သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သတင္းလြတ္လပ္ခြင့္ကို ခုခံကာကြယ္တဲ့ သတင္းသမားေတြကို ေလးစားဂုဏ္ျပဳတဲ့ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔


World Press Freedom Day (May 3)

(Zawgyi / Unicode)

"စစ္တပ္က အာဏာသိမ္းၿပီးေနာက္ သတင္းမီဒီယာမ်ားအေပၚ စစ္ေကာင္စီက က်ဴးလြန္သည့္ ျပစ္မႈမ်ားအတြက္ တရားမွ်တမႈရရွိေရး ႀကိဳးပမ္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ယေန႔ (ေမ ၃ ရက္) က်ေရာက္သည့္ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ (World Press Freedom Day) တြင္ ေၾကညာလိုက္သည္" လို႔ ဧရာဝတီသတင္းဌာနက "သတင္းမီဒီယာအေပၚ စစ္ေကာင္စီက်ဴးလြန္မႈမ်ား တရားမွ်တမႈရေရး ႀကိဳးပမ္းမည္ဟု NUG ဆို" ေခါင္းစဥ္နဲ႔ ေရးသားတဲ့ သတင္းေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။ အဲဒီသတင္းေဆာင္းပါးမွာပဲ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က သတင္းသမားေတြကို ေလးစားဂုဏ္ျပဳေၾကာင္းလည္း အခုလို ေဖာ္ျပထားတာ ေတြ႔ရပါတယ္။

"အေျခခံလူ႔ရပိုင္ခြင့္ျဖစ္သည့္ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆိုခြင့္အတြက္ အၾကမ္းဖက္ ဖိႏွိပ္ ရန္ျပဳမႈမ်ားၾကားကပင္ ရင္းႏွီးေပးဆပ္မႈေပါင္း မ်ားစြာျဖင့္ အားထုတ္ႀကိဳးပမ္းေနၾကသည့္ သတင္းသမားမ်ားႏွင့္ သတင္းရင္းျမစ္ အားလုံးအား ေလးစားဂုဏ္ျပဳေၾကာင္း NUG က ဆိုသည္။"

ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔မွာပဲ ISP-Myanmar သုေတသနအဖြဲ႔ကလည္း "ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း သတင္းသမားမ်ား ဖိႏွိပ္ခံရမႈ စံခ်ိန္တင္" ဆိုတဲ့ ေခါင္းစဥ္နဲ႔ အေလးထားရမည့္ ေဒတာအခ်က္အလက္မ်ား အမွတ္-၁၇ မွာ "အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ လြတ္လပ္တဲ့ သတင္းမီဒီယာေတြကို စစ္ေကာင္စီက ျပင္းျပင္းထန္ထန္ ဖိႏွိပ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သတင္းမီဒီယာတိုက္ေတြကို အၾကမ္းဖက္ ဝင္ေရာက္စီးနင္းတာ၊ ဆႏၵထုတ္ေဖာ္ပြဲေတြမွာ သတင္းယူေနတဲ့ သတင္းေထာက္ေတြကို ပစ္ခတ္ဖမ္းဆီးတာ၊ သတင္းေထာက္ေတြရဲ႕ ေနအိမ္ေတြကို ဝင္ေရာက္စီးနင္း ဖမ္းဆီးတာေတြနဲ႔ တရားစြဲဆိုတာေတြကို ျပဳလုပ္ခဲ့ပါတယ္" လို႔ အစပ်ိဳးကာ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းမီဒီယာသမားေတြ ဖိႏွိပ္ခံေနရတဲ့ အေျခအေနေတြကို အခ်က္အလက္ေတြနဲ႔တကြ တင္ျပထားတာ ေတြ႔ရပါတယ္။

ISP-Myanmar က ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းသမား ၁၄၃ ဦး ဖမ္းဆီးထိန္းသိမ္းျခင္း ခံခဲ့ရတယ္၊ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ သတင္းသမား ၁၄၃ ဦးထဲက ၈၂ ဦးဟာ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီး ၅၈ ဦးမွာ အခုအခ်ိန္ထိ ဖမ္းဆီးထိန္းသိမ္းခံထားရကာ ေသဆုံးသူ ၃ ဦးရွိခဲ့တယ္၊ အဲဒီ ၅၈ ဦးထဲက ၁၉ ဦးဟာ ေထာင္ဒဏ္ခ်မွတ္ခံထားရၿပီး က်န္ ၃၉ ဦးထဲက အမ်ားစုဟာ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးခံထားရတာ တႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ၿပီး ဖမ္းဝရမ္းထုတ္ခံထားရတဲ့ သတင္းသမားက ၃၄ ဦးထက္မနည္း ရွိတယ္လို႔ ဆိုပါတယ္။

ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ကို UNESCO လို႔ေခၚတဲ့ ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႔ႀကီးက ကမကထျပဳ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး ႏွစ္စဥ္ ေမလ ၃ ရက္ေန႔ကို ကမာၻသတင္းလြတ္လပ္ခြင့္ေန႔အျဖစ္ ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံႀကီးက ၁၉၉၃ ခုႏွစ္၊ ဒီဇင္ဘာလမွာ အတည္ျပဳ သတ္မွတ္ေပးခဲ့တာ ျဖစ္ပါတယ္။ သတင္းလြတ္လပ္ခြင့္ကို အစိုးရေတြက အသိအမွတ္ျပဳၿပီး ေလးစားလိုက္နာဖို႔၊ အစိုးရေတြအေနနဲ႔ ၁၉၄၈ ခုႏွစ္က ျပ႒ာန္းခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္အေရး ေၾကညာစာတမ္း အပိုဒ္ ၁၉ ပါ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကာကြယ္ေစာင့္ေရွာက္ေစဖို႔အတြက္ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ကို သတ္မွတ္ေပးခဲ့တာလို႔ သိရပါတယ္။ အဲဒီလို သတ္မွတ္ရတာဟာ သတင္းလြတ္လပ္ခြင့္ရဲ႕ အေျခခံစည္းမ်ဥ္း၊ စည္ကမ္းေတြကို အကဲျဖတ္ တိုင္းတာႏိုင္ဖို႔၊ သတင္းလြတ္လပ္ခြင့္အတြက္ ခုခံကာကြယ္သူေတြကို ဂုဏ္ျပဳဖို႔နဲ႔ သူတို႔ဘဝေတြကို အကာအကြယ္ေပးႏိုင္ဖို႔လည္း ျဖစ္တယ္။ ဒါ့အျပင္ သတင္းမီဒီယာေတြအေနနဲ႔ က်င့္ဝတ္ေတြကို ေလးစားလိုက္နာၿပီး ပေရာ္ဖက္ရွင္နယ္ ပီသတဲ့ သတင္းသမားေတြအျဖစ္ ရပ္တည္ေစဖို႔ ေဖာ္ၫႊန္းတာလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၂၂ ခုႏွစ္ရဲ႕ ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ကိုေတာ့ ေတာင္အေမရိကတိုက္က ဥ႐ုေဂြးႏိုင္ငံ၊ Punta Del Este ၿမိဳ႕မွာ ေမလ ၂ ရက္ေန႔ကေန ၅ ရက္ေန႔အထိ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီႏွစ္ရဲ႕ ေဆာင္ပုဒ္ကေတာ့ "ဒစ္ဂ်စ္တယ္ေခတ္ရဲ႕ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ သတင္းမီဒီယာေလာက" ျဖစ္ပါတယ္။

ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔ ႏွစ္ပတ္လည္အခမ္းအနားကို ကမာၻတဝန္းက မူဝါဒခ်မွတ္သူေတြ၊ သတင္းသမားေတြ၊ သတင္းဌာနေတြက ကိုယ္စားလွယ္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ ဆိုက္ဘာလုံၿခဳံေရး စီမံခန႔္ခြဲသူေတြ၊ ဥပေဒေရးရာ ကြၽမ္းက်င္သူေတြ တက္ေရာက္ခဲ့ၾကၿပီး လြတ္လပ္စြာ ေရးသား၊ ထုတ္ေဖာ္ေျပာဆိုခြင့္ေတြအေပၚ ဒစ္ဂ်စ္တယ္ရဲ႕ အက်ိဳးသက္ေရာက္မႈ၊ သတင္းသမားေတြရဲ႕ လုံၿခဳံေရး၊ သတင္းအခ်က္အလက္ သိပိုင္ခြင့္၊ ရယူပိုင္ခြင့္ေတြအေၾကာင္းနဲ႔ ပုဂၢိဳေရးဆိုင္ရာ လြတ္လပ္ခြင့္ေတြအေၾကာင္း ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

ကမာၻ႔သတင္းလြတ္လပ္ခြင့္ေန႔မွာ ဧရာဝတီ၊ ဘီဘီစီ၊ ဗြီအိုေအ စတဲ့ သတင္းဌာနေတြက ဒီကေန႔ ျမန္မာႏိုင္ငံမွာ သတင္းမီဒီယာေတြ၊ သတင္းသမားေတြ ရင္ဆိုင္ႀကဳံေတြ႔ေနရတဲ့ အေျခအေနေတြကို ေဖာ္ျပ ထုတ္လႊင့္ၾကတာ ေတြ႔ရပါတယ္။ ဗြီအိုေအရဲ႕ အင္တာဗ်ဴးမွာ ျမန္မာျပည္တြင္းက သတင္းသမားတဦးရဲ႕ ေတြ႔ႀကဳံခံစားေနရတဲ့ အေျခအေနကို CNI သတင္းဌာနရဲ႕ အယ္ဒီတာ ကိုခ်စ္မင္းထြန္းက အခုလို ေျပာသြားပါတယ္။

"အရင္ကဆိုရင္ သတင္းသြားယူရင္ ခႏၶာကိုယ္လုံၿခဳံေရးကိုပဲ ဂ႐ုစိုက္ရတယ္။ ခုကေတာ့ ခႏၶာကိုယ္လုံၿခဳံေရးေရာ၊ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံေရးေရာ အားနည္းလာတယ္။ ဥပမာ - ရန္ကုန္မွာဆိုပါေတာ့ သတင္းသြားယူမယ္ဆိုရင္ အရင္က လြတ္လြတ္လပ္လပ္ ကင္မရာႀကီးထမ္းၿပီး သြားလို႔ရတယ္။ ဘာမွမျဖစ္ဘူး။ ခုက ကင္မရာျမင္ရင္ ဘာလဲဆိုတာ ျပည္သူကလည္း ၾကည့္တယ္။ လုံၿခဳံေရးတပ္ဖြဲ႔ကလည္း ၾကည့္တယ္။ ၾကည့္တဲ့အခါက်ေတာ့ က်ေနာ္တို႔ကို သံသယဝင္ၿပီး ပစ္ထည့္လိုက္မွာမ်ိဳး ဒါမ်ိဳးေတြ စိုးရိမ္ရတာရွိတယ္။ ေနာက္တခုက က်ေနာ္တို႔ကို ဘယ္ဘက္ကလူလဲလို႔ မေမးမျမန္းဘဲ တခါတည္း ဆြဲစိသြားမွာမ်ိဳးကို ေတြးေနၾကရတယ္။ အရင္က ဒါမ်ိဳးေတြ ေတြးစရာမလိုဘူး။ ခ်က္ခ်င္း ဘယ္ခ်ိန္၊ ဘယ္ကာလ၊ ဘယ္ေနရာကိုပဲသြားသြား စိတ္ပိုင္းဆိုင္ရာ စဥ္းစားစရာမလိုဘူး။ ငါသြားတဲ့ေနရာမွာ တခုခုေမးရင္ ငါေျဖတတ္ရင္ ဘာမွမျဖစ္ဘူး။ မေျဖတတ္ရင္ ဘယ္လိုျဖစ္သြားမလဲဆိုတာ ေတြးရပါတယ္။ သတင္းမီဒီယာသမားေတြ က်ဥ္ခံရတာေတြ ရွိတာကိုး။ ဒီေကာင္ ဘယ္ဘက္ကလဲ။ ဒီသတင္းဌာနက ဘယ္ဘက္ကလဲဆိုတာ သံသယဝင္မွာ စိုးရိမ္ေနရတယ္။"

