သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတဟောင်း ကန်သမ္မတထံ အိတ်ဖွင့်ပေးစာပို့


အီရန်သမ္မတဟောင်း Mahmoud Ahmadinejad
အီရန်သမ္မတဟောင်း Mahmoud Ahmadinejad

သဘောထား တင်းမာတဲ့ အီရန် သမ္မတဟောင်း Mahmud Ahmadinejad က အမေရိကန် သမ္မတ Doanld Trump ထံရေးသားတဲ့ အိတ်ဖွင့်ပေးစာကို အင်္ဂလိပ်၊ Farsi သာသာ စကား ၂ မျိုးနဲ့ ဖြန့်ဝေလိုက်ပါတယ်။

အီရန် သမ္မတဟောင်းရဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့အမေရိကန်ရဲ့ နိုင်ငံရေး စနစ်နဲ့ ရွေးကောက်တင်မြှောက်ရေး ဆိုင်ရာ ဖွဲ့စည်းပုံတို့ဟာ ချစား ပျက်စီးနေတယ်ဆိုပြီး အမှန်တရားကို ဖွင့်ချခဲ့တယ်လို့ သုံးနှုန်းပြီး အမေရိကန်ခေါင်းဆောင်ကို ချီးကျူးပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖြန့်ဝေလိုက်တဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့ အမေရိကန် သမ္မတ Trump ရဲ့ အီရန်နိုင်ငံ အပါအဝင် နိုင်ငံ ၇ နိုင်ငံ အပေါ် ပြည်ဝင်ခွင့် တားမြစ်တဲ့ အစီအစဉ်အပေါ်မှာ ဝေဖန်ထားပါတယ်။

ခေတ်သစ် အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံအားလုံးနဲ့ သက်ဆိုင်နေတယ်လို့ အီရန် သမ္မတဟောင်းက သုံးနှုန်းပြောဆိုခဲ့တာပါ။ အီရန် နွယ်ဖွား ၁ သန်းလောက် အမေရိကန် ပြည်ထောင်စု အတွင်း ရွှေ့ပြောင်းဝင်ရောက် နေထိုင်တယ် ဆိုတာကိုလည်း သူက အသိအမှတ်ပြု ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကုလသမဂ္ဂကို ချုပ်ကိုင်ထားပြီး ကမ္ဘာကြီးကို မွှေနေတယ်လို့ သုံးနှုန်းပြောဆို ရှုတ်ချပြီး ဒါကြောင့်လည်း နိုင်ငံတွေမှာ မလုံခြုံမှုတွေ၊ စစ်ပွဲတွေ၊ ကွဲပြားမှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဖြစ်နေတာလို့ လည်း အီရန် သမ္မတဟောင်းက ပြောဆိုပါတယ်။ အရင်တုန်းကလည်း Ahmadinejad က အမေရိကန် သမ္မတ Barack Obama နဲ့ George W. Bush တို့ထံကိုလည်း စာရေးသား ပေးပို့ခဲ့ဖူးပါတယ်။

အီရန်သမ္မတဟောင်း ကန်သမ္မတထံ အိတ်ဖွင့်ပေးစာပို့
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG