သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရတ္ဆႏၵျပပဲြ ပစ္ခတ္ခံရမႈ ၂၄ ဦးထက္မနည္း ေသဆံုး


အီရန္ႏုိင္ငံ Tahrir ရင္ျပင္တြင္ ဆႏၵျပေနၾကသူမ်ား။ (ဒီဇင္ဘာ ၅၊ ၂၀၁၉)

(Zawgyi / Unicode)

အီရတ္ႏုိင္ငံ ဘဂၢဒက္ၿမိဳ႕လယ္မွာ မေန႔ စေနေန႔က အစိုးရကို ဆန႔္က်င္ ဆႏၵျပေနၾကတဲ့သူေတြကို လက္နက္ကိုင္ထားတဲ့ လူတစုက တိုက္ခိုက္ခဲ့မႈေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ ၂၄ ေယာက္ထက္မနည္း ရွိသြားခဲ့ၿပီျဖစ္တယ္လို႔ အီရတ္အာဏာပိုင္ေတြက ေျပာလိုက္ပါတယ္။

ဒီတိုက္ခိုက္မႈဟာ ေသာၾကာေန႔ ေႏွာင္းပိုင္းက စတင္ခဲ့တာျဖစ္ၿပီး ေသနတ္နဲ႔ ပစ္တာေတြ၊ ဓားနဲ႔ထိုး တိုက္ခိုက္တာေတြေၾကာင့္ ေနာက္ထပ္ လူ ၁၂၇ ေယာက္လည္း ဒဏ္ရာရသြားတယ္လို႔ အီရတ္ရဲတပ္ဖြဲ႔နဲ႔ က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။ အဲဒီ ေသဆုံးသြားတဲ့ သူေတြထဲမွာ ရဲတပ္ဖြဲ႔ဝင္ ၃ ေယာက္လည္း ပါဝင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁ ရက္ေန႔ကစၿပီး အီရတ္ႏုိင္ငံတဝွမ္း လမ္းေပၚထြက္ ဆႏၵျပတာေတြ ျဖစ္ခဲ့ခ်ိန္ကစၿပီး ဒီတိုက္ခုိက္မႈဟာ အီရတ္ႏုိင္ငံမွာ လူအေသအေပ်ာက္ အမ်ားဆုံးေတြထဲက တခုျဖစ္ပါတယ္။

အီရတ္ႏုိင္ငံမွာ ႏိုင္ငံေရးအေျပာင္းအလဲေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဖာ္ေဆာင္ဖို႔နဲ႔ အီရတ္ႏုိင္ငံ အေရးကိစၥမွာ အီရန္ႏုိင္ငံရဲ႕ ၾသဇာလႊမ္းမိုးမႈေတြကို ရပ္တန႔္ဖို႔အတြက္ အီရတ္ျပည္သူေတြက ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

လက္နက္ေတြ အမ်ားအျပား ကိုင္ေဆာင္ၿပီး မ်က္ႏွာဖုံးေတြ စြပ္ထားတဲ့ ေသနတ္သမားေတြဟာ ဘဂၢဒက္ၿမိဳ႕လယ္ေခါင္က အဓိကရင္ျပင္နားမွာရွိေနတဲ့ ဆႏၵျပတဲ့သူေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာျဖစ္ၿပီး အဲဒီေသနတ္သမားေတြ ဘယ္သူဘယ္ဝါဆိုတာကို ေဖာ္ထုတ္ႏိုင္ျခင္း မရွိဘူးလို႔ ေျပာပါတယ္။

-----------------------------------

(Unicode)

အီရတ်ဆန္ဒပြပွဲ ပစ်ခတ်ခံရမှု ၂၄ ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်မှာ မနေ့ စနေနေ့က အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့သူတွေကို လက်နက်ကိုင်ထားတဲ့ လူတစုက တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၄ ယောက်ထက်မနည်း ရှိသွားခဲ့ပြီဖြစ်တယ်လို့ အီရတ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ သောကြာနေ့ နှောင်းပိုင်းက စတင်ခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်တာတွေ၊ ဓားနဲ့ထိုး တိုက်ခိုက်တာတွေကြောင့် နောက်ထပ် လူ ၁၂၇ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ အီရတ်ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ သေဆုံးသွားတဲ့ သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်လည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အီရတ်နိုင်ငံတဝှမ်း လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ဖြစ်ခဲ့ချိန်ကစပြီး ဒီတိုက်ခိုက်မှုဟာ အီရတ်နိုင်ငံမှာ လူအသေအပျောက် အများဆုံးတွေထဲက တခုဖြစ်ပါတယ်။

အီရတ်နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ဖို့နဲ့ အီရတ်နိုင်ငံ အရေးကိစ္စမှာ အီရန်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုတွေကို ရပ်တန့်ဖို့အတွက် အီရတ်ပြည်သူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

လက်နက်တွေ အများအပြား ကိုင်ဆောင်ပြီး မျက်နှာဖုံးတွေ စွပ်ထားတဲ့ သေနတ်သမားတွေဟာ ဘဂ္ဂဒက်မြို့လယ်ခေါင်က အဓိကရင်ပြင်နားမှာရှိနေတဲ့ ဆန္ဒပြတဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီသေနတ်သမားတွေ ဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်နိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG