သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့စစ်ဆင်ရေး မျှော်မှန်းတာထက် မြန်ဆန်


Qəzza zolağı
Qəzza zolağı

အီရတ် ဝန်ကြီးချုပ်က မိုဆူးမြို.ကို IS လက်ထဲကနေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးဟာ အရင်မှန်းထားတာထက် အများကြီး ပိုမြန်သွားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အီရတ် ဝန်ကြီးချုပ် Haider al-Abadi အနေနဲ့ အနောက်နဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးပွဲမှာ ခုလို IS တွေကို မောင်းထုတ်ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဘယ်လို ပြန်ထူထောင်မလဲဆိုတာ ပဲရစ်မြို.မှာဆွေးနွေးရင်း ခုလိုထုတ်ပြောလိုက်တာပါ။

မနေ့တုန်းကလည်း အီရတ်က မဟာမိတ်တပ်ဖွဲ့ မြေပြင်စစ်ဆင်ရေးတပ်မှူး အမေရိကန်ဗိုလ်ချုပ်က IS စစ်သွေးကြွတွေသိမ်းထားခဲ့တဲ့ မိုဆူးမြို.ကိုပြန်တိုက်ခိုက်သိမ်းပိုက်နေတဲ့ အီရတ်တပ်တွေအနေနဲ့ဆက်ဖိတိုက်ပေးကြဖို့ က တိုက်တွန်းခဲ့ပါသေးတယ်။

အမေရိကန်ဗိုလ်ချုပ် Gary Volesky က ခုလို ဖိတိုက်ရာမှာ စီစဉ်ထားတာထက် ပိုအလျဉ်စလို မလုပ်ကြဖို့၊ ဘာလို့လဲဆိုတော့ ရန်သူအတွက် အခွင့်အလမ်း မပွင့်သွားစေဖို့ ဖြစ်တယ်လို့ မနေ့က ထုတ်ပြောလိုက်ပါတယ်။

ဗိုလ်ချုပ် Volesky က ဆက်ပြီးမိုဆူးကို အမြန်မဝင်နဲ့လို့တော့ ဆိုလိုတာမဟုတ်ဘူး၊ အခုရထားတဲ့ တိုက်ပွဲအရှိန်အဟုန် ဆက်ထိန်းထားပြီးရန်သူတွေ ပြိုကွဲသွားအောင်မရပ်မနား ဆက်ဖိတိုက်ဖို့ကိုသာ ဆိုလိုတာပါလို့ ဘဂ္ဂဒက်မြို.ကနေ တယ်လီဖုန်းနဲ့ တဆင့်လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။

ဗိုလ်ချုပ် Volesky ကပဲ ဒီ IS စစ်သွေးကြွတွေအနေနဲ့ ဒီမြို့ကိုလက်လွှတ်ရမဲ့ နောက်ဆုံးအချိန်အထိ ပုံမှန်စစ်တပ်လို အလုံးအရင်းနဲ့ ခံစစ်ဆင်သွားပြီး၊ နောက်ပိုင်းမှာတော့ ပျောက်ကြားသူပုန်တပ်အသွင်ပြောင်းကာ အီရတ်တပ်တွေနဲ့ အရပ်သားတွေကို နှောင့်ယှက်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မိုဆူးမြို့တိုက်ပွဲမှာ အမေရိကန်အနေနဲ့ ထောက်လှမ်းရေးသတင်းနဲ့ ထောက်ပို့လုပ်ငန်းတွေအပြင် ထောင်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ကူမှုတွေနဲ့ အပါ ရဟတ်ယာဉ်တွေကို ပံ့ပိုးကူညီပေးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်အနေနဲ့ နိုင်ငံမြောက်ပိုင်းက မိုဆူးမြို့ကိုသာ အာရုံစိုက်မနေဘဲ၊ နိုင်ငံတောင်ပိုင်းက အီရတ်အစိုးရရဲ့ အကျိုးစီးပွားတွေကို IS တွေ အာရုံပြောင်းမတိုက်ခိုက်နိုင်အောင်လည်း တခြားဒေသတွေမှာ တပ်တွေဖြန့်ထားတယ်လို့ ဗိုလ်ချုပ် Volesky က ဆက်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG