သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဧရာဝတီ သတင္းဌာန ေဖာ္ျပမႈေတြအတြက္ ထုတ္ေဝသူ ဦးေသာင္းဝင္း အေရးယူခံရ 


ဧရာ၀တီ သတင္းဌာန ေဖာ္ျပမႈေတြအတြက္ ထုတ္ေ၀သူ ဦးေသာင္း၀င္း အေရးယူခံရ

ဧရာဝတီ သတင္းဌာန ေဖာ္ျပမႈေတြအတြက္ ထုတ္ေဝသူ ဦးေသာင္းဝင္း အေရးယူခံရ

{{Zawgyi/Unicode }}
ဧရာဝတီသတင္းဌာန ျပည္တြင္း ထုတ္ေဝခြင့္လိုင္စင္မွာ ထုတ္‌‌ေဝသူျဖစ္တဲ့ ျပည္သူ႔ပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးေသာင္းဝင္းကို စစ္ေကာင္စီက ေထာင္ဒဏ္ တသက္ခ်မွတ္ႏိုင္တဲ့ ပုဒ္မနဲ႔ တရားစြဲဆိုဖို႔ ျပင္ဆင္ေနတယ္လို႔ သူ႔ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနကေျပာပါတယ္။ လက္ရွိမွာေတာ့ ဦးေသာင္းဝင္းကို အင္းစိန္ အက်ဥ္းေထာင္မွာ ဖမ္းဆီးထိန္းသိမ္း ထားတယ္လို႔ ဆိုပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ကိုရဲမြန္ ေျပာျပေပးမွာပါ။

ဦးေသာင္းဝင္းကို စစ္ေကာင္စီက ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၉ ရက္ ေန႔က ဧည့္စာရင္းဝင္စစ္ၿပီး ေနအိမ္ကေန ဖမ္းဆီးသြားကာ ေအာက္တိုဘာလထဲမွာပဲ အင္းစိန္ေထာင္ကို ပို႔ေဆာင္ခဲ့တယ္လို႔ မိသားစုနဲ႔ နီးစပ္သူတဦးက ဗြီအိုေအကိုေျပာျပပါတယ္။ ဦးေသာင္းဝင္းကို လာမယ့္ ႏိုဝင္ဘာ ၈ ရက္ေန႔ ႐ုံးထုတ္စစ္ေဆးဖို႔ ရွိတယ္လို႔ သူ႔ေရွ႕ေနက ဗြီအိုေအကိုေျပာပါတယ္။

"ကိုေသာင္းဝင္း အေျခအေနက ၿပီးခဲ့တဲ့အပတ္က အမႈ စီအမ္ပီဘဲ လုပ္တာ၊ မူခင္းႀကိဳတင္ညႇိဳတာေပါ့ ၊ ၈ ရက္ေန႔ ျပန္ခ်ိန္းထားပါတယ္။ ၁၂၄ ပုဒ္မ ၁၂၄(က)နဲ႔ ဧရာဝတီရဲ႕ထုတ္ေဝခြင့္ တာဝန္ခံ အေနနဲ႔ တရားစြဲခံထားရတယ္။ ဒါကေတာ့ က်န္သူေတြက ဒီမွာမရွိေတာ့ဘူးေလ။ သူတေယာက္ပဲ က်န္ခဲ့တာ ေသာင္းဝင္း ပဲ က်န္တာ။ သူကလည္း ႏုတ္ထြက္ပါတယ္ မေၾကညာထားဘူး။ မေၾကညာထားေတာ့ ဧရာဝတီနဲ႔ ပတ္သတ္ရင္ သူ႔မွာတာဝန္ရွိတယ္ဆိုၿပီး တရားစြဲတာပဲ"

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ အာဏာသိမ္းမႈ ျဖစ္ပြားၿပီးေနာက္ ဧရာဝတီသတင္းဌာန အပါအဝင္ သတင္းမီဒီယာေတြကို စစ္ေကာင္စီက ပိတ္ပင္တာေတြ လုပ္ခဲ့ပါတယ္။ ဒီလိုပိတ္ပင္ခဲ့တာမို႔ ဧရာဝတီသတင္းဌာနဟာ ျပည္တြင္းမွာ သတင္းထုတ္လုပ္မႈေတြ ရပ္ဆိုင္းလိုက္ၿပီး အရင္ စစ္အစိုးရေတြ လက္ထက္ကလို ျပည္ပမွာ ျပန္လည္အေျခစိုက္ၿပီး အြန္လိုင္းမီဒီယာအေနနဲ႔ သတင္းေတြ ဆက္လက္ လုပ္ကိုင္ေနခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၂ ရက္က က်ိဳက္ထီး႐ိုးေတာင္ေျခ ကင္မြန္းစခန္းမွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈနဲ႔ ပတ္သတ္လို႔ သတင္းေရးသားတာမွာ စစ္ေကာင္စီ ရဲ႕ ဂုဏ္သိကၡာ ထိပါးေစတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဧရာဝတီသတင္းဌာနကို တရားစြဲမယ္လို႔ စစ္ေကာင္စီဘက္က ေျပာဆိုထားပါတယ္။ အဲဒီလိုထုတ္ျပန္ မေျပာဆိုခင္ထဲက ဦးေသာင္းဝင္း ကို ဖမ္းဆီးခဲ့ၿပီး တရားစြဲဆိုဖို႔ ျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။

ဧရာဝတီသတင္း အယ္ဒီတာ တဦးျဖစ္တဲ့ ဦးရဲနည္ ကေတာ့ လက္ရွိ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ဦးေသာင္းဝင္းဟာ ဧရာဝတီသတင္း ထုတ္လုပ္မႈေတြနဲ႔ ပတ္သတ္လို႔ တာဝန္ရွိသူတဦးမဟုတ္ဘဲ အခုလို တရားစြဲဆိုတာက တရားမွ်တမႈ မရွိဘူးလို႔ စစ္ေကာင္စီကို ေဝဖန္ေျပာဆိုလိုက္ပါတယ္။

"၂၀၂၁ အာဏာသိမ္းၿပီးေနာက္ သတင္းတန္ဖိုးမရွိဘဲ သတင္းသမား လုံၿခဳံေရး ေပ်ာက္ဆုံးသြားကတည္းက က်ေနာ္တို႔ ျပည္တြင္းမွာ လုံးဝမလုပ္ေတာ့ဘဲ အဲဒီအခ်ိန္ကတည္းက ရပ္ဆိုင္းခဲ့ပါတယ္။ ဒီလိုဘာမွမဆိုင္တဲ့လူကို ဒီလိုႀကီးေလးတဲ့ ပုဒ္မနဲ႔တရားစြဲဆိုတာက မျဖစ္သင့္တဲ့ကိစၥပါ။"

သမၼတေဟာင္း ဦးသိန္းစိန္ လက္ထက္က ျပည္ပအေျခစိုက္ ဧရာဝတီသတင္းဌာနဟာ ျပည္တြင္းမွာ သတင္းလုပ္ငန္းလုပ္ဖို႔အတြက္ တရားဝင္ တင္ျပတာမွာ ျပည္တြင္းေနသူတဦးကေန လုပ္ငန္းလိုင္စင္ ေလွ်ာက္ေပးဖို႔ လိုအပ္တာေၾကာင့္ ခင္မင္ရင္းႏွီးသူ ဦးေသာင္းဝင္း က ကူညီေပးခဲ့တာ ျဖစ္တယ္လို႔လည္း ဦးရဲနည္က ေျပာပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ လက္ရွိဖမ္းဆီး တရားစြဲဆိုခံထားရတဲ့ ဦးေသာင္းဝင္းဟာ "ဧရာဝတီသတင္းဌာန"အတြက္ သတင္းေအဂ်င္စီႏွင့္ ထုတ္ေဝျခင္းလုပ္ငန္း အသိအမွတ္ျပဳ လက္မွတ္မ်ား ရယူထားတာမို႔ ဆိုကာ အခုလို အေရးယူတာျဖစ္တယ္လို႔ တရား႐ုံးမွာ တင္ျပထားပါတယ္။

ေနာက္ၿပီး ပုံႏွိပ္ျခင္းနဲ႔ ထုတ္ေဝျခင္းလုပ္ငန္း ဥပေဒပုဒ္မ ၈၊ ပုဒ္မခြဲ (ခ)ပါ စည္းကမ္းခ်က္ကို လိုက္နာျခင္းမရွိဘဲ ႏိုင္ငံေတာ္လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး၊ အမ်ားျပည္သူ ေအးခ်မ္းသာယာေရးတို႔ကို ထိခိုက္ေစတဲ့ အေၾကာင္းအရာမ်ားကို ေရးသားလႊင့္တင္ေဖာ္ျပခဲ့သည့္အတြက္ ဆိုကာ "ဧရာဝတီ"သတင္း ေအဂ်င္စီ နဲ႔ ထုတ္ေဝျခင္းလုပ္ငန္းအသီးသီးကို ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၂၆ ရက္မွစတင္ကာ ပိတ္သိမ္းလိုက္တယ္လို႔ထုတ္ျပန္ထားပါတယ္။

ဦးေသာင္းဝင္းကို စြဲဆိုထားတဲ့ပုဒ္မ ၁၂၄(က) ဟာ အစိုးရကို အမုန္းထား၊ မေလးစားေအာင္ စာနဲ႔ ေရးသားထုတ္ေဝတာ ေျပာဆိုတာ၊ လႈံေဆာ္တာမ်ိဳးလုပ္ရင္ အေရးယူႏိုင္ဖို႔ ျပဌာန္းထားတဲ့ပုဒ္မတခု ျဖစ္ၿပီး ျပစ္မႈထင္ရွားတယ္လို႔ ဆုံးျဖတ္ခံရရင္ ေငြဒဏ္ႏွင့္တကြ တစ္သက္တစ္ကြၽန္းဒဏ္ျဖစ္ေစ၊ ေငြဒဏ္ႏွင့္တကြ တစ္သက္တစ္ကြၽန္းေအာက္ေလ်ာ့သည့္ တစ္ကြၽန္းဒဏ္ျဖစ္ေစ၊ ေငြဒဏ္ႏွင့္တကြ သုံးႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္သက္သက္ျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ျပဌာန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................................

ဧရာဝတီ သတင်းဌာန ဖော်ပြမှုတွေအတွက် ထုတ်ဝေသူ ဦးသောင်းဝင်း အရေးယူခံရ

{{Zawgyi/Unicode }}
ဧရာဝတီသတင်းဌာန ပြည်တွင်း ထုတ်ဝေခွင့်လိုင်စင်မှာ ထုတ်‌‌ဝေသူဖြစ်တဲ့ ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းဝင်းကို စစ်ကောင်စီက ထောင်ဒဏ် တသက်ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။ လက်ရှိမှာတော့ ဦးသောင်းဝင်းကို အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ ဆိုပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် ပြောပြပေးမှာပါ။

ဦးသောင်းဝင်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် နေ့က ဧည့်စာရင်းဝင်စစ်ပြီး နေအိမ်ကနေ ဖမ်းဆီးသွားကာ အောက်တိုဘာလထဲမှာပဲ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ဗွီအိုအေကိုပြောပြပါတယ်။ ဦးသောင်းဝင်းကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရုံးထုတ်စစ်ဆေးဖို့ ရှိတယ်လို့ သူ့ရှေ့နေက ဗွီအိုအေကိုပြောပါတယ်။

"ကိုသောင်းဝင်း အခြေအနေက ပြီးခဲ့တဲ့အပတ်က အမှု စီအမ်ပီဘဲ လုပ်တာ၊ မူခင်းကြိုတင်ညှိုတာပေါ့ ၊ ၈ ရက်နေ့ ပြန်ချိန်းထားပါတယ်။ ၁၂၄ ပုဒ်မ ၁၂၄(က)နဲ့ ဧရာဝတီရဲ့ထုတ်ဝေခွင့် တာဝန်ခံ အနေနဲ့ တရားစွဲခံထားရတယ်။ ဒါကတော့ ကျန်သူတွေက ဒီမှာမရှိတော့ဘူးလေ။ သူတယောက်ပဲ ကျန်ခဲ့တာ သောင်းဝင်း ပဲ ကျန်တာ။ သူကလည်း နုတ်ထွက်ပါတယ် မကြေညာထားဘူး။ မကြေညာထားတော့ ဧရာဝတီနဲ့ ပတ်သတ်ရင် သူ့မှာတာဝန်ရှိတယ်ဆိုပြီး တရားစွဲတာပဲ"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဧရာဝတီသတင်းဌာန အပါအဝင် သတင်းမီဒီယာတွေကို စစ်ကောင်စီက ပိတ်ပင်တာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်ခဲ့တာမို့ ဧရာဝတီသတင်းဌာနဟာ ပြည်တွင်းမှာ သတင်းထုတ်လုပ်မှုတွေ ရပ်ဆိုင်းလိုက်ပြီး အရင် စစ်အစိုးရတွေ လက်ထက်ကလို ပြည်ပမှာ ပြန်လည်အခြေစိုက်ပြီး အွန်လိုင်းမီဒီယာအနေနဲ့ သတင်းတွေ ဆက်လက် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်က ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သတ်လို့ သတင်းရေးသားတာမှာ စစ်ကောင်စီ ရဲ့ ဂုဏ်သိက္ခာ ထိပါးစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီသတင်းဌာနကို တရားစွဲမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။ အဲဒီလိုထုတ်ပြန် မပြောဆိုခင်ထဲက ဦးသောင်းဝင်း ကို ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီသတင်း အယ်ဒီတာ တဦးဖြစ်တဲ့ ဦးရဲနည် ကတော့ လက်ရှိ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဦးသောင်းဝင်းဟာ ဧရာဝတီသတင်း ထုတ်လုပ်မှုတွေနဲ့ ပတ်သတ်လို့ တာဝန်ရှိသူတဦးမဟုတ်ဘဲ အခုလို တရားစွဲဆိုတာက တရားမျှတမှု မရှိဘူးလို့ စစ်ကောင်စီကို ဝေဖန်ပြောဆိုလိုက်ပါတယ်။

"၂၀၂၁ အာဏာသိမ်းပြီးနောက် သတင်းတန်ဖိုးမရှိဘဲ သတင်းသမား လုံခြုံရေး ပျောက်ဆုံးသွားကတည်းက ကျနော်တို့ ပြည်တွင်းမှာ လုံးဝမလုပ်တော့ဘဲ အဲဒီအချိန်ကတည်းက ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလိုဘာမှမဆိုင်တဲ့လူကို ဒီလိုကြီးလေးတဲ့ ပုဒ်မနဲ့တရားစွဲဆိုတာက မဖြစ်သင့်တဲ့ကိစ္စပါ။"

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာနဟာ ပြည်တွင်းမှာ သတင်းလုပ်ငန်းလုပ်ဖို့အတွက် တရားဝင် တင်ပြတာမှာ ပြည်တွင်းနေသူတဦးကနေ လုပ်ငန်းလိုင်စင် လျှောက်ပေးဖို့ လိုအပ်တာကြောင့် ခင်မင်ရင်းနှီးသူ ဦးသောင်းဝင်း က ကူညီပေးခဲ့တာ ဖြစ်တယ်လို့လည်း ဦးရဲနည်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ရှိဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ဦးသောင်းဝင်းဟာ "ဧရာဝတီသတင်းဌာန"အတွက် သတင်းအေဂျင်စီနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များ ရယူထားတာမို့ ဆိုကာ အခုလို အရေးယူတာဖြစ်တယ်လို့ တရားရုံးမှာ တင်ပြထားပါတယ်။

နောက်ပြီး ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာများကို ရေးသားလွှင့်တင်ဖော်ပြခဲ့သည့်အတွက် ဆိုကာ "ဧရာဝတီ"သတင်း အေဂျင်စီ နဲ့ ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ ပိတ်သိမ်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။

ဦးသောင်းဝင်းကို စွဲဆိုထားတဲ့ပုဒ်မ ၁၂၄(က) ဟာ အစိုးရကို အမုန်းထား၊ မလေးစားအောင် စာနဲ့ ရေးသားထုတ်ဝေတာ ပြောဆိုတာ၊ လှုံဆော်တာမျိုးလုပ်ရင် အရေးယူနိုင်ဖို့ ပြဌာန်းထားတဲ့ပုဒ်မတခု ဖြစ်ပြီး ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခံရရင် ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းအောက်လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။

XS
SM
MD
LG