သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့သိမ်းတိုက်ပွဲ အလားအလာကောင်း


အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လက်ထောက် ကွပ်ကဲရေးမှူးက IS စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို အပြီးသတ်ပြန်လည်သိမ်းပိုက်နိုင်ဖို့ အတော်လေး နီးစပ်နေပြီလို့ ဒီကနေ့ တနလာၤနေ့မှာ ပြောကြားလိုက်ပါတယ်။

ဗြိတိန်ဗိုလ်ချုပ် Rupert Jones က အီရတ်တပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့မှာ နောက်ဆုံးကျန်နေတဲ့ အကြမ်းဖက်သမားတွေကို တလမ်းပြီးတလမ်း လိုက်လံ ရှင်းလင်းနေတယ်လို့ ပြောပါတယ်။ မိုဆူးလ်မြို့ကို IS တွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သိမ်းပိုက်ထားခဲ့တာပါ။

IS အဖွဲ့တွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဆီးရီးယားက ရတ်ကာမြို့ကိုလည်း ပြန်လည်သိမ်းယူနိုင်မှာဖြစ်ပေမယ့် ခပ်မြန်မြန်နဲ့ လွယ်လွယ်ကူကူတော့ ဖြစ်မှာမဟုတ်ဘူးလို့ Jones က ပြောပါတယ်။ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ မြေပြင်က ထောက်ပံ့ပေးမှုအကူအညီနဲ့ အီရပ်တပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့ဟောင်းကို သိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပြီး အီရတ်တပ်မှုးတဦးကတော့ သူတို့ တပ်တွေဟာ Mosul မြို့ရဲ့ ၆၅ ကနေ ၇၀ % လောက်ဖြစ်တဲ့ သုံးပုံ၂ ပုံ လောက်ကို ပြန်သိမ်းထားနိုင်ပြီလို့ ပြောပါတယ်။ မြို့ထဲမှာ အိုင်အက်စ် စစ်သွေးကြွ တိုက်ခိုက်ရေး သမားတွေ ရာဂဏန်း နည်းနည်းပဲ ကျန်တော့သလို တမြို့လုံးကို ပြန်သိမ်းနိုင်ဖို့ တစ် စတုရန်း ကီလိုမီတာတောင် မလိုတော့ဘူးလို့ ဒုဗိုလ်မှုးကြီး Salam al-Obeidi ကပြောပါတယ်။

နောက်တပ်မှူးတဦးကလည်း မကြာခင် ရက်ပိုင်းအတွင်း မှာပဲ သူတို့ရဲ့ စစ်ဆင်ရေး အဆုံးသတ်နိုင်တော့မယ်လို့ ခန့်မှန်းပါတယ်။ အခု ၈ လလောက် တိုက်ခိုက်မှုတွေအတွင်း Mosul မြို့ဟောင်းရဲ့ နေရာ အတော်များများ ပျက်စီးသွားခဲ့ပြီး လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ၄၅ မီတာ မြင့်တဲ့ မျှော်စင်ကြီးပါတဲ့ နှစ်ပေါင်း ၈၅၀ ကျော်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း Grand al-Nuri ဗလီကြီးကို ဂျီဟတ်စစ်သွေးကြွတွေက ဖေါက်ခွဲဖျက်ဆီးလိုက်ပါတယ်။

အီရတ် ဝန်ကြီးချုပ် Haider al-Abadi ကလည်း အီရတ်တပ်တွေဟာ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို အပြီးတိုင် ချေမှုန်းနိုင်ဖို့ အတော်နီးကပ်လာနေပြီလို့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG