သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၀န္ႀကီးခ်ဳပ္ ႏုတ္ထြက္ေပမယ့္ အီရတ္ျပႆနာ မၿငိမ္းေသး


အီရတ္ႏုိင္ငံတြင္း ဆႏၵျပပြဲ ျမင္ကြင္းတခု။ (ႏုိဝင္ဘာ ၂၉၊ ၂၀၁၉)

(Zawgyi / Unicode)

အီရတ္၀န္ႀကီးခ်ဳပ္ Adel Abdul Mahdi ရဲ႕ ႏုတ္ထြက္မႈကို လႊတ္ေတာ္က တနဂၤေႏြေန႔မွာ လက္ခံလိုက္ပါၿပီ။ ဒါေပမယ့္ ႏုိင္ငံတြင္းက အစိုးရဆန္႔က်င္ေရး ၂ လနီးပါးၾကာ ဆႏၵျပပြဲေတြ အဆံုးသတ္သြားမယ္႔ အေျခအေန မရွိပါဘူး။

၀န္ႀကီးခ်ဳပ္ Mahdi က ေသာၾကာေန႔မွာ ႏုတ္ထြက္ခဲ့တာပါ။ လႊတ္ေတာ္တြင္းက အင္အားအႀကီးဆံုး အဖြဲ႔အေနနဲ႔ ၀န္ႀကီးခ်ဳပ္သစ္ ခန္႔အပ္ဖို႔ သမၼတ Barham Salih က ေျပာဆိုထားပါတယ္။

လႊတ္ေတာ္တြင္း အင္အားအႀကီးဆံုးျဖစ္ေရး ဘယ္ပါတီေတြ ညြန္႔ေပါင္းဖြဲ႔ၾကမလဲဆိုတာ ရွင္းရွင္းလင္းလင္း မရွိေသးတာေၾကာင့္ သေဘာတူညီခ်က္ ရရွိေရးက သီတင္းပတ္ေတြနဲ႔ခ်ီ ၾကာျမင့္ႏုိင္ပါတယ္။

၀န္ႀကီးခ်ဳပ္သစ္ အတည္ျပဳ မခန္႔အပ္ႏုိင္ခင္ အခ်ိန္ထိ ၀န္ႀကီးခ်ဳပ္ Mahdi နဲ႔ သူ႔အစိုးရ အဖြဲ႔က အိမ္ေစာင့္အစိုးရအျဖစ္ ဆက္လက္တာ၀န္ယူဖို႔ သေဘာတူထားပါတယ္။

၀န္ႀကီးခ်ဳပ္ Mahdi ႏုတ္ထြက္႐ုံေလာက္နဲ႔ေတာ့ အစိုးရဆန္႔က်င္ေရး ဆႏၵျပသူေတြ ေက်နပ္မယ့္ အေျခအေန မရွိပါဘူး။ ၀န္ႀကီးခ်ဳပ္သစ္ လႊဲေျပာင္း တာ၀န္ယူ႐ုံတင္ မဟုတ္ဘဲ အက်င့္ပ်က္ ျခစားမႈေတြ၊ မကြ်မ္းက်င္မႈေတြနဲ႔ ေရနံႂကြယ္၀တဲ့ႏုိင္ငံမွာ ဆင္းရဲမြဲေတမႈ ပေပ်ာက္ေရးကို မစြမ္းေဆာင္ႏုိင္တဲ့ ႏုိင္ငံေရးစနစ္တခုလံုး ေျပာင္းလဲဖို႔ ဆႏၵျပသူေတြက ေတာင္းဆိုေနၾကတာပါ။

တနဂၤေႏြေန႔ကလည္း ၿမိဳ႕ေတာ္ ဘဂၢဒက္က လႊတ္ေတာ္အေဆာက္အအံု နံရံကို ေက်ာ္တက္ဖို႔ ႀကိဳးစားတဲ့ ဆႏၵျပသူေတြကို လံုၿခံဳေရးတပ္ဖြဲ႔က ပစ္ခတ္တာေၾကာင့္ ဆႏၵျပသူတဦး ေသဆံုးခဲ့ရပါတယ္။ တျခားသူ ၉ ဦး ဒဏ္ရာရပါတယ္။

ေအာက္တိုဘာလ အေစာပိုင္းက စခဲ့တဲ့ ႏုိင္ငံတ၀န္း ဆႏၵျပပြဲေတြအတြင္း ေသဆံုးသူ ၄၀၀ နီးပါးရွိၿပီး လူေပါင္း ၁၀၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။

----------------------------

(Unicode)

၀န်ကြီးချုပ် နုတ်ထွက်ပေမယ့် အီရတ်ပြဿနာမငြိမ်းသေး

အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdi ရဲ့ နုတ်ထွက်မှုကို လွှတ်တော်က တနင်္ဂနွေနေ့မှာ လက်ခံလိုက်ပါပြီ။ ဒါပေမယ့် နိုင်ငံတွင်းက အစိုးရဆန့်ကျင်ရေး ၂ လနီးပါးကြာ ဆန္ဒပြပွဲတွေ အဆုံးသတ်သွားမယ့် အခြေအနေ မရှိပါဘူး။

ဝန်ကြီးချုပ် Mahdi က သောကြာနေ့မှာ နုတ်ထွက်ခဲ့တာပါ။ လွှတ်တော်တွင်းက အင်အားအကြီးဆုံး အဖွဲ့အနေနဲ့ ဝန်ကြီးချုပ်သစ် ခန့်အပ်ဖို့ သမ္မတ Barham Salih က ပြောဆိုထားပါတယ်။

လွှတ်တော်တွင်း အင်အားအကြီးဆုံးဖြစ်ရေး ဘယ်ပါတီတွေ ညွန့်ပေါင်းဖွဲ့ကြမလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးတာကြောင့် သဘောတူညီချက် ရရှိရေးက သီတင်းပတ်တွေနဲ့ချီ ကြာမြင့်နိုင်ပါတယ်။

ဝန်ကြီးချုပ်သစ် အတည်ပြု မခန့်အပ်နိုင်ခင် အချိန်ထိ ဝန်ကြီးချုပ် Mahdi နဲ့ သူ့အစိုးရ အဖွဲ့က အိမ်စောင့်အစိုးရအဖြစ် ဆက်လက်တာဝန်ယူဖို့ သဘောတူထားပါတယ်။

ဝန်ကြီးချုပ် Mahdi နုတ်ထွက်ရုံလောက်နဲ့တော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ကျေနပ်မယ့် အခြေအနေ မရှိပါဘူး။ ဝန်ကြီးချုပ်သစ် လွှဲပြောင်း တာဝန်ယူရုံတင် မဟုတ်ဘဲ အကျင့်ပျက် ခြစားမှုတွေ၊ မကျွမ်းကျင်မှုတွေနဲ့ ရေနံကြွယ်ဝတဲ့နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို မစွမ်းဆောင်နိုင်တဲ့ နိုင်ငံရေးစနစ်တခုလုံး ပြောင်းလဲဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

တနင်္ဂနွေနေ့ကလည်း မြို့တော် ဘဂ္ဂဒက်က လွှတ်တော်အဆောက်အအုံ နံရံကို ကျော်တက်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ဆန္ဒပြသူတဦး သေဆုံးခဲ့ရပါတယ်။ တခြားသူ ၉ ဦး ဒဏ်ရာရပါတယ်။

အောက်တိုဘာလ အစောပိုင်းက စခဲ့တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၄၀၀ နီးပါးရှိပြီး လူပေါင်း ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG