး။ ဖြစ်နိုင်ပါတယ်။

အင်ကြင်းနိုင် ။. ။ NUG အာဆီယံဆိုင်ရာ သံတမန်သစ် ဦးဘိုလှတင့် ဟာ အရင်က NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ရှင်။

XS
SM
MD
LG