သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာက်င္းပမယ့္ Cobra Gold အေမရိကန္နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္း ျမန္မာကိုမဖိတ္


ထိုင္းႏိုင္ငံမွာ ႏွစ္စဥ္က်င္းပတဲ့ အေမရိကန္ မရိန္းတပ္ဖြဲ႔ဝင္ေတြနဲ႔ ေရႊေႁမြေဟာက္ ပူးတြဲစစ္ေရးေလ့က်င္မႈတခု။ (ေဖေဖၚဝါရီ ၂၈၊ ၂၀၂၀) 

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံမွာ ဒီႏွစ္လုပ္မယ့္ Cobra Gold အေမရိကန္ပူးတြဲစစ္ေလ့က်င့္ခန္းမွာ ျမန္မာကိုမဖိတ္ဘူးလို႔ ထိုင္းက ေျပာလိုက္ပါတယ္။

ထုိင္းႏုိင္ငံမွာ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ အေမရိကန္စစ္တပ္နဲ႔ ပူးတဲြစစ္ေရးေလ့က်င့္တဲ့ Cobra Gold ေရႊေႁမြေဟာက္ စစ္ေရးေလ့က်င့္မႈကို ပုံစံေျပာင္း က်င္းပမွာျဖစ္သလို ျမန္မာႏိုင္ငံကို ေလ့လာသူအျဖစ္ တက္ေရာက္ဖို႔ ဖိတ္ၾကားမွာ မဟုတ္တဲ့အေၾကာင္း ထိုင္းစစ္တပ္က ေျပာဆိုပါတယ္။

ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ကေန မတ္လ ၅ ရက္ေန႔အထိ က်င္းပမယ့္ စစ္ေရးေလ့က်င့္မႈမွာ ပုံမွန္ပါဝင္တဲ့ တပ္အင္အား ၈,၉၀၀ ေက်ာ္ကေန ၃,၄၀၀ ေက်ာ္အထိ ေလွ်ာ့ခ်သြားမယ့္အေၾကာင္း ပူးတြဲစစ္ဦးစီး အရာရွိခ်ဳပ္ Natapol Boon-ngarm က မေန႔က ေျပာဆိုပါတယ္။ ကိုဗစ္ 19 ေရာဂါ ကာကြယ္ေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြ အရ တင္းတင္းက်ပ္က်ပ္ လိုက္နာ က်င္းပသြားမယ္လို႔ လည္း ေျပာဆိုပါတယ္။

Cobra Gold စစ္ေရးေလ့က်င့္မႈကို အသုံးခ်ၿပီး ျမန္မာႏိုင္ငံက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြကို အေမရိကန္ျပည္ေထာင္စုက စစ္လက္နက္ေတြ ေထာက္ပ့ံေပးမယ္ဆိုတဲ့ ေကာလဟလေတြ ထြက္ေနတဲ့ အေၾကာင္းနဲ႔ ဒီသတင္းမဟုတ္တဲ့ အေၾကာင္းလည္း ထိုင္း ပူးတြဲစစ္ဦးစီး အရာရွိခ်ဳပ္ Natapol Boon-ngarm က ျငင္းဆိုတာကို ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေရးထား ပါတယ္။

ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာမႈ အကူအညီေပးေရးနဲ႔ ကိုဗစ္ကာကြယ္ေဆးေပးပို႔ႏိုင္ေရးမွာ ထိုင္းနဲ႔ အေမရိကန္ ႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္ရြက္ေနတယ္လို႔လည္း ေျပာဆိုသြားပါတယ္။

ႏွစ္စဥ္ စစ္ေရး ေလ့က်င့္မႈေတြမွာ ေဒသတြင္းႏိုင္ငံေတြကို ေလ့လာသူအျဖစ္ တက္ေရာက္ဖို႔ ဖိတ္ၾကားေလ့ရွိၿပီး ျမန္မာစစ္ တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြေၾကာင့္ ေလ့လာသူအျဖစ္ ဖိတ္ၾကားမႈအေပၚ အရင္ႏွစ္ေတြကလည္း ေ၀ဖန္မႈေတြ ရွိခဲ့ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

============

[[Zawgyi/Unicode]]


ထိုင်းနိုင်ငံမှာကျင်းပမယ့် Cobra Gold အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း မြန်မာကိုမဖိတ်

ထိုင်းနိုင်ငံမှာ ဒီနှစ်လုပ်မယ့် Cobra Gold အမေရိကန်ပူးတွဲစစ်လေ့ကျင့်ခန်းမှာ မြန်မာကိုမဖိတ်ဘူးလို့ ထိုင်းက ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို ပုံစံပြောင်း ကျင်းပမှာဖြစ်သလို မြန်မာနိုင်ငံကို လေ့လာသူအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်တဲ့အကြောင်း ထိုင်းစစ်တပ်က ပြောဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုမှာ ပုံမှန်ပါဝင်တဲ့ တပ်အင်အား ၈,၉၀၀ ကျော်ကနေ ၃,၄၀၀ ကျော်အထိ လျှော့ချသွားမယ့်အကြောင်း ပူးတွဲစစ်ဦးစီး အရာရှိချုပ် Natapol Boon-ngarm က မနေ့က ပြောဆိုပါတယ်။ ကိုဗစ် 19 ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ အရ တင်းတင်းကျပ်ကျပ် လိုက်နာ ကျင်းပသွားမယ်လို့ လည်း ပြောဆိုပါတယ်။

Cobra Gold စစ်ရေးလေ့ကျင့်မှုကို အသုံးချပြီး မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမေရိကန်ပြည်ထောင်စုက စစ်လက်နက်တွေ ထောက်ပံ့ပေးမယ်ဆိုတဲ့ ကောလဟလတွေ ထွက်နေတဲ့ အကြောင်းနဲ့ ဒီသတင်းမဟုတ်တဲ့ အကြောင်းလည်း ထိုင်း ပူးတွဲစစ်ဦးစီး အရာရှိချုပ် Natapol Boon-ngarm က ငြင်းဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထား ပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ကိုဗစ်ကာကွယ်ဆေးပေးပို့နိုင်ရေးမှာ ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုသွားပါတယ်။

နှစ်စဉ် စစ်ရေး လေ့ကျင့်မှုတွေမှာ ဒေသတွင်းနိုင်ငံတွေကို လေ့လာသူအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားလေ့ရှိပြီး မြန်မာစစ် တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် လေ့လာသူအဖြစ် ဖိတ်ကြားမှုအပေါ် အရင်နှစ်တွေကလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ် ခင်ဗျာ။

============

XS
SM
MD
LG