အီရန်တိုက်ရေးညွှန်ကြားချက် သမ္မတ Trump ပြန်ရုပ်သိမ်း
အီရန်ကိုတိုက်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြာသပတေးနေ့မှာ ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာမှ ဘာမှန်းမသိ ရတဲ့ အကြောင်းပြချက်နဲ့ ပြန်ရုပ်သိမ်းလိုက်တယ်ဆိုပြီး သတင်းစာထဲမှာ ရေးသားဖော်ပြခဲ့တဲ့သတင်းအပေါ် အစိုးရအဖွဲ့ထဲက အမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေ မှတ်ချက်ပေးပြောဆိုဖို့ ငြင်းကြပါတယ်။ ရေဒါနဲ့ ဒုံးကျည်ပစ်စင်လို အီရန်ပစ်မှတ်တချို့ကို တိုက်ခိုက်ဖို့ သမ္မတထရမ့်ပ်က ညွှန်ကြားခဲ့တာလို့ The New York Times နဲ့ Washington Post သတင်းစာတွေမှာ ရေးသား ဖော်ပြခဲ့တာပါ။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။