သုံးရလွယ်ကူစေသည့် Link များ

Hormuz ရေလက်ကြား ရေကြောင်းအန္တရာယ်ကင်းရေး ကန်ကြိုးပမ်းမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

အိုမန် ပင်လယ်ကွေ့ထဲမှာ ရေနံတင်သင်္ဘော ၂စင်းကို အီရန်က တိုက်ခိုက်ခဲ့တာဟာ မှားယွင်း တိုက်ခိုက်မိတာမျိုး မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက အခိုင်မာပြော ဆိုလိုက်ပြီး ၊ Hormuz ရေလက်ကြားထဲ လွတ်လပ်တဲ့ ရေကြောင်းသွားလာခွင့် ရှိရေးအတွက် သံတမန်ရေး နည်းနဲ့ဖြစ်ဖြစ် စစ်ရေးကြားဝင်တဲ့နည်းနဲ့ဖြစ်ဖြစ် အာမခံချက် ပေးသွားမယ်လို့ အမေရိကန်က ပြောပါတယ်။

ဒီရေလက်ကြားကို ဖြတ်ခွင့်မပေးချင်တာကြောင့် အီရန်က တိုက်ခိုက်ခဲ့တာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Fox သတင်းဌာနကိုပြောပါတယ်။

အမေရိကန်ဟာ အီရန်နဲ့ စစ်မဖြစ်ချင်ဘူးလို့ အမေရိကန်သံတမန်တွေက ပြောပေမဲ့ ၊ အိုမန်ပင်လယ်ကွေ့နဲ့ ပါရှင်ပင်လယ်ကွေ့ကြား ကူးသန်းသွားလာခွင့် ရဖို့ကိုတော့ သေချာအောင်လုပ်သွားမယ်လို့ ပြောပါတယ်။ ကမ္ဘာတလွှားက ရေနံတင်သင်္ဘောတွေရဲ့ သုံးပုံတပုံဟာ ဒီရေလက်ကြားကို သုံးနေတာပါ။ အမေရိကန်ရဲ့ စွပ်စွဲချက်ကို အီရန်က ပယ်ချလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့ ထုတ်ပြန်တဲ့ မှုန်ဝါးဝါး ဗွီဒီယိုထဲမှာတော့ အီရန်ဘုတ်တစင်းဟာ အတိုက်ခိုက်ခံရတဲ့ သင်္ဘောဘေးမှာ မပေါက်ကွဲသေးတဲ့ မိုင်းတလုံး ပြန်ယူနေတာကို ပြသခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ အီရန် ရှိနေတယ်ဆိုတဲ့ သက်သေ အထောက်အထား အများပြား ရှိတယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG