သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IPEF အင်ဒိုပစိဖိတ် ၁၄ နိုင်ငံ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ရ


Indo-Pacific Economic Framework meeting in Detroit
Indo-Pacific Economic Framework meeting in Detroit

IPEF စီးပွားရေးညှိနှိုင်းဆွေးနွေးပွဲကိုစနေနေ့တုန်းကအမေရိ ကန်ပြည်ထောင်စု ဒက်ထွိုက် Detroit မြိုမှာကျင်းပခဲ့ပြီး၊ ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုပိုမိုခိုင်မာပြီး၊ လုံခြုံစိတ်ချရ ဖို့အတွက် သဘောတူညီချက်တွေကိုရရှိခဲ့တယ်လို့ အမေရိကန်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Gina Ramiond ကပြောဆိုခဲ့ပါတယ်။

IPEF အင်ဒိုပစိဖိတ် ၁၄ နိုင်ငံ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ရ

အမေရိကန်ဦးဆောင်ပြီး အင်ဒိုပစ္စဖိတ်နိုင်ငံတွေပါဝင်တဲ့ IPEF စီးပွားရေးညှိနှိုင်းဆွေးနွေးပွဲကိုစနေနေ့တုန်းကအမေရိ ကန်ပြည်ထောင်စု ဒက်ထွိုက် Detroit မြိုမှာကျင်းပခဲ့ပြီး၊ ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုပိုမိုခိုင်မာပြီး၊ လုံခြုံစိတ်ချရ ဖို့အတွက် သဘောတူညီချက်တွေကိုရရှိခဲ့တယ်လို့ အမေရိကန်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Gina Ramiond ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
သဘောတူညီချက်အရ ပထမအဆင့်အနေနဲ့ “ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုပူးပေါင်းဆောင်ရွက်ရေးကောင်စီ” တရပ်ကိုဖွဲ့ စည်းသွားဖို့နဲ့ အနှောက်အယှက်အဟန့်အတားတွေဖြစ်လာခဲ့ရင် ကြိုတင်သတိပေးနိုင်ဖို့နဲ့ တုန့်ပြန်ဖြေရှင်းနိုင်ဖို့ “အခက်အခဲတုန့်ပြန်ဖြေရှင်းဆောင်ရွက်ရေးကွန်ယက်” Crisis Response Network ကိုဖွဲ့သဘောတူခဲ့ကြတယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ramiond ကပြောပါတယ်။
ဒီသဘောတူညီချက်ထဲမှာ အလုပ်သမားအခွင့်အရေးဆိုင်ရာသဘောတူညီချက်လည်းပါဝင်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ် တင်ပို့မှုတွေမှာ အလုပ်သမားတွေနဲ့ပတ်သက်တဲ့ အခွင့်အရေးနဲ့စံချိန်စံညွှန်းသတ်မှတ်ဖို့နဲ့။ အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေပါဝင်တဲ့ ဘုတ်အဖွဲ့ဖွဲ့စည်းဖို့လည်းပါဝင်ပါတယ်။
အလုပ်သမားဆိုင်ရာအချက်ဟာ အင်ဒိုပစ္စဖိတ် IPEF ရဲ့ ကုန်ထုတ်ဖြန့်ဖြူးရေးဆွေးနွေးပွဲရဲ့အဒီက ၄ ချက်ထဲက ၁ ချက်ဖြစ်ပါတယ်။ ကျန် ၃ ချက်က တော့ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုကိစ္စနဲ့ အသွင်ကူးပြောင်းရေးကိစ္စတွေ ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေဟာ မိုပိုရှုတ်ထွေးပြီး ပြည့်ပြည့်စုံစုံပါဝင်နိုင်ဖို့အတွက် အချိန်ယူညှိနှိုင်းဆွေးနွေးရမှာဖြစ်ပါ တယ်။ ဒါပေမယ့်လည်း အမေရိကန်တာဝန် ရှိသူတွေကတော့လာမယ့်နိုဝင်ဘာလ ဆန်ဖရန်စ္စကိုမှာ အာရှပစ္စဖိတ် APEC ထိပ်သီးအစည်းအဝေး မကျင်းပမှီရလဒ်ကောင်းတချို့ထွက်ပေါ်လိုကြပါတယ်။ ဒီ IPEF မှာ တရုတ်မပါပေမယ့်၊ တပြိုက်နက်ထဲ ပြုလုပ်တဲ့ APEC အာရှပစ္စဖိတ်ကုန်သွယ်ရေးဆွေးနွေးပွဲကို တရုတ်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG