သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO အဖွဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်စစ်လေယာဉ် ပျက်ကျပြီး ၄ ဦး သေဆုံး


NATO ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ပျက်ကျခဲ့တဲ့ ပုံစံတူ အမေရိကန်စစ်လေယာဉ်အမျိုးအစား MV-22B. (မေ ၂၆၊ ၂၀၁၅)
NATO ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ပျက်ကျခဲ့တဲ့ ပုံစံတူ အမေရိကန်စစ်လေယာဉ်အမျိုးအစား MV-22B. (မေ ၂၆၊ ၂၀၁၅)

(Zawgyi / Unicode)

မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း နော်ဝေနိုင်ငံမြောက်ပိုင်း ခေါင်သီတဲ့ဒေသမှာ ပျက်ကျခဲ့တဲ့ အမေရိကန် စစ်လေယာဉ်မှာ လိုက်ပါသွားသူ ၄ ဦးလုံး သေဆုံးကြောင်း ဒေသခံ ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။ လက်ရှိ သိရသလောက် ၄ ဦးစလုံးဟာ အမေရိကန်တွေဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အမေရိကန် ၄ ဦး သေဆုံးကြောင်း ပြောဆိုပြီး နော်ဝေဝန်ကြီးချုပ် Jonas Gahr Stoere က တွစ်တာ လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ရေးသားထားပါတယ်။

အမေရိကန် မရိန်းတပ်ဖွဲ့ပိုင် MV-22B Osprey လေယာဉ်က Cold Response စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တာ ဖြစ်ပါတယ်။ ရာသီဥတုဆိုးတာကြောင့် လေယာဉ်ပျက်ကျရာ နေရာကို ရဟတ်ယာဉ်တွေ ဆင်းလို့မရ ဖြစ်ခဲ့ပြီးနောက် စနေနေ့ အစောပိုင်းမှာမှ ကယ်ဆယ်ရေးအဖွဲ့တွေ ကုန်းလမ်းကနေ ရောက်ရှိတာ ဖြစ်ပါတယ်။

လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်ခဲ့သလို ရေခဲတောင် ပြိုကျနိုင်ခြေ ရှိကြောင်းလည်း ဒေသဆိုင်ရာ မိုးလေဝသပညာရှင်တွေက ခန့်မှန်းခဲ့ကြတာပါ။

လေယာဉ်ပျက်ကျရာ နေရာကို စနေနေ့အစောပိုင်းမှာ ရောက်ရှိကြောင်း၊ လေယာဉ်ပျက်ကျနေပြီး လေယာဉ်ပေါ်ပါသူ ၄ ဦးလုံး သေဆုံးကြောင်း Nordland ရဲဌာနက ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်ခဲ့သူ Ivar Bo Nilsson က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပေမယ့်လည်း ရာသီဥတု အခြေအနေကြောင့် ရပ်ခဲ့ရပါတယ်။ ရာသီဥတု ကောင်းချိန်မှာ စစ်ဆေးရေး လုပ်ငန်းကို ပြန်စမှာ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံကို ကာကွယ်ပေးရေး NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြင်ဆင်မှုအဖြစ် လုပ်တဲ့ Cold Response စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံ ၂၇ ခုက တပ်ဖွဲ့ဝင် ၃၀,၀၀၀ လောက် ပါဝင်လေ့ကျင့်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)









XS
SM
MD
LG