သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ခေါင်းဆောင် al-Kuwaiti သေဆုံး


IS ခေါင်းဆောင် al-Kuwaiti သေဆုံး
IS ခေါင်းဆောင် al-Kuwaiti သေဆုံး

IS စစ်သွေးကြွတွေရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ ဆီးရီးယား နိုင်ငံ Raqqa မှာ ဒီသီတင်းပါတ်ထဲ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတခု ကနေ အိုင်အက်စ်အဖွဲ့ အဓိက ခေါင်းဆောင် Abu Jandal al-Kuwaiti သေဆုံးသွားပြီဆိုတဲ့ သတင်းကို အမေရိကန်အရာရှိ တွေက မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒီခေါင်းဆောင်ဟာ တနင်္လာနေ့က Tabqa ရေကာတာအနီး လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ်လို့ ဖေါ်ပြထားပြီး သူဟာ အိုင်အက်စ် အဖွဲ့ရဲ့ စစ်ကော်မတီဝင်ဟောင်း တဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ SDF ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ကို အသေခံ ကားဗုံးခွဲတာတွေ၊ IED လက်လုပ်ဗုံးတွေ၊ ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့သူတဦး ဖြစ်ကြောင်းနဲ့ သူဟာ အိုင်အက်စ်အဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်သူ တဦးလည်း ဖြစ်တာမို့ အခုလို သူရဲ့ သေဆုံးမှုကနေ အိုင်အက်စ်တွေ Raqqa မြို့ကို ထိမ်းချုပ်ကာကွယ်နိုင်စွမ်း လျော့သွားမှာ ဖြစ်သလို အနောက်နိုင်ငံတွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်မှုတွေလည်း လျော့ပါးသွားမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ သူ့ကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး သူသေဆုံးကြောင်း အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူတွေရဲ့ လူမှုမီဒီယာကွန်ယက်တွေမှာ တွေ့ရကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်ရေး စောင့်ကြည့် အဖွဲ့ကြီးက အင်္ဂါနေ့က ပြောကြားခဲ့တာပါ။

IS ခေါင်းဆောင် al-Kuwaiti သေဆုံး
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG