သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-ထိုင္း ပူးတြဲစစ္ေရးေလ့က်င့္မႈ တနဂၤေႏြေန႔ စတင္မည္


၂၀၂၀ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ အေမရိကန္-ထုိင္း Cobra Gold ပူးတြဲစစ္ေရးေလ့က်င့္မႈအတြင္း ပါဝင္ခဲ့တဲ့ အေမရိကန္တပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္နဲ႔ ထိုင္းႏုိင္ငံတို႔ ပူးတြဲ ကမကထျပဳတဲ့ ႏွစ္စဥ္ စစ္ေရးေလ့က်င့္မႈကို တနဂၤေႏြေန႔မွာ စတင္မွာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ပမာဏ ေလွ်ာ့ခ်ၿပီးလုပ္ဖို႔ စီစဥ္ထားပါတယ္။ ဒီႏွစ္မွာ ပံုမွန္လုပ္ေနက် စစ္ေရးေလ့က်င့္တာမ်ဳိးထက္ အမ်ားအားျဖင့္ လူသားစာနာမႈ အကူအညီေပးေရးဆိုင္ရာ ေလ့က်င့္ခန္းေတြကို သီတင္းႏွစ္ပတ္ၾကာလုပ္မွာ ျဖစ္ပါတယ္။

“Cobra Gold” ေရႊေႁမြေဟာက္လို႔ အမည္ေပးထားတဲ့ ဒီစစ္ေရးေလ့က်င့္မႈမွာ ျမန္မာႏုိင္ငံက ေလ့လာသူအျဖစ္ တက္ေရာက္ခဲ့ဖူးေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က မပါဝင္ခဲ့သလို ဒီႏွစ္မွာလည္း မပါပါဘူး။ အခုလို ျမန္မာႏုိင္ငံ မပါဝင္တာဟာ စစ္အာဏာသိမ္းထားတာနဲ႔ မသက္ဆိုင္ဘူးလို႔ ထိုင္းကာကြယ္ေရးဌာန ေျပာခြင့္ရ Kongcheep Tantravanich က ေျပာတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။ ထိုင္းစစ္တပ္ဟာ ျမန္မာစစ္တပ္နဲ႔ ဆက္ဆံေရးေကာင္းမြန္တဲ့ သမိုင္းေၾကာင္း ရွိထားၿပီး အေမရိကန္ကေတာ့ စစ္တပ္အာဏာသိမ္းမႈကို ျပစ္တင္႐ႈတ္ခ်ထားတာပါ။

မတ္လ ၅ ရက္ေန႔အထိလုပ္မယ့္ အခုစစ္ေရးေလ့က်င့္မႈမွာ တ႐ုတ္ႏုိင္ငံနဲ႔အတူ အိႏိၵယ၊ အင္ဒိုနီးရွား၊ ေတာင္ကိုရီးယားနဲ႔ ၾသစေၾတးလ်ႏုိင္ငံေတြက တပ္ဖြဲ႔ဝင္ေတြ ပါဝင္မွာ ျဖစ္ပါတယ္။ အေမရိကန္တပ္ဖြဲ႔ဝင္ ၁,၂၀၀ နီးပါးနဲ႔ ထိုင္းတပ္ဖြဲ႔ဝင္ ၂,၀၀၀ ပါဝင္မွာျဖစ္ၿပီး လူသားစာနာမႈ အကူအညီေပးေရးဆိုင္ရာ ေလ့က်င့္ခန္းေတြ လုပ္သြားၾကမွာပါ။ က်ည္အစစ္နဲ႔ ပစ္ခတ္ေလ့က်င့္တာ၊ ကမ္းတက္ေလ့က်င့္ခန္းနဲ႔ ကယ္ဆယ္ေရးဆိုင္ရာ ေလ့က်င့္ခန္းေတြ ဒီႏွစ္မွာ မပါပါဘူး။

၂၀၁၉ ခုႏွစ္က ေလ့က်င့္ခန္းမွာ အေမရိကန္တပ္ဖြဲ႔ဝင္ ၄,၅၀၀ နီးပါးပါခဲ့ၿပီး ၂၀၂၀ မွာ တပ္ဖြဲ႔ဝင္ ၁၀၆ ေယာက္၊ ၿပီးခဲ့တဲ့ႏွစ္က ၆၀၀ ပါဝင္ခဲ့ပါတယ္။ ဒီေလ့က်င့္ခန္းေတြဟာ စစ္ဘက္ပူးေပါင္းေဆာင္ရြက္မႈ ပိုမိုေကာင္းမြန္ဖို႔အတြက္ အေရးပါတဲ့ ေလ့က်င့္ခန္းေတြ ျဖစ္တယ္လုိ႔ ထိုင္းကာကြယ္ေရးဌာန ေျပာခြင့္ရ Tantravanich က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကန်-ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု တနင်္ဂနွေနေ့ စတင်မည်

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ပူးတွဲ ကမကထပြုတဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပြီး ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ပမာဏ လျှော့ချပြီးလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်မှာ ပုံမှန်လုပ်နေကျ စစ်ရေးလေ့ကျင့်တာမျိုးထက် အများအားဖြင့် လူသားစာနာမှု အကူအညီပေးရေးဆိုင်ရာ လေ့ကျင့်ခန်းတွေကို သီတင်းနှစ်ပတ်ကြာလုပ်မှာ ဖြစ်ပါတယ်။

“Cobra Gold” ရွှေမြွေဟောက်လို့ အမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံက လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့နှစ်က မပါဝင်ခဲ့သလို ဒီနှစ်မှာလည်း မပါပါဘူး။ အခုလို မြန်မာနိုင်ငံ မပါဝင်တာဟာ စစ်အာဏာသိမ်းထားတာနဲ့ မသက်ဆိုင်ဘူးလို့ ထိုင်းကာကွယ်ရေးဌာန ပြောခွင့်ရ Kongcheep Tantravanich က ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။ ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိထားပြီး အမေရိကန်ကတော့ စစ်တပ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချထားတာပါ။

မတ်လ ၅ ရက်နေ့အထိလုပ်မယ့် အခုစစ်ရေးလေ့ကျင့်မှုမှာ တရုတ်နိုင်ငံနဲ့အတူ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ သြစတြေးလျနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင် ၁,၂၀၀ နီးပါးနဲ့ ထိုင်းတပ်ဖွဲ့ဝင် ၂,၀၀၀ ပါဝင်မှာဖြစ်ပြီး လူသားစာနာမှု အကူအညီပေးရေးဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်သွားကြမှာပါ။ ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်တာ၊ ကမ်းတက်လေ့ကျင့်ခန်းနဲ့ ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ခန်းတွေ ဒီနှစ်မှာ မပါပါဘူး။

၂၀၁၉ ခုနှစ်က လေ့ကျင့်ခန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၄,၅၀၀ နီးပါးပါခဲ့ပြီး ၂၀၂၀ မှာ တပ်ဖွဲ့ဝင် ၁၀၆ ယောက်၊ ပြီးခဲ့တဲ့နှစ်က ၆၀၀ ပါဝင်ခဲ့ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်ဖို့အတွက် အရေးပါတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဌာန ပြောခွင့်ရ Tantravanich က ပြောပါတယ်။

XS
SM
MD
LG