သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
(Zawgyi / Unicode)
ဂျပန်၊ စကာင်္ပူ၊ တောင်ကိုရီးယားနဲ့ တရုတ်တို့မှာလည်း မောင်းသူမဲ့ သဘောင်္တွေကို စမ်းသပ်တဲ့ အစီအစဉ်တွေ ရှိပါတယ်။ တရုတ် စစ်တပ်ရဲ့ သြဇာချဲ့ထွင်မှုနဲ့ ရင်ဆိုင်နေရတဲ့ အင်ဒို - ပစိဖိတ် ဒေသတွင်း လွတ်လပ် ပွင့်လင်းမှုကို ထိန်းထားရေး အတွက် မောင်းသူမဲ့ သဘောင်္တွေက အရေးကြီးကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အာရှမဟာဗျုဟာဆိုင်ရာ အရာရှိဟောင်း ရန်ဒီ ရှိုက်ဗာ Randy Schriver က ပြောပါတယ်။
ဒါပေမယ့်လည်း ဒီသဘောင်္တွေ အတွက် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို ရေတပ် အနေနဲ့ နားလည်သိရှိထားသလားဆိုတာကိုတော့ အမေရိကန် အစိုးရရဲ့ ဇူလိုင်လ အတွင်းထုတ်တဲ့ အစီရင်ခံစာ တခုမှာ မေးခွန်းထုတ်ထားပါတယ်။ Stimson Center က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ပညာရှင် ဂျိမ်းစ် စီဘင်စ် James Siebens တို့လို ပုဂ္ဂိုလ်တွေကတော့ ဒီလို သဘောင်္တွေဟာ စစ်ရေး ပစ်မှတ် ဖြစ်လာနိုင်တဲ့ အပေါ် စိုးရိမ်ကြပါတယ်။
ဒီလို စိုးရိမ်စရာတွေ ရှိပေမယ့်လည်း ထိုင်ဝမ်ကို တရုတ်က ပိတ်ဆို့မှုကို တုံ့ပြန်ရာမှာတော့ မောင်းသူမဲ့ သဘောင်္တွေက အရေးပါနိုင်တယ်လို့ Siebens က ပြောပါတယ်။
“ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းမျိုး မသုံးဘဲ ဒီသဘောင်္တွေနဲ့ ထိုင်ဝမ်ကို ထောက်ပို့ လုပ်နိုင်ပါတယ်။”
အမေရိကန် ရေတပ် တပ်မှူး Daley ကတော့ အဝေးထိန်း မောင်းသူမဲ့ သဘောင်္တွေကို လာမယ့်နှစ် အနည်းငယ် အတွင်း အမေရိကန် စစ်တပ်မှာ အပြည့်အ၀ ထည့်သွင်း အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။
တိုက်ရိုက် လင့်ခ်
(Unicode)
အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်စစ်တပ် မောင်းသူမဲ့ သင်္ဘောတွေသုံးမည်
အင်ဒို ပစိဖိတ် ဒေသတွင်းမှာ တရုတ် စစ်တပ်ရဲ့ ခိုင်မာအားကောင်းမှုကို အမေရိကန် စစ်တပ်က အလေးအနက်ထား စောင့်ကြည့်နေတာနဲ့ အတူဘဲ အမေရိကန် ရေတပ်က သူ့တပ်ဖွဲ့တွေ တိုးချဲ့ရေး အတွက် အဝေးထိန်း မောင်းသူမဲ့ သဘောၤတွေကို အားထားဆောင်ရွက်လာပါတယ်။ စစ်တပ်ရဲ့ တီထွင်ဆန်းသစ်မှုတွေ အကြောင်း ဗွီအိုအေ သတင်းထောက် Jessica Stone ရဲ့ဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
အမေရိကန် ရေတပ်မှာ အသစ် ထပ်တိုးလာတဲ့ အထဲမှာ မောင်းသူမဲ့ သဘောၤ လေးစင်းလည်း ပါဝင်ပါတယ်။ Sea Hunter , Seahawk , Nomad နဲ့ Ranger တို့ ဖြစ်ပါတယ်။ ဒီနွေရာသီမှာဘဲ မောင်းသူမဲ့ သဘောၤတွေကို ပထမဆုံး အကြိမ် အဖြစ် ဓာတ်ပုံ ရိုက်ကူးခွင့်ကို ဗွီအိုအေက ရရှိခဲ့ပါတယ်။
“ ရေ မရှိသလို အိမ်သာလည်း မရှိပါဘူး။ ဆိပ်ကမ်း အဝင် အထွက်ကိုဘဲ အန္တရာယ်မရှိအောင် လူက မောင်းနှင်ပါတယ်။ ”
ဗွီအိုအေရဲ့ မေးမြန်းမှုတွေကို အသံနဲ့ ဖြေကြားခဲ့တဲ့ ရေတပ် တပ်မှူး ဂျရယ်မိုင်ရာ ဒေလီ Jeremiah Daley က အခု မောင်းသူမဲ့ ဒရုန်း သဘောၤ ဒါမှမဟုတ်လည်း အဝေးထိန်း သဘောၤတွေကို ပထမဆုံး တီထွင်တဲ့ တပ်ဖွဲ့ကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူလိုက်ပါခြင်း မရှိတဲ့ ရေယာဉ်တွေကို စမ်းသပ်နေဆဲ ဖြစ်ကြောင်း၊ တနေ့မှာတော့ ဒီရေယာဉ်တွေဟာ ပစိဖိတ် သမုဒ္ဒရာတွင်း ရေတပ် ကင်းလှည့်မှုတွေမှာ ပိုပြီး ထိရောက်စေနိုင်တယ်လို့လည်း ပြောပါတယ်။
“ ပစိဖိတ် သမုဒ္ဒရာက အကျယ်ကြီးပါ။ ပတ်ဝန်းကျင် အခြေအနေကို သိနိုင်မယ့် မောင်းသူမဲ့စနစ်နဲ့ မောင်းသူပါတဲ့စနစ်တို့ မှန်မှန်ကန်ကန် ပေါင်းစပ်ထားမှသာ အမေရိကန်သာမက ကျနော်တို့ မဟာမိတ်တွေနဲ့ပါ အတူလက်တွဲပြီး၊ ပစ်မှတ်တွေကို တိုးချဲ့ရှာဖွေနိုင်မှာ ဖြစ်သလို၊ ဆက်သွယ်မှု စွမ်းရည်တွေလည်း တိုးလာမှာဖြစ်ပါတယ်။”
ဂျပန်၊ စကာၤပူ၊ တောင်ကိုရီးယားနဲ့ တရုတ်တို့မှာလည်း မောင်းသူမဲ့ သဘောၤတွေကို စမ်းသပ်တဲ့ အစီအစဉ်တွေ ရှိပါတယ်။ တရုတ် စစ်တပ်ရဲ့ သြဇာချဲ့ထွင်မှုနဲ့ ရင်ဆိုင်နေရတဲ့ အင်ဒို - ပစိဖိတ် ဒေသတွင်း လွတ်လပ် ပွင့်လင်းမှုကို ထိန်းထားရေး အတွက် မောင်းသူမဲ့ သဘောၤတွေက အရေးကြီးကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အာရှမဟာဗျုဟာဆိုင်ရာ အရာရှိဟောင်း ရန်ဒီ ရှိုက်ဗာ Randy Schriver က ပြောပါတယ်။
“ အငြင်းပွားနေတဲ့ နယ်ပယ်တွေ သေချာပေါက် တိုးလာနေပါတယ်။ ရေအောက်ပဲဖြစ်ဖြစ်၊ ရေပေါ်မှာပဲဖြစ်ဖြစ် သွားနိုင်တဲ့ အလိုအလျောက်၊ မောင်းသူမဲ့ ယာဉ်တွေဟာ ပိုပြီးကုန်ကျစရိတ်သက်သာပါတယ်။ သင်္ဘောသားတွေ အသက်အန္တရာယ် မထိခိုက်နိုင်တာကြောင့် တိုးချဲ့အသုံးပြုလို့လည်း ရပါတယ်။”
ဒါပေမယ့်လည်း ဒီသဘောၤတွေ အတွက် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို ရေတပ် အနေနဲ့ နားလည်သိရှိထားသလားဆိုတာကိုတော့ အမေရိကန် အစိုးရရဲ့ ဇူလိုင်လ အတွင်းထုတ်တဲ့ အစီရင်ခံစာ တခုမှာ မေးခွန်းထုတ်ထားပါတယ်။ Stimson Center က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ပညာရှင် ဂျိမ်းစ် စီဘင်စ် James Siebens တို့လို ပုဂ္ဂိုလ်တွေကတော့ ဒီလို သဘောၤတွေဟာ စစ်ရေး ပစ်မှတ် ဖြစ်လာနိုင်တဲ့ အပေါ် စိုးရိမ်ကြပါတယ်။
“ ဥပမာအနေနဲ့ မောင်းသူမဲ့ယာဉ်တွေဟာ တင်းမာမှု သိပ်မဖြစ်နိုင်တဲ့ ပစ်မှတ်တွေအဖြစ် သဘောထားပြီး၊ သင်္ဘောဖျက် မစ်ဇိုင်းဒုံးနဲ့ တရုတ်က စမ်းသပ်ပစ်ခတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ”
ဒီလို စိုးရိမ်စရာတွေ ရှိပေမယ့်လည်း ထိုင်ဝမ်ကို တရုတ်က ပိတ်ဆို့မှုကို တုံ့ပြန်ရာမှာတော့ မောင်းသူမဲ့ သဘောၤတွေက အရေးပါနိုင်တယ်လို့ Siebens က ပြောပါတယ်။
“ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းမျိုး မသုံးဘဲ ဒီသဘောၤတွေနဲ့ ထိုင်ဝမ်ကို ထောက်ပို့ လုပ်နိုင်ပါတယ်။”
မကြာခင်က ထုတ်တဲ့ တရုတ် အစိုးရ အစီရင်ခံစာမှာတော့ သိမ်းယူရေး အတွက် ထိုင်ဝမ်ကို တပ်ဖွဲ့တွေ စေလွှွတ်မှာ မဟုတ်ဘူးဆိုတဲ့ ကတိကဝတ် မပါရှိတော့ပါဘူး။ ဒါပေမယ့်လည်း ကမ္ဘာမှာ အရေးကြီးဆုံး ပင်လယ်ပြင်တွေမှာ ငြိမ်းချမ်းရေးကို ထိန်းထားနိုင်ရေး နည်းလမ်းသစ်တွေမှာ အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံရမယ်လို့ Schriver က အခိုင်အမာ ပြောပါတယ်။
“ နိုင်ငံရေး ရည်မှန်းချက်တွေကို အင်အားသုံး ပြိုင်ဆိုင်အနိုင်မယူအောင် လုပ်နိုင်မယ့် နည်းလမ်းကိုလည်း ဒီအချိန်မှာ စဉ်းစားထားဖို့ လိုပါတယ်။ ဆိုလိုတာကတော့ လတ်တလောမှာ စွမ်းရည်တိုးမြှင့်ဖို့ ဖြစ်ပါတယ်၊ လျှော့ချဖို့ မဟုတ်ပါဘူး။ ”
အမေရိကန် ရေတပ် တပ်မှူး Daley ကတော့ အဝေးထိန်း မောင်းသူမဲ့ သဘောၤတွေကို လာမယ့်နှစ် အနည်းငယ် အတွင်း အမေရိကန် စစ်တပ်မှာ အပြည့်အ၀ ထည့်သွင်း အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။
XS
SM
MD
LG