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံက သတင္းသမားေတြဟာ အဆိုးဆုံးအေျခအေနနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာပါ လုံၿခံဳမႈမရွိေတာ့ပါဘူး။ သတင္းရယူဖို႔ ခက္ခဲတာ၊ ရရွိတဲ့သတင္းေတြကို အတည္ျပဳဖို႔ ခက္ခဲတာ၊ သတင္းရယူႏိုင္တဲ့ အရင္းအျမစ္ေတြ ရွားပါးလာတာ၊ သတင္းသမားေတြ လုံၿခဳံမႈ မရွိေတာ့တာ၊ လြတ္လပ္စြာ ထုတ္ေဖာ္ေရးသား ေျပာဆိုဖို႔ ခက္ခဲၿပီး အႏၲရာယ္မ်ားလာတာေတြ ႀကဳံေနၾကရတာပါ။ ဒီအေျခအေနေတြရဲ႕ အက်ိဳးဆက္ကေတာ့ သတင္းအဆင့္အတန္းေတြ က်ဆင္းလာတာ၊ သတင္းတုေတြနဲ႔ ဝါဒျဖန႔္ခ်ိမႈေတြ လႊမ္းမိုးလာၿပီး သတင္းေတြကို ယုံၾကည္ဖို႔ ခက္လာတာ၊ ဘက္နဲ႔ ရပ္တည္ေရးသား ေဖာ္ျပလာၾကတာေတြပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံတြင္းမွာ ဒီလိုအေျခအေနေတြက လြန္ေျမာက္ဖို႔ရာ မျဖစ္ႏိုင္ေသးပါဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ အခက္အခဲေတြ၊ မလုံၿခဳံမႈေတြ၊အႏၲရာယ္ေတြၾကားကေန စြန႔္စားၿပီး သတင္းမွန္ေတြ ရရွိေရးအတြက္ သတၱိရွိရွိ ေဆာင္ရြက္ေနၾကတဲ့ မီဒီယာေတြနဲ႔ သတင္းသမားေတြကိုေတာ့ ဂုဏ္ျပဳၾကရမွာပါ။ လြတ္လပ္စြာ ေျပာဆိုထုတ္ေဖာ္ခြင့္နဲ႔ သတင္းအခ်က္အလက္ လြတ္လပ္စြာ စီးဆင္းခြင့္၊ ရယူသုံးစြဲပိုင္ခြင့္ ဆိုတာေတြဟာ အေျခခံလူ႔အခြင့္အေရးေတြကို ေလးစားလိုက္နာၿပီး ဒီမိုကေရစီက်င့္သုံးတဲ့ အစိုးရေတြထံကသာ ရရွိႏိုင္မွာျဖစ္ပါတယ္ ခင္ဗ်ား။

--------------------------------

(Unicode)

သတင်းလွတ်လပ်ခွင့်ကို ခုခံကာကွယ်တဲ့ သတင်းသမားတွေကို လေးစားဂုဏ်ပြုတဲ့
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့

"စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းမီဒီယာများအပေါ် စစ်ကောင်စီက ကျူးလွန်သည့် ပြစ်မှုများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (မေ ၃ ရက်) ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် ကြေညာလိုက်သည်" လို့ ဧရာဝတီသတင်းဌာနက "သတင်းမီဒီယာအပေါ် စစ်ကောင်စီကျူးလွန်မှုများ တရားမျှတမှုရရေး ကြိုးပမ်းမည်ဟု NUG ဆို" ခေါင်းစဉ်နဲ့ ရေးသားတဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အဲဒီသတင်းဆောင်းပါးမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းသမားတွေကို လေးစားဂုဏ်ပြုကြောင်းလည်း အခုလို ဖော်ပြထားတာ တွေ့ရပါတယ်။

"အခြေခံလူ့ရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အတွက် အကြမ်းဖက် ဖိနှိပ် ရန်ပြုမှုများကြားကပင် ရင်းနှီးပေးဆပ်မှုပေါင်း များစွာဖြင့် အားထုတ်ကြိုးပမ်းနေကြသည့် သတင်းသမားများနှင့် သတင်းရင်းမြစ် အားလုံးအား လေးစားဂုဏ်ပြုကြောင်း NUG က ဆိုသည်။"

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာပဲ ISP-Myanmar သုတေသနအဖွဲ့ကလည်း "နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများ ဖိနှိပ်ခံရမှု စံချိန်တင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ်-၁၇ မှာ "အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းမီဒီယာတိုက်တွေကို အကြမ်းဖက် ဝင်ရောက်စီးနင်းတာ၊ ဆန္ဒထုတ်ဖော်ပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို ပစ်ခတ်ဖမ်းဆီးတာ၊ သတင်းထောက်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေနဲ့ တရားစွဲဆိုတာတွေကို ပြုလုပ်ခဲ့ပါတယ်" လို့ အစပျိုးကာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမားတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကို အချက်အလက်တွေနဲ့တကွ တင်ပြထားတာ တွေ့ရပါတယ်။

ISP-Myanmar က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၄၃ ဦး ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတယ်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၄၃ ဦးထဲက ၈၂ ဦးဟာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၅၈ ဦးမှာ အခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရကာ သေဆုံးသူ ၃ ဦးရှိခဲ့တယ်၊ အဲဒီ ၅၈ ဦးထဲက ၁၉ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီး ကျန် ၃၉ ဦးထဲက အများစုဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတာ တနှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သတင်းသမားက ၃၄ ဦးထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို UNESCO လို့ခေါ်တဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးက ကမကထပြု ဆောင်ရွက်ခဲ့တာဖြစ်ပြီး နှစ်စဉ် မေလ ၃ ရက်နေ့ကို ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလမှာ အတည်ပြု သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်ကို အစိုးရတွေက အသိအမှတ်ပြုပြီး လေးစားလိုက်နာဖို့၊ အစိုးရတွေအနေနဲ့ ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ ပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်စေဖို့အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို သတ်မှတ်ပေးခဲ့တာလို့ သိရပါတယ်။ အဲဒီလို သတ်မှတ်ရတာဟာ သတင်းလွတ်လပ်ခွင့်ရဲ့ အခြေခံစည်းမျဉ်း၊ စည်ကမ်းတွေကို အကဲဖြတ် တိုင်းတာနိုင်ဖို့၊ သတင်းလွတ်လပ်ခွင့်အတွက် ခုခံကာကွယ်သူတွေကို ဂုဏ်ပြုဖို့နဲ့ သူတို့ဘဝတွေကို အကာအကွယ်ပေးနိုင်ဖို့လည်း ဖြစ်တယ်။ ဒါ့အပြင် သတင်းမီဒီယာတွေအနေနဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ပရော်ဖက်ရှင်နယ် ပီသတဲ့ သတင်းသမားတွေအဖြစ် ရပ်တည်စေဖို့ ဖော်ညွှန်းတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကိုတော့ တောင်အမေရိကတိုက်က ဥရုဂွေးနိုင်ငံ၊ Punta Del Este မြို့မှာ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "ဒစ်ဂျစ်တယ်ခေတ်ရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သတင်းမီဒီယာလောက" ဖြစ်ပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ နှစ်ပတ်လည်အခမ်းအနားကို ကမ္ဘာတဝန်းက မူဝါဒချမှတ်သူတွေ၊ သတင်းသမားတွေ၊ သတင်းဌာနတွေက ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆိုက်ဘာလုံခြုံရေး စီမံခန့်ခွဲသူတွေ၊ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ တက်ရောက်ခဲ့ကြပြီး လွတ်လပ်စွာ ရေးသား၊ ထုတ်ဖော်ပြောဆိုခွင့်တွေအပေါ် ဒစ်ဂျစ်တယ်ရဲ့ အကျိုးသက်ရောက်မှု၊ သတင်းသမားတွေရဲ့ လုံခြုံရေး၊ သတင်းအချက်အလက် သိပိုင်ခွင့်၊ ရယူပိုင်ခွင့်တွေအကြောင်းနဲ့ ပုဂ္ဂိုရေးဆိုင်ရာ လွတ်လပ်ခွင့်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ဧရာဝတီ၊ ဘီဘီစီ၊ ဗွီအိုအေ စတဲ့ သတင်းဌာနတွေက ဒီကနေ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ၊ သတင်းသမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဖော်ပြ ထုတ်လွှင့်ကြတာ တွေ့ရပါတယ်။ ဗွီအိုအေရဲ့ အင်တာဗျူးမှာ မြန်မာပြည်တွင်းက သတင်းသမားတဦးရဲ့ တွေ့ကြုံခံစားနေရတဲ့ အခြေအနေကို CNI သတင်းဌာနရဲ့ အယ်ဒီတာ ကိုချစ်မင်းထွန်းက အခုလို ပြောသွားပါတယ်။

"အရင်ကဆိုရင် သတင်းသွားယူရင် ခန္ဓာကိုယ်လုံခြုံရေးကိုပဲ ဂရုစိုက်ရတယ်။ ခုကတော့ ခန္ဓာကိုယ်လုံခြုံရေးရော၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးရော အားနည်းလာတယ်။ ဥပမာ - ရန်ကုန်မှာဆိုပါတော့ သတင်းသွားယူမယ်ဆိုရင် အရင်က လွတ်လွတ်လပ်လပ် ကင်မရာကြီးထမ်းပြီး သွားလို့ရတယ်။ ဘာမှမဖြစ်ဘူး။ ခုက ကင်မရာမြင်ရင် ဘာလဲဆိုတာ ပြည်သူကလည်း ကြည့်တယ်။ လုံခြုံရေးတပ်ဖွဲ့ကလည်း ကြည့်တယ်။ ကြည့်တဲ့အခါကျတော့ ကျနော်တို့ကို သံသယဝင်ပြီး ပစ်ထည့်လိုက်မှာမျိုး ဒါမျိုးတွေ စိုးရိမ်ရတာရှိတယ်။ နောက်တခုက ကျနော်တို့ကို ဘယ်ဘက်ကလူလဲလို့ မမေးမမြန်းဘဲ တခါတည်း ဆွဲစိသွားမှာမျိုးကို တွေးနေကြရတယ်။ အရင်က ဒါမျိုးတွေ တွေးစရာမလိုဘူး။ ချက်ချင်း ဘယ်ချိန်၊ ဘယ်ကာလ၊ ဘယ်နေရာကိုပဲသွားသွား စိတ်ပိုင်းဆိုင်ရာ စဉ်းစားစရာမလိုဘူး။ ငါသွားတဲ့နေရာမှာ တခုခုမေးရင် ငါဖြေတတ်ရင် ဘာမှမဖြစ်ဘူး။ မဖြေတတ်ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးရပါတယ်။ သတင်းမီဒီယာသမားတွေ ကျဉ်ခံရတာတွေ ရှိတာကိုး။ ဒီကောင် ဘယ်ဘက်ကလဲ။ ဒီသတင်းဌာနက ဘယ်ဘက်ကလဲဆိုတာ သံသယဝင်မှာ စိုးရိမ်နေရတယ်။"

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက သတင်းသမားတွေဟာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ လုံခြုံမှုမရှိတော့ပါဘူး။ သတင်းရယူဖို့ ခက်ခဲတာ၊ ရရှိတဲ့သတင်းတွေကို အတည်ပြုဖို့ ခက်ခဲတာ၊ သတင်းရယူနိုင်တဲ့ အရင်းအမြစ်တွေ ရှားပါးလာတာ၊ သတင်းသမားတွေ လုံခြုံမှု မရှိတော့တာ၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုဖို့ ခက်ခဲပြီး အန္တရာယ်များလာတာတွေ ကြုံနေကြရတာပါ။ ဒီအခြေအနေတွေရဲ့ အကျိုးဆက်ကတော့ သတင်းအဆင့်အတန်းတွေ ကျဆင်းလာတာ၊ သတင်းတုတွေနဲ့ ဝါဒဖြန့်ချိမှုတွေ လွှမ်းမိုးလာပြီး သတင်းတွေကို ယုံကြည်ဖို့ ခက်လာတာ၊ ဘက်နဲ့ ရပ်တည်ရေးသား ဖော်ပြလာကြတာတွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံတွင်းမှာ ဒီလိုအခြေအနေတွေက လွန်မြောက်ဖို့ရာ မဖြစ်နိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲတွေ၊ မလုံခြုံမှုတွေ၊အန္တရာယ်တွေကြားကနေ စွန့်စားပြီး သတင်းမှန်တွေ ရရှိရေးအတွက် သတ္တိရှိရှိ ဆောင်ရွက်နေကြတဲ့ မီဒီယာတွေနဲ့ သတင်းသမားတွေကိုတော့ ဂုဏ်ပြုကြရမှာပါ။ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်နဲ့ သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့်၊ ရယူသုံးစွဲပိုင်ခွင့် ဆိုတာတွေဟာ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး ဒီမိုကရေစီကျင့်သုံးတဲ့ အစိုးရတွေထံကသာ ရရှိနိုင်မှာဖြစ်ပါတယ် ခင်ဗျား။

XS
SM
MD
LG