သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် အန္တရာယ်ကြီးထွားလာမှု ကန်တုံ့ပြန်လုပ်ဆောင်မည်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley

အန္တရာယ်ကြီးမားလာနေတဲ့ အီရန်နိုင်ငံနဲ့ သူ့ရဲ့အဓိကကိုယ်ပွား ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို အမေရိကန်က အရေးယူကိုင်တွယ်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း အရေးကို အဓိကအာရုံစိုက်ဆွေးနွေးတဲ့ လုံခြုံရေးကောင်စီရဲ့ လစဉ် အရှေ့အလယ်ပိုင်းဆိုင်ရာ စည်းဝေးပွဲမှာ လုံခြုံရေးကောင်စီအနေနဲ့ အရှေ့အလယ်ပိုင်းဒေသက တခြား ခြိမ်းခြောက်ရန်တွေကိုလည်း အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့တာပါ။

အကြမ်းဖက်လုပ်ရပ်တွေ၊ စစ်ရေးဆောင်ရွက်မှုလုပ်ပြီး ဒေသတွင်းမှာ မတည်ငြိမ်အောင် အီရန်နဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့တို့ ပူးပေါင်းကြံစည်လုပ်နေကြတယ်လို့ သံအမတ်ကြီး Haley ကဆိုပါတယ်။ ဒါကြောင့် အဓိကတရားခံကို စရှင်းဖို့လိုတယ်လို့ လုံခြုံရေးကောင်စီ စည်းဝေးပွဲမှာ ပြောကြားခဲ့တာပါ။

ဆီးရီးယားမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲ၊ အီရတ်နဲ့ ရီမင်နိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေမှာ အီရန်နဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ပါဝင် ပတ်သက်နေတယ်လို့ သူကဆိုပြီး ဒီအန္တရာယ်တွေကို လုံခြုံရေးကောင်စီက မကိုင်တွယ်ရင် အမေရိကန်က ကိုင်တွယ်မယ်လို့ သံအမတ်ကြီးက Nikki Haley ကပြောပါတယ်။ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံကြားရရှိခဲ့တဲ့ သဘောတူညီမှုတွေအတိုင်း အီရန်ကလိုက်နာပေမယ့် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်စွမ်းနဲ့ ထုတ်လုပ်ဖို့ စိတ်ပိုင်းဖြတ်မှုကိုတော့ ဒီသဘောတူချက်က မတားဆီးနိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကဗုဒ္ဓဟူးနေ့ကပဲ ဝေဖန်ခဲ့ပါတယ်။

အီရန်အပေါ် အရေးယူဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းပြီး အပေးအယူလုပ်ခဲ့တဲ့ သဘောတူညီချက်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အဓိကအကျိုးရှိရဲ့လားဆိုတာကို ရက် ၉၀ အတွင်း ပြန်သုံးသပ်နေတယ်လို့ Trump အစိုးရက အခုသီတင်းပတ်ထဲမှာပဲ ကြေညာထားပါတယ်။

Iran အန္ဒရာယ်ကြီးထွားလာမှု ကန်တုံ့ပြန်လုပ်ဆောင်မည်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG