သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်ခေါင်းဆောင် သေဆုံးမှုအတွက် လက်တုံ့မပြန်ဖို့ တောင်းဆိုချက် အီရန်ပယ်ချ


ဟာမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် Ismail Haniye ဈာပနအခမ်းအနားမြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၄)
ဟာမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် Ismail Haniye ဈာပနအခမ်းအနားမြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၄)

အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ဟာမတ်စ်အဖွဲ့ခေါင်းဆောင် သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စအတွက် လက်စားချေမှုတွေ မလုပ်ဆောင်ဘဲ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ ပြင်သစ်၊​ ဂျာမနီနဲ့ ဗြိတိန် ၃ နိုင်ငံရဲ့ တောင်းဆိုမှုကို အီရန်က ပယ်ချလိုက်ပြီး ဒါဟာ နိုင်ငံရေးအရ ယုတ္တိမရှိတဲ့၊ နိုင်ငံတကာဥပဒေတွေနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ ဆိုပါတယ်။​

အီရန်နဲ့ မဟာမိတ်အဖွဲ့တွေအနေနဲ့ အစ္စရေးကို တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ ဒီ ဥရောပ ၃ နိုင်ငံက မနေ့ တနင်္လာနေ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့တာပါ။

အစ္စရေးရဲ့ ကျူးလွန်မှုတွေအပေါ် ကန့်ကွက်ခြင်းမရှိဘဲ အီရန်ရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကိုချိုးဖောက်ပြီး အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို လက်တုန့်ပြန်ခြင်းမပြုဖို့ ဥရောပ ၃ နိုင်ငံရဲ့ တောင်းဆိုမှုဟာ ဆင်ခြင်မှု ကင်းမဲ့ရာရောက်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Nasser Kanaani က ပြောပါတယ်။​

ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတို့အနေနဲ့ ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲနဲ့ အစ္စရေး စစ်မက်လိုလားမှုတွေကို ဆန့်ကျင် ရပ်တည်ကြဖို့လည်း Kanaani က တောင်းဆိုလိုက်ပါတယ်။

ဟာမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် Ismail Haniye ကို တီဟီရန်မြို့မှာ သတ်ဖြတ်လိုက်တဲ့ကိစ္စအတွက် အစ္စရေးကို အီရန်အနေနဲ့ လက်စားခြေခွင့်ရှိကြောင်း၊ အဲဒီလို လက်စားခြေခြင်းအားဖြင့် အနာဂတ်မှာ အစ္စရေးဘက်က တိုက်ခိုက်လာမယ့်အန္တရာယ်ကိုလည်း ကြိုတင် ဟန့်တားပြီးဖြစ်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ကို အီရန်သမ္မတက ပြောကြားခဲ့ကြောင်း အီရန်အစိုးရပိုင် သတင်းဌာန IRNA မှာ ဖော်ပြထားပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG