သုံးရလွယ်ကူစေသည့် Link များ

အီရတ်လေကြောင်းတိုက်ခိုက်မှု IS စစ်ဝန်ကြီးသေဆုံး.


IS စစ်သွေးကြွချေမှုန်းရေး အီရတ်နိုင်ငံတွင်းက လေကြောင်း စစ်ဆင်မှုတခု

ဆီးရီးယားနိုင်ငံနယ်စပ် al-Anbar ဒေသမှာ အီရတ်လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွခေါင်းဆောင် Abu-Bakr al-Baghdadi ရဲ့ ညာလက်ရုံးဖြစ်သူ သေဆုံး သွားတယ်လို့ အီရတ်နိုင်ငံပိုင် ရုပ်သံ သတင်းဌာနက ပြောပါတယ်။

စနေနေ့က ထုတ်ပြန်တဲ့ သတင်းမှာတော့ အီရတ်နိုင်ငံ အနောက်ဖက်ခြမ်းမှာလုပ်တဲ့ အီရတ်လေကြောင်းတပ်ရဲ့ စစ်ဆင်မှုအတွင်း Ayad al-Jumaili အပါအဝင်၊ အခြားသော ဒေသကွပ်ကဲမှုဆိုင်ရာ IS တပ်မှူးတွေသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ Jumaili သေဆုံးမှုနဲ့ပတ်သက်လို့စနေ ညနေပိုင်းအထိ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဆီက တရားဝင် အတည်ပြုချက် မရရှိသေးပါဘူး။

အီရတ် စစ်ထောက်လှမ်းရေးအရာရှိတွေရဲ့ ကြေညာချက်ကို ကိုးကားပြီး ဖေါ်ပြတဲ့သတင်းမှာတော့ Abu Yahya လို့သိကြတဲ့ Jumaili ဟာ IS တပ်ဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာဝန်ကြီး ဖြစ်ပြီး၊ အီရတ်လေတပ် လေယာဉ်တွေက al-Qaim မှာရှိတဲ့ IS ဌာနချုပ်ကို အတိကျ ထိမှန်အောင် ပစ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

Jumaili ဟာ တချိန်က အီရတ်ခေါင်းဆောင်ဟောင်း Saddam Hussein ရဲ့ထောက်လှမ်းရေး အရာရှိတဦးဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ အမေရိကန်က အီရတ်ကိုဝင်တိုက် ခဲ့ပြီးနောက်ပိုင်း ဆူနီသူပုန်တပ်ထဲ ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG