သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ရေနံတင်သင်္ဘော အီရန်ဖမ်းဆီးမှု နိုင်ငံတကာစိုးရိမ်


Stena Impero ရေနံတင်သင်္ဘော
Stena Impero ရေနံတင်သင်္ဘော

အရှေ့အလယ်ပိုင်းဒေသက Hormuz ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ ဗြိတိန်အလံတင် ရေနံတင်သင်္ဘော ကိုမနေ့ သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အီရန်နိုင်ငံအနေနဲ့ အန္တရာယ်များတဲ့ လမ်းကိုလျောက်နေတဲ့အပေါ် စိုးရိမ်တယ် လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ဒီကနေ့ပြောပါတယ်။

အီရန်ငါးဖမ်းသင်္ဘောနဲ့ မတော်တဆ ထိခိုက်မိတယ်ဆိုတဲ့ Stena Impero ရေနံတင်သင်္ဘောကို Homuz ရေလက်ကြားနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Bander Abba ဆိပ်ကမ်းမှာ ထိန်းသိမ်းထားတယ်လို့ အီရန်နိုင်ငံက FARS သတင်းအေဂျင်စီက ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Hunt ကတော့ သင်္ဘောတွေ အန္တရာယ်ကင်းဖို့ ဗြိတိန်ဘက်က စဉ်းစားချင့်ချိန်ပြီး အခိုင်အမာ တုန့်ပြန်ဆောင်ရွက်သွားမယ်လို့ တွစ်တာမှာရေးပါတယ်။

အီရန်ရေနံတင်သင်္ဘော Grace 1 ကိစ္စကိုလည်း ဖြေရှင်းနိုင်ဖို့ နည်းလမ်း ရှာနေတယ်လို့ ဝန်ကြီး Hunt က ပြောပါတယ်။

ဥရောပသမဂ္ဂ ကချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံကို ရေနံတင်ပို့ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ သံသယနဲ့ အီရန်ရေနံတင်သင်္ဘော Grace 1ကို ဇူလိုင်လ ၄ ရက်နေ့က ဂျီဘရော်တာ ရေလက်ကြားမှာ ဗြိတိန်က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ကလည်း အီရန်နိုင်ငံဟာ အန္တရာယ်ပေးတဲ့ နိုင်ငံသက်သက်သာဖြစ်တယ်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို မနေ့က ပြောပါတယ်။

ဗြိတိန်ရေနံတင်သင်္ဘောတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းနဲ့ ပတ်သက်ပြီး သမ္မတ Trump က မှတ်ချက်ပေးပြောဆိုတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံနဲ့ အတူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်းနဲ့ အီရန်ရဲ့ လုပ်ရပ်ကြောင့် ဒေသတွင်းတင်းမာမှုတွေပြေလျော့ရေး ကြိုးပမ်းချက်တွေအပေါ် ထိခိုက်စေတယ်လို့ ဒီကနေ့ပဲ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG