(Zawgyi / Unicode)
အနာဂတ္မွာ ႐ုရွား ဒါမွမဟုတ္ တ႐ုတ္လို ရန္သူနဲ႔တိုက္ရမယ့္ အနာဂတ္တိုက္ပြဲေတြအတြက္ ယူကရိန္းစစ္ပြဲကရတဲ့ သင္ခန္းစာေတြကို အသုံးျပဳၿပီး အေမရိကန္စစ္တပ္ဟာ သူ႔စစ္သားေတြကို ေလ့က်င့္ ျပင္ဆင္ေပးေနပါတယ္။
ဒီလ ေလ့က်င့္ရာမွာ စိတ္ကူးနဲ႔ ဖန္တီးထားတဲ့ၿမိဳ႕ကို ရန္သူက သိမ္းပိုက္ထားၿပီး အေမရိကန္က တိုက္ခိုက္ဖို႔ ျပင္ဆင္ေနတယ္လို႔ လူမႈမီဒီယာေတြကေန မွန္မွန္ေျပာေနတဲ့ အေျခအေနကို ေလ့က်င့္ခဲ့ၾကတာ ျဖစ္ပါတယ္။
လာမယ့္လမွာေတာ့ ၿမိဳ႕တၿမိဳ႕ကို ေအာင္ႏိုင္ဖို႔ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ဖ်က္ဆီးခ်င္တဲ့ ရန္သူကို ဘယ္လို စစ္ဆင္ႏႊဲရမယ္ဆိုတာကို အဓိကထားၿပီး ေလ့က်င့္ၾကမယ္လို႔ ဆိုပါတယ္။
အေမရိကန္စစ္တပ္ဟာ ယူကရိန္းမွာ ျဖစ္ပ်က္ေနတာေတြကေန သင္ခန္းစာယူေနတယ္လို႔ စစ္တပ္ရဲ႕ အတြင္းေရးမွဴး Christine Wormuth က ေျပာပါတယ္။
သတင္းအခ်က္အလက္ နယ္ပယ္ဟာ ဘယ္ေလာက္အေရးႀကီးတယ္ ဆိုတာကို ျပေနပါတယ္လို႔ သူကဆိုပါတယ္။
႐ုရွားလက္နက္ပစၥည္းေတြ၊ ေထာက္ပို႔ျပႆနာေတြ၊ ဆက္သြယ္ဆက္ဆံေရးနဲ႔ အင္တာနက္ အသုံးျပဳမႈဆိုင္ရာ ကိစၥေတြကေန သင္ခန္းစာေတြ ယူေနတယ္လို႔ ဆိုပါတယ္။
အေမရိကန္တပ္ေတြဟာ ကာလီဖိုးနီးယားနဲ႔ တကၠဆက္ျပည္နယ္မွာရွိတဲ့ စစ္ေရးေလ့က်င့္ေရး စခန္းေတြနဲ႔ သဲကႏၲာရေတြမွာ ေလ့က်င့္ေနၾကတာပါ။
---------------------------
(Unicode)
ယူကရိန်းစစ်ပွဲ သင်ခန်းစာတွေနဲ့ အမေရိကန်စစ်တပ် လေ့ကျင့်ပြင်ဆင်
အနာဂတ်မှာ ရုရှား ဒါမှမဟုတ် တရုတ်လို ရန်သူနဲ့တိုက်ရမယ့် အနာဂတ်တိုက်ပွဲတွေအတွက် ယူကရိန်းစစ်ပွဲကရတဲ့ သင်ခန်းစာတွေကို အသုံးပြုပြီး အမေရိကန်စစ်တပ်ဟာ သူ့စစ်သားတွေကို လေ့ကျင့် ပြင်ဆင်ပေးနေပါတယ်။
ဒီလ လေ့ကျင့်ရာမှာ စိတ်ကူးနဲ့ ဖန်တီးထားတဲ့မြို့ကို ရန်သူက သိမ်းပိုက်ထားပြီး အမေရိကန်က တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ လူမှုမီဒီယာတွေကနေ မှန်မှန်ပြောနေတဲ့ အခြေအနေကို လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။
လာမယ့်လမှာတော့ မြို့တမြို့ကို အောင်နိုင်ဖို့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးချင်တဲ့ ရန်သူကို ဘယ်လို စစ်ဆင်နွှဲရမယ်ဆိုတာကို အဓိကထားပြီး လေ့ကျင့်ကြမယ်လို့ ဆိုပါတယ်။
အမေရိကန်စစ်တပ်ဟာ ယူကရိန်းမှာ ဖြစ်ပျက်နေတာတွေကနေ သင်ခန်းစာယူနေတယ်လို့ စစ်တပ်ရဲ့ အတွင်းရေးမှူး Christine Wormuth က ပြောပါတယ်။
သတင်းအချက်အလက် နယ်ပယ်ဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာကို ပြနေပါတယ်လို့ သူကဆိုပါတယ်။
ရုရှားလက်နက်ပစ္စည်းတွေ၊ ထောက်ပို့ပြဿနာတွေ၊ ဆက်သွယ်ဆက်ဆံရေးနဲ့ အင်တာနက် အသုံးပြုမှုဆိုင်ရာ ကိစ္စတွေကနေ သင်ခန်းစာတွေ ယူနေတယ်လို့ ဆိုပါတယ်။
အမေရိကန်တပ်တွေဟာ ကာလီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်မှာရှိတဲ့ စစ်ရေးလေ့ကျင့်ရေး စခန်းတွေနဲ့ သဲကန္တာရတွေမှာ လေ့ကျင့်နေကြတာပါ။