သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့ ရှိ သမိုင်းဝင်ဗလီ IS ဖောက်ခွဲဖျက်ဆီး


အီရတ် နိုင်ငံ မိုလ်ဆူလ်းမြို့က သမိုင်းဝင် al-Nuri ဗလီဖျက်ဆီးခံရ။
အီရတ် နိုင်ငံ မိုလ်ဆူလ်းမြို့က သမိုင်းဝင် al-Nuri ဗလီဖျက်ဆီးခံရ။

အီရတ်နိုင်ငံ၊ Mosul မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်က ပြန်လည် သိမ်းပိုက်နိုင်ရေး အီရတ်အစိုးရ တပ်ဖွဲ့တွေက ကြိုးစား ဆောင်ရွက်နေစဉ်မှာပဲ Mosul မြို့က အထင်ကရ al-Nuri ဗလီကြီးကို IS အဖွဲ့က ဖျက်ဆီးပစ်လိုက်ကြောင်း အီရတ်နဲ့ IS ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့ အရာရှိတွေက ပြောပါတယ်။

အီရတ်လုံခြုံရေး တပ်ဖွဲ့တွေ ချဉ်းကပ်လာနေတဲ့အချိန်မှာပဲ အီရတ်နိုင်ငံရဲ့ အမွန်မြတ်ဆုံး အမွေအနှစ်တခုဖြစ်တဲ့ အထင်ကရ al-Nuri ဗလီကြီးကို IS အဖွဲ့က ဖျက်ဆီးပစ်လိုက်ကြောင်း IS အဖွဲ့အပေါ် ထိုးစစ်ဆင်နေတဲ့ စစ်ဆင်ရေးအဖွဲ့က ဗိုလ်ချုပ် Joseph Martin က ပြောပါတယ်။

ဒီပျက်ဆီးမှုရဲ့ အဓိက တာဝန်ရှိသူဟာ ISIS အဖွဲ့အဖြစ်ကြောင်း၊ ဒီလုပ်ရပ်ဟာ Mosul မြို့သားတွေတင်မကဘဲ အီရတ်နိုင်ငံသား အားလုံးအပေါ် ကျူးလွန်လိုက်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်းလည်း ဗိုလ်ချုပ် Joseph Martin က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ညက IS အဖွဲ့က သမိုင်းဝင် ရာဇဝန်မှုကြီးကို ချိုးဖောက်ပြီး ဗလီကြီးကို ဖောက်ခွဲ ဖြိုခွင်းခြင်းမပြုခင် သူတို့တပ်ဖွဲ့တွေဟာ မီတာ ၅၀ လောက် ဝေးတဲ့နေရာမှာ ရှိနေခဲ့ကြောင်း အီရတ် စစ်တပ်ကလည်း သီးခြား ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG