သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul ပြန်သိမ်းပိုက်နိုင်ရေး စိတ်ဆန္ဒမစောဖို့ ကန် ဗိုလ်ချုပ်သတိပေး


အီရတ်နိုင်ငံ မိုဆူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်နေတဲ့ အီရတ်တပ်ဖွဲ့တွေအနေနဲ့ ရန်သူတွေဘက်က အခွင့်ကောင်းရသွားနိုင်တဲ့ အတွက် အလောတကြီး သိပ်မလုပ်ကြဖို့ - အီရတ်နိုင်ငံမှာ မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ မြေပြင်စစ်ဆင်ရေးကို ညွှန်ကြားရတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီးတဦးက တိုက်တွန်းလိုက်ပါတယ်။

မိုဆူးမြို့ကိုတိုက်နေတဲ့ အီရတ်တပ်ဖွဲ့တွေအနေနဲ့ ရရှိထားတဲ့ အရှိန်အဟုန်ကို ဆက်ထိန်းထားဖို့၊ ရန်သူကို မရပ်မနား ဆက်ဖိထားပြီး၊ ချေမှုန်းဖို့ကို ဆိုလိုတဲ့အကြောင်း ဘဂ္ဂဒက်မြို့မှာရှိနေတဲ့ ဗိုလ်ချုပ် Gary Volesky က ဗုဒ္ဓဟူးနေ့မှာ တယ်လီဖုန်းနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

IS စစ်သွေးကြွတွေအနေနဲ့ မြို့ကို လက်လွှတ်ဆုံးရှုံးရမယ့်အချိန်အထိ - သမားရိုးကျ ခုခံကာကွယ်တဲ့ပုံစံနဲ့ အပြည့်အ၀ တိုက်ပွဲဝင်လိမ့်မယ်လို့ ခန့်မှန်းရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ - သောင်းကျန်းသူအဖွဲ့တဖွဲ့လို IS စစ်သွေးကြွတွေဟာ အီရတ်တပ်ဖွဲ့တွေနဲ့ အရပ်သား တွေအပေါ် သမားရိုးကျမဟုတ်တဲ့ ပုံစံတွေနဲ့ နှောင့်ယှက်တိုက်ခိုက်လာကြလိမ့်မယ်လို့လည်း သူက ပြောဆိုခဲ့တာပါ။

မိုဆူးမြို့တိုက်ပွဲမှာ အမေရိကန်ကတော့ ထောက်လှမ်းရေးသတင်းနဲ့ ထောက်ပို့လုပ်ငန်းတွေအပြင် ထောင်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ကူတွေ၊ အပါချီရဟတ်ယာဉ်တွေနဲ့ ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်အနေနဲ့ မိုဆူးမြို့ကိုသာ အာရုံစိုက်မနေဘဲ နိုင်ငံတောင်ပိုင်းက အီရတ်အစိုးရရဲ့ အကျိုးစီးပွားတွေကို IS အစွန်းရောက်တွေက အာရုံပြောင်း တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် လည်း တခြားဒေသတွေမှာ တပ်တွေကို ဖြန့်ကျက်ထားတယ်လို့လည်း ဗိုလ်ချုပ် Volesky က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG