သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်လွှတ်တော်ဥက္ကဋ္ဌ Qalibaf သမ္မတရွေးကောက်ခံဖို့ အမည်စာရင်းတင်သွင်း


သမ္မတအဖြစ်အရွေးခံမယ့် နိုင်ငံရေးသဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီ အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Qalibaf
သမ္မတအဖြစ်အရွေးခံမယ့် နိုင်ငံရေးသဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီ အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Qalibaf

ဂျွန်လ ၂၈ ရက်နေ့မှာကျင်းပမယ့် အီရန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံဖို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Qalibaf တနင်္လာနေ့မှာ နာမည်စာရင်းတင်သွင်းလိုက်ပါတယ်။ မေလအတွင်း ရဟတ်ယာဥ်ပျက်ကျရာမှာ အီရန်သမ္မတ Ebrahim Raisi နဲ့အခြားအရာရှိတွေ သေဆုံးခဲ့တာကြောင့် သမ္မတရွေးကောက်ပွဲ ခုလိုကျင်းပရတာပါ။

နိုင်ငံရေးသဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီ၊ ၆၂ နှစ်အရွယ် Qalibaf က သမ္မတ Raisi ရဲ့လမ်းစဥ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌရာထူးကနုတ်ထွက်အပြီး သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ရင်ဆိုင်နေရတဲ့ အီရန်နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ကုန်စျေးနှုန်းတက်လာတာဟာ ကြီးမားတဲ့ပြဿနာဖြစ်တယ်လို့လည်းပြောပါတယ်။ စီးပွါးရေးကိစ္စတွေကို ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ သမ္မတ Raisi ရဲ့ ထင်ရှားတဲ့အစိုးရအဖွဲ့နဲ့ လွှတ်တော်ရဲ့လုပ်ငန်းတွေ မပြီးဆုံးသေးသလို အောင်မြင်မှုလည်းမရသေးတဲ့အတွက် သမ္မတအဖြစ် ဝင်အရွေးခံရတာဖြစ်တယ်လို့လည်း Qalibaf ကပြောကြားသွားပါတယ်။

အဲဒီအစီအစဥ်အသေးစိတ်နဲ့ အီရန်ရဲ့ rial ငွေကြေးတန်ဖိုး ဆက်ကျနေမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ အီရန်ရဲ့စီးပွါးရေးနဲ့လူမှုရေးဆိုင်ရာကိစ္စရပ်တွေ ဖြေရှင်းလို့မရဘူးလို့ယုံကြည်နေရင် သမ္မတရွေးကောက်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အီရန်လွှတ်တော်သစ်ရဲ့ ဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့တပတ်ကမှ သူ့ကိုရွေးချယ်တင်မြှောက်ထားတာဖြစ်ပါတယ်။ Qalibaf ဟာ တီဟီရန်မြို့တော်ဝန်အဖြစ် ၂၀၀၅ ကနေ ၂၀၁၇ ခုနှစ်ထိတာဝန်ယူခဲ့ပြီး ၂၀၀၅ နဲ့ ၂၀၁၃ ခုနှစ်မှာ သမ္မတရွေးကောက်ပွဲဝင်ဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ၂၀၁၇ ခုနှစ်မှာတော့ သမ္မတ Raisi အတွက် သမ္မတရွေးကောက်ပွဲကနေ နုတ်ထွက်ပေးခဲ့ပါတယ်။

အီရန်လွှတ်တော်ဥက္ကဌ Qalibaf သမ္မတရွေးကောက်ခံဖို့ အမည်စာရင်းတင်သွင်း
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG