သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေႏြဦးေတာ္လွန္ေရး ေရရွည္ ႏႊဲရဖြယ္ရွိ (မုံ႐ြာသပိတ္ ေခါင္းေဆာင္တဦး)


အင္အားသုံးဖိႏွိပ္ေနတဲ့ၾကားက သပိတ္တိုက္ပြဲေတြ ဘာေၾကာင့္ဆက္ၿပီးျဖစ္ေနသလဲ။ အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈဟာ ေရတိုလား၊ ေရရွည္ျဖစ္မွာလား စတာေတြနဲ႔ ပတ္သက္လို႔ မုံ႐ြာလူထုသပိတ္တိုက္ပြဲ ေကာ္မတီ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေဝမိုးႏိုင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေရရွည္ဆင္ႏြဲွရမယ့္ ေႏြဦးေတာ္လွန္ေရးအတြက္ အသင့္ ျပင္ဆင္ထားေၾကာင္း လူငယ္ မုံ႐ြာသပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္က ေျပာၾကားခဲ့ပါတယ္။ ၁၉ ၉ ၅ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ ကိုေဝမိုးႏိုင္ဟာ အဂၤလိပ္စာဘာသာရပ္နဲ႔ ဘြဲ႕ရခဲ့သူျဖစ္ၿပီး အေမရိကန္ႏိုင္ငံျခားေရးဌာနက ကမကထျပဳတဲ့ YSEALI (ဝိုင္စီလီ) ေခၚ အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္မႈ ေရွ႕ရႈေဆာင္႐ြက္တဲ့ အစီအစဥ္နဲ႔ အေမရိကန္ျပည္ေထာင္စု Arizona ျပည္နယ္တကၠသိုလ္မွာ လာေရာက္ေလ့လာခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။

အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ နည္းမ်ိဳးစုံ ဆႏၵျပပြဲေတြကို စစ္ေကာင္စီက အၾကမ္းဖက္ဖိႏွိပ္ၿဖိဳခြဲေနတဲ့ၾကားက မုံ႐ြာၿမိဳ႕အႏွံ ခ်ီတက္ဆႏၵျပပြဲေတြ ကိုတနဂၤေႏြေန႔က ျပဳလုပ္ခဲ့ပါတယ္။ စစ္အာဏာသိမ္းၿပီး ရက္ေပါင္း ၆၀ နီးပါးရွိလာေတာ့မယ့္အခ်ိန္ထိ အင္အားသုံးဖိႏွိပ္ေနတဲ့ၾကားက သပိတ္တိုက္ပြဲေတြ ဘာေၾကာင့္ဆက္ၿပီးျဖစ္ေနသလဲ။ အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈဟာ ေရတိုလား၊ ေရရွည္ျဖစ္မွာလား စတာေတြနဲ႔ ပတ္သက္လို႔ မုံ႐ြာလူထုသပိတ္တိုက္ပြဲ ေကာ္မတီ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေဝမိုးႏိုင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

"အဓိက ကေတာ့ ၂၀၂၁ ေႏြဦးေတာ္လွန္ေရး တိုက္ပြဲကို ေဒါက္တိုင္သုံးခုအျဖစ္နဲ႔ က်ေနာ္တို႔ ရႈျမင္ပါတယ္။ လူထုလႈပ္ရွားမႈ သပိတ္တိုက္ပြဲေတြက ေဒါက္တိုင္တေခ်ာင္းျဖစ္တယ္၊ ေနာက္တခုက ျပည္သူ႔ဝန္ထမ္းေတြရဲ႕ ႐ုံးမတက္တဲ့ CDM လႈပ္ရွားမႈရွိမယ္။ ေနာက္တခုကေတာ့ CRPH ရဲ႕ ဦးေဆာင္မႈေအာက္ကေန ရပ္ေက်းအဆင့္ေတြမွာ တက္ႏိုင္သမွ် အာဏာဖီဆန္ၾကဖို႔ ဆိုၿပီး ဒီလို ေဒါက္တိုင္သုံးခုနဲ႔ က်ေနာ္တို႔ရဲ႕ ေႏြဦးေတာ္လွန္ေရးကို ထမ္းတင္ထားတယ္လို႔ က်ေနာ္တို႔ ဒီလိုပဲ မွတ္ယူပါတယ္။”
------------------------
နွေဦးတော်လှန်ရေး ရေရှည် နွှဲရဖွယ်ရှိ (မုံရွာသပိတ် ခေါင်းဆောင်တဦး)

ရေရှည်ဆင်နွဲှရမယ့် နွေဦးတော်လှန်ရေးအတွက် အသင့် ပြင်ဆင်ထားကြောင်း လူငယ် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်က ပြောကြားခဲ့ပါတယ်။ ၁၉ ၉ ၅ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကိုဝေမိုးနိုင်ဟာ အင်္ဂလိပ်စာဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ကမကထပြုတဲ့ YSEALI (ဝိုင်စီလီ) ခေါ် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်တဲ့ အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်တက္ကသိုလ်မှာ လာရောက်လေ့လာခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နည်းမျိုးစုံ ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အကြမ်းဖက်ဖိနှိပ်ဖြိုခွဲနေတဲ့ကြားက မုံရွာမြို့အနှံ ချီတက်ဆန္ဒပြပွဲတွေ ကိုတနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၆၀ နီးပါးရှိလာတော့မယ့်အချိန်ထိ အင်အားသုံးဖိနှိပ်နေတဲ့ကြားက သပိတ်တိုက်ပွဲတွေ ဘာကြောင့်ဆက်ပြီးဖြစ်နေသလဲ။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုဟာ ရေတိုလား၊ ရေရှည်ဖြစ်မှာလား စတာတွေနဲ့ ပတ်သက်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

"အဓိက ကတော့ ၂၀၂၁ နွေဦးတော်လှန်ရေး တိုက်ပွဲကို ဒေါက်တိုင်သုံးခုအဖြစ်နဲ့ ကျနော်တို့ ရှုမြင်ပါတယ်။ လူထုလှုပ်ရှားမှု သပိတ်တိုက်ပွဲတွေက ဒေါက်တိုင်တချောင်းဖြစ်တယ်၊ နောက်တခုက ပြည်သူ့ဝန်ထမ်းတွေရဲ့ ရုံးမတက်တဲ့ CDM လှုပ်ရှားမှုရှိမယ်။ နောက်တခုကတော့ CRPH ရဲ့ ဦးဆောင်မှုအောက်ကနေ ရပ်ကျေးအဆင့်တွေမှာ တက်နိုင်သမျှ အာဏာဖီဆန်ကြဖို့ ဆိုပြီး ဒီလို ဒေါက်တိုင်သုံးခုနဲ့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကို ထမ်းတင်ထားတယ်လို့ ကျနော်တို့ ဒီလိုပဲ မှတ်ယူပါတယ်။”
XS
SM
MD
LG