သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နဲ့ အီရန်ကြား မြစ်ရေခွဲဝေသုံးစွဲရေး အငြင်းပွါးမှု ၂ ဦးထက်မနဲသေဆုံး


Iran Hirmand River,ر رودخانه هیرمند
Iran Hirmand River,ر رودخانه هیرمند

အီရန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအကြား မြစ်ရေခွဲဝေသုံးစွဲမှုအငြင်းပွားရာကနေ စနေနေ့တုန်းက နှစ်ဘက်တပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး၊ အချို့ဒဏ်ရာရရှိခဲ့သလို နှစ်ဘက်တင်းမာမှုတွေ မြင့်တက် လာနေပါတယ်။

အာဖဂန်နဲ့ အီရန်ကြား မြစ်ရေခွဲဝေသုံးစွဲရေး အငြင်းပွါးမှု ၂ ဦးထက်မနဲသေဆုံး

အီရန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအကြား မြစ်ရေခွဲဝေသုံးစွဲမှုအငြင်းပွားရာကနေ စနေနေ့တုန်းက နှစ်ဘက်တပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး၊ အချို့ဒဏ်ရာရရှိခဲ့သလို နှစ်ဘက်တင်းမာမှုတွေ မြင့်တက် လာနေပါတယ်။
အီရန်နိုင်ငံ စစ်စတန်နဲ့ ဘလူချီစတန် ပြည်နယ်တွေနဲ့ အာဖဂန်ဘက်က နီမရု Nimorz ပြည်နယ်တွေအကြား နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ဟဲလ်မန်းဒ် Helmand မြစ်ရေခွဲဝေသုံးစွဲမှုအပေါ်အငြင်းပွားပြီးအပြန်အလှန်ပစ်ခတ်ခဲ့တာပါ။
အီရန် ဒုရဲချုပ် ဗိုလ်ချုပ်ကြီး Qassem Rezaei ကတော့ အာဖဂန်ဘက်ကစတင်ပစ်ခတ်တာလို့ အီရန်အစိုးရပိုင် IRNA ကိုပြောဆိုခဲ့ပါတယ်။ တာလီဘန်တွေဘက်ကလည်း အီရန်ကအရင်စပစ်တာလို့ ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့် ရှိသူ Abdul Nafi Takor ကပြောဆိုခဲ့ပြီး၊ အီရန်ဘက်ကတဦးနဲ့ အာဖဂန်ဘက်ကတဦး သေဆုံးတယ်လို့ပြောဆိုပါတယ်။ အီရန်ဘက်ကတော့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောဆိုပါတယ်။ သေဆုံးသူအရေအတွက် ဟာဒိထက်များနိုင်တယ်လို့လည်း အချို့သတင်းတွေမှာဖေါ်ပြပါတယ်။
ဒီလအစောပိုင်းက အီရန် သမတ အီဗရာဟင် ရာစီက Ebrahim Raisi ၊ အီရန်နိုင်ငံရဲ့ မြစ်ရေသုံးစွဲခွင့် အခွင့်အရေးကို မချိုးဖေါက်ဖို့ သတိပေးချက်ထွက်ပေါ်ခဲ့ပြီးနောက် အခုလိုတိုက်ခိုက်မှုတွေဖြစ်ပေါ်လာတာပါ။
အီရန်နိုင်ငံမှာ မိုးခေါင်ရေရှားမှုဒါဏ်ကိုခံနေရာတာနှစ်ပေါင်း ၃၀ လောက်ရှိနေပြီဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းအခြေ အနေတွေပိုဆိုးလာခဲ့တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ WFP ကပြောဆိုထားပါတယ်။ အီရန်နိုင်ငံရဲ့ ၉၇ ရာခိုင်နှုန်း ဟာအနည်းနဲ့အများ မိုးခေါင်ရေရှားမှုဒဏ်ကိုခံနေရတယ်လို့ အီရန် ရာသီဥတုနဲ့ဇလဗေဒဌာနက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG