သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အီရန် ရေနံတင် သဘောၤ ဂျီဘရော်တာကနေ ထွက်ခွာသွားဖွယ်ရှိ


ဗြိတိန်ရဲ့ ဝေးလံတဲ့ ပိုင်နက် နယ်မြေ တခုဖြစ်တဲ့ ဂျီဘရော်တာမှာ ဖမ်းထားတဲ့ အီရန် ရေနံတင် သဘောၤကို ထိန်းသိမ်းနိုင်ရေး အမေရိကန်ရဲ့ ကြိုးပမ်းချက်ကို ဂျီဘရော်တာ အာဏာပိုင်တို့က ပယ်ချလိုက်ပြီးမှာတော့ တနင်္ဂနွေနေ့မှာ သူတို့ သဘောၤ ဂျီဘရော်တာကနေ ထွက်ခွာနိုင်မယ်လို့ ခန့်မှန်းထားကြောင်း အီရန်က ပြောဆိုထားပါတယ်။

ဒါပေမယ့် ဒီ Grace 1 ရေနံတင် သဘောၤကြီးက ဘယ်ကို ဦးတည် ခုတ်မောင်းမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သူတို့ ရေနံတင်သင်္ဘော ဂျီဘရော်တာကနေ တနင်္ဂနွေညမှာ ထွက်ခွာဖို့ ရှိနေကြောင်းနဲ့ လိုအပ်တဲ့အကူအညီပေးဖို့ အီရန် အင်ဂျင်နီယာအဖွဲ့ နှစ်ဖွဲ့လည်း ဂျီဘရော်တာ ကို လေယာဉ်နဲ့ ရောက်ရှိနေပြီဖြစ်တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ အီရန်သံကိုယ်စားလှယ် Hamid Baeidinejad က twitter လူမှုကွန်ယက်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၀ တန်ဖိုးရှိတဲ့ ရေနံစိမ်း စည်ပေပါပေါင်း ၂ ဒသမ ၁ သန်း တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘော အတွက် လုံခြုံရေးယူဖို့ အီရန် ရေတပ် တပ်ဖွဲ့ကို စေလွှတ်ဖို့ အဆင်သင့် ရှိကြောင်း အီရန် အစိုးရက ပြောဆိုထားပေမယ့် ဒီသဘောၤက ဘယ်ကို ဦးတည် ခုတ်မောင်းမလဲ ဆိုတာကိုတော့ မပြောပါဘူး။

အီရန်က အခုအခါ Adrian Darya 1 လို့ နာမည်ပြောင်းလိုက်တဲ့ Grace 1 လို့ခေါ်တဲ့ ရေနံတင်သင်္ဘောကြီးကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့တုန်းက ဗြိတိန်ရဲ့ ပိုင်နက် တခုဖြစ်တဲ့ ဂျီဘရော်တာမှာ ဖမ်းဆီးခဲ့တာပါ။ ဥရောပ သမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး အီရန်ရဲ့ ရေနံတင် သဘောၤကြီးက သူ့ရဲ့ မဟာမိတ် ဖြစ်တဲ့ ဆီးရီးယား နိုင်ငံဆီ ဦးတည် ခုတ်မောင်းနေတယ်လို့ အာဏာပိုင်တွေက ယူဆခဲ့ကြတာပါ။ ဒီ ရေနံတင် သဘောၤကြီးက အရင်ကတော့ ပနားမား အလံတင် သဘောၤအဖြစ် ခုတ်မောင်းနေတာ ဖြစ်ပြီး အခုနာမည်ပြောင်းလိုက် အပြီးမှာတော့ အဖြူ အစိမ်း အီရန် အလံကို သဘောၤပေါ်မှာ လွှင့်ထူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